ကျန်းမာရေးနှင့် ညီညွတ်စွာနေထိုင်ခြင်းဖြင့် မကူးစက်နိုင်သောရောဂါများကို ကာကွယ်ပါ
မကူးစက်နိုင်သော ရောဂါများကြောင့် သေဆုံးရခြင်းသည် ကူးစက်ရောဂါများထက် ပိုမိုများပြားလျက်ရှိကြောင်း ကျန်းမာရေးပညာရှင်များက ထုတ်ဖော်ပြောကြားထားသည်။ မြန်မာနိုင်ငံတွင် ၂၀၁၄ ခုနှစ်က သေဆုံးသူ ၁၀၀ လျှင် ၄၅ ဦးခန့်သည် မကူးစက်နိုင်သော ရောဂါများကြောင့်ဖြစ်ပြီး ၂၀၁၇ ခုနှစ်သို့ ရောက်သောအခါ ၅၉ ရာခိုင်နှုန်း၊ ၂၀၁၉ ခုနှစ် သို့ ရောက်သောအခါ ၇၅ ရာခိုင်နှုန်းခန့်အထိ ရောက်ရှိလာ သည်ဟုလည်း ဆိုသည်။



