မြန်မာ့အလင်းအယ်ဒီတာအာဘော်

ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုတွင် အားသစ်အင်သစ်များ ပေါင်းစည်းပါဝင်

 

ကျန်းမာရေးဝန်ကြီးဌာန  ဆရာဝန်(သစ်လွင်)  ၅၈၁ ဦးတို့အား  နိုင်ငံ့ဝန်ထမ်း  ပြန်တမ်းဝင်အရာရှိများအဖြစ် ဇူလိုင်  ၃၁ ရက် တွင် အခမ်းအနားဖြင့် တာဝန်ပေးအပ်ကာ ဆေးကုသမှုအတွေ့ အကြုံများ  ပိုမိုလေ့လာဆည်းပူးနိုင်စေရန်နှင့်  ပြည်သူလူထု ဆေးကုသမှုလုပ်ငန်းများတွင်   ပိုမိုအထောက်အပံ့ဖြစ်စေရန် ဗဟိုအဆင့်ပြည်သူ့ဆေးရုံကြီးများ၊   တိုင်းဒေသကြီးများနှင့် ပြည်နယ်များရှိ ပြည်သူ့ဆေးရုံကြီးများတွင် တာဝန်ချထားပေး လိုက်ပြီဖြစ်သည်။

နိုင်ငံအေးချမ်းရေး၊ ပြည်သူ့ဘဝလုံခြုံရေး အကြမ်းဖက်အဖျက်များ ဝိုင်းဝန်းနှိမ်နင်း

 

ကယားပြည်နယ် လွိုင်ကော်မြို့ရှိ ရပ်ကွက်များအတွင်းသို့ ပြီးခဲ့ သည့်ဇူလိုင် ၂၉ ရက် ညပိုင်းတွင် အကြမ်းဖက်သောင်းကျန်းသူတို့ က လက်နက်ကြီးများဖြင့် အဝေးမှပစ်ခတ်ခဲ့ကြသဖြင့် အပြစ်မဲ့ ပြည်သူအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြသည်။ ပစ်ခတ်သူတို့မှာ KNDF/KNPP/PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများဖြစ် ပြီး လွိုင်ကော်မြို့၏ ရပ်ကွက်အစိတ်အပိုင်းအချို့တွင် အချိန် ကာလအခိုက်အတန့်မျှ ဝင်ရောက်ခိုအောင်းခဲ့ကြသူများလည်း ဖြစ်သည်။

အိုးမကွာ အိမ်မကွာ မိသားစုဝင်ငွေတိုးရေး

 

မြန်မာနိုင်ငံ၏ လူဦးရေ ၇၀ ရာခိုင်နှုန်းကျော်မှာ ကျေးလက်ဒေသ များတွင် နေထိုင်ကြခြင်းဖြစ်ရာ ကျေးလက်ဒေသများကို ဖွံ့ဖြိုး တိုးတက်အောင်ဆောင်ရွက်ခြင်းက        နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆောင်ရွက်ရာတွင်   အရေးပါသည်။ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ    ဆောင်ရွက်ရာတွင်     ဆင်းရဲနွမ်းပါးမှု လျှော့ချရေးအတွက် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးလုပ်ငန်း များနှင့် မိသားစုဝင်ငွေတိုးပွားရေး၊ စွမ်းဆောင်ရည်မြှင့်တင်ရေးတို့ ပါဝင်လျက်ရှိသည်။

ဒီရေတောများထိန်းသိမ်းရေးနှင့် ပြန်လည်ထူထောင်ရေးပညာပေးမြှင့်တင်

 

ဒီရေတောများသည် ကမ္ဘာ့ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်များတွင် အလွန်အရေးပါသည့်ကဏ္ဍမှ   ပါဝင်နေကြသည်။   မှန်လုံအိမ် ဓာတ်ငွေ့ဖြစ်သည့်ကာဗွန်ဒိုင်အောက်ဆိုဒ်ကို အခြားသစ်တော အမျိုးအစားများထက် ငါးဆမှ ဆယ်ဆခန့်အထိ ပိုမိုစုပ်ယူနိုင် စွမ်းရှိသည့် ဒီရေတောများသည် ကမ္ဘာကြီးပူနွေးလာမှုကို လျှော့ ချနိုင်ရေးတွင် လွန်စွာအရေးပါသည့်အလျောက် သဘာဝဒီရေ တောများ   ထိန်းသိမ်းရေးနှင့်    ပြန်လည်ထူထောင်ရေးတို့ကို အလေးထားဆောင်ရွက်ရန် လိုအပ်လျက်ရှိသည်။

အကြမ်းဖက်နှင့်ဒုစရိုက်

 

ဝင်ငွေရှာဖွေသည့် ဒုစရိုက်လုပ်ငန်းများအနက် မူးယစ်ဆေးဝါး ကုန်ကူးမှုနှင့် လက်နက်မှောင်ခိုမှုတို့ပြီးလျှင် လူကုန်ကူးမှုသည် တတိယမြောက် ဝင်ငွေအများဆုံး ဖြစ်သည်ဟု ဆိုသည်။ ကမ္ဘာ ပေါ်တွင်    လူကုန်ကူးမှုပြဿနာသည်   ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အဆိုးရွားဆုံးဟု ဆိုသော်လည်း အမေရိကန်ကဲ့သို့သော နိုင်ငံ၌ ပင်လျှင် လူကုန်ကူးမှု ပြဿနာမကင်း။ ကမ္ဘာတစ်လွှား ကြီးထွား လာနေသည့် လူကုန်ကူးမှု ဒုစရိုက်လုပ်ငန်းများအနက် အွန်လိုင်း ရာဇဝတ်ဂိုဏ်းများ၏  လူကုန်ကူးမှုမှာ  နိုင်ငံတကာမှ  လူငယ် လူရွယ်များ သတိပြုရှောင်ရှားကြရမည့် အန္တရာယ်တစ်ခုပင် ဖြစ်သည်။

မြန်မာ့အမွေအနှစ်၊ ကမ္ဘာ့အမွေအနှစ်

 

ပထမမြန်မာနိုင်ငံ၏    မြို့တော်ဖြစ်ခဲ့သည့်    ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေတစ်ခုလုံးကို ကုလသမဂ္ဂပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့က ၂၀၁၉ ခုနှစ်၊  ဇူလိုင်လ ၆ ရက်နေ့တွင် ကမ္ဘာ့အမွေအနှစ်နေရာအဖြစ် သတ်မှတ်ခဲ့သည်။ ဘုရားပုထိုး ဂူကျောင်း ၃၈၀၀ ကျော် တည်ရှိနေဆဲဖြစ်သည့် ပုဂံဒေသတစ်ခု လုံးသည် ၂၀၁၄ ခုနှစ်တွင် ဗိဿနိုး၊ ဟန်လင်း၊ သရေခေတ္တရာ ပျူမြို့ဟောင်းသုံးမြို့ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ခဲ့ပြီးနောက် မြန်မာနိုင်ငံ၏ ဒုတိယမြောက် ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ခဲ့ ခြင်းဖြစ်သည်။

အပူပိုင်းဒေသများ စိမ်းလန်းစိုပြည်ရေး ဒေသပြည်သူအားလုံး ပူးပေါင်းပါဝင်ပေး

 

ယခုနှစ်ပြီးခဲ့သည့်     နွေရာသီကာလအတွင်း    မိမိတို့နိုင်ငံတွင် အယ်နီညိုဖြစ်စဉ်နှင့်အတူ အပူလှိုင်းဖြတ်သန်းမှုကြောင့် နေ့အပူ ချိန်များ မြင့်မားခဲ့သည်။ မြန်မာနိုင်ငံအလယ်ပိုင်းရှိ ချောက်မြို့ တွင် ဧပြီလ ၂၈ ရက်က နေ့အပူချိန် ၄၈ ဒသမ ၂ ဒီဂရီဆဲလ်စီးယပ် အထိ ရှိခဲ့ပြီး ကမ္ဘာ့အပူချိန် အမြင့်မားဆုံးမြို့တစ်မြို့ ဖြစ်ခဲ့သည်။ မကွေး၊ မင်းဘူး၊ ‌ညောင်ဦး၊  စစ်ကိုင်းမြို့တို့သည်လည်း  ကမ္ဘာ့ အပူဆုံးမြို့ ၁၅ မြို့စာရင်းတွင် ပါဝင်ခဲ့သည်။

အန္တိမရည်မှန်းချက်သို့ မလွဲမသွေလျှောက်လှမ်း

ယာယီသမ္မတ ဦးမြင့်ဆွေ၏ ကျန်းမာရေးအခြေအနေအရ ဇူလိုင် ၂၂  ရက်တွင်  အမျိုးသားကာကွယ်ရေးနှင့်   လုံခြုံရေးကောင်စီ ဆိုင်ရာ ကိစ္စရပ်များအလို့ငှာ ယာယီသမ္မတ တာဝန်ဝတ္တရား များကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌထံသို့ လွှဲပြောင်း အပ်နှံလိုက်သည်။ လက်ရှိကာလတွင် မိမိတို့နိုင်ငံသည် သာမန် မဟုတ်သော အရေးပေါ်အခြေအနေကို ဖြတ်သန်းနေရချိန်ဖြစ်ပြီး အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေး ကျင်းပချိန်တွင် ယာယီသမ္မတသည် ကျန်းမာရေးကြောင့်ဖြစ်စေ၊ အခြားအကြောင်းအမျိုးမျိုးကြောင့်ဖြစ်စေ မတက်ရောက်နိုင်၊ လစ်လပ်ခဲ့ပါက အစည်းအဝေးကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဦးဆော

စွန့်ပစ်အမှိုက် စီမံခန့်ခွဲမှုအောင်မြင်ရေး ပညာပေးလုပ်ငန်းများ ပိုမိုမြှင့်တင်

အမှိုက်စွန့်ပစ်မှု လွန်စွာစည်းစနစ်ကျပြီး တစ်ရွာလုံးအံ့ဩဖွယ် ကောင်းလောက်အောင် သန့်ရှင်းသည့် ကျေးရွာကလေး တစ်ရွာ အကြောင်း  သတင်းတစ်ပုဒ်   မီဒီယာအချို့တွင်   လွန်ခဲ့သည့် နှစ်အနည်းငယ်က ဖော်ပြခဲ့သည်။ စာသင်ကျောင်းက သင်ကြား ပေးလိုက်သည့်   အမှိုက်စွန့်ပစ်မှု   အလေ့အကျင့်ကောင်းကို ကျောင်းသူ ကျောင်းသား ကလေးငယ်များက အသိတရားရှိရှိဖြင့်  လိုက်ပါကျင့်သုံးကြရာမှ လူကြီးမိဘများပါ ပါဝင်လာပြီး တစ်ရွာ လုံး အမှိုက်ကင်းစင်ရွာ ဖြစ်လာခဲ့ပုံမှာ အခြားမြို့ရွာများအားလုံး အတုယူဖွယ်ရာပင်ဖြစ်သည်။

Subscribe to မြန်မာ့အလင်းအယ်ဒီတာအာဘော်