အကျိုးစီးပွားများစွာဆောင်ကြဉ်းလာမည့် ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်း
မြန်မာနိုင်ငံ၏ ပထမဆုံးသော နိုင်ငံတကာအဆင့်မီ ရေနက် ဆိပ်ကမ်းဖြစ်သည့် ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းကို ဆောလျင်စွာ ပြန်လည်အကောင်အထည်ဖော်နိုင်ရေးအတွက် နောက်ဆက်တွဲစာချုပ်ကို သဘောတူလက်မှတ်ရေးထိုးလိုက်ပြီ ဖြစ်သည်။ ကျောက်ဖြူအထူးစီးပွားရေးဇုန်တွင် ရေနက်ဆိပ်ကမ်း စီမံကိန်း၊ စက်မှုဇုန်စီမံကိန်းနှင့် လူနေအိမ်ရာစီမံကိန်းဟူ၍ စီမံ ကိန်းသုံးရပ် ပေါင်းစပ်ပါဝင်လျက်ရှိရာ ရေနက်စီမံကိန်းကို ဦးစွာ အကောင်အထည်ဖော်ခြင်းဖြင့် ကျောက်ဖြူအထူးစီးပွားရေးဇုန်၏ အစိတ်အပိုင်းတစ်ရပ် စတင်ပေါ်ထွန်းလာနိုင်မည်ဖြစ်သည်။