အနာဂတ်အင်အား လူငယ်များ
ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) နိုင်ငံတော်အခြေခံမူများ တွင် “နိုင်ငံတော်သည် လူငယ်များ မျိုးချစ်စိတ်ဓာတ်ရှင်သန် ထက်မြက်ရေး၊ အတွေးအခေါ်မှန်ကန်ရေးနှင့် ဗလငါးတန် တိုးတက်ဖွံ့ဖြိုးရေးတို့အတွက် ဆောင်ရွက်ရမည်။” ဟူ၍ ပြဋ္ဌာန်းထားသည်။ ယနေ့ လူငယ်များသည် အနာဂတ်တွင် နိုင်ငံ့တာဝန်များကို ပခုံးပြောင်းထမ်းဆောင်ကြရမည့် အင်အားစုများဖြစ်သည့်အလျောက် လူငယ်များ ဖွံ့ဖြိုးတိုးတက် ရေး၊ စွမ်းရည်မြင့်မားရေးတို့အတွက် ပြုစုပျိုးထောင်မြေတောင် မြှောက်ပေးသွားရန် လွန်စွာအရေးကြီးသည်။