မြန်မာ့အလင်းအယ်ဒီတာအာဘော်

လွတ်လပ်သည့် နိုင်ငံသူ နိုင်ငံသားအားလုံး၏ တာဝန်

 

ယနေ့သည် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင် ကြီးများ ကျဆုံးခဲ့သည့် (၇၇) နှစ်မြောက် အာဇာနည်နေ့ဖြစ်သည်။ ဗိုလ်ချုပ်တို့ ဦးဆောင်အရယူပေးခဲ့သည့် မြန်မာ့လွတ်လပ်ရေးမှာမူ စိန်ရတုလွန်မြောက်၍  ၇၆  နှစ်တာကာလသို့   ရောက်ရှိခဲ့ပြီ ဖြစ်သည်။

ဝါဆိုသင်္ကန်းနှင့် မိုးရေခံသင်္ကန်း

ဝါဆိုလသည် နွေရာသီကုန်ဆုံး၍ မိုးသို့ကူးပြောင်းသောလဖြစ်သည်။ ဝါဆိုဟူသော  ဝေါဟာရ၏အဓိပ္ပာယ်ကို  ဖွင့်ဆိုရာတွင်  ‘ဝါ’ ဟူသည် ‘နေခြင်း’ ဟု အနက်ရသော ပါဠိစကားလုံး ‘ဝါသ’ မှ ဆင်းသက်လာခြင်းဖြစ်ပြီး ‘ဆို’ ဟူသည် ‘ရွတ်ဆိုခြင်း’ ဟု အနက် ရခြင်းကြောင့် ဝါဆို၏အဓိပ္ပာယ်မှာ ‘နေထိုင်ခြင်း၊ ရွတ်ဆိုခြင်း’ ဖြစ်သည်ဟု ဖွင့်ဆိုသည်။ ဝိနည်းတော်အရ ရဟန်းတော်များသည် ဝါတွင်းသုံးလပတ်လုံး တစ်ပါးအရပ်သို့မသွားဘဲ တစ်ကျောင်း၊ တစ်နေရာ၌သာ သီတင်းသုံးပါမည်ဟု ရွတ်ဆိုအဓိဋ္ဌာန်ပြု ဝါကပ် ကြသည့်လဖြစ်ခြင်းကြောင့်  ဤလကို  ဝါဆိုလဟု  ခေါ်ဆိုခြင်း ဖြစ်သည်။

တိုင်းပြည်လူထုနှင့်ယှဉ်၍ ကိုယ်ထိလက်ရောက်ပါဝင်ကူညီ

အချုပ်အခြာအာဏာပိုင်   လွတ်လပ်သည့်   နိုင်ငံတစ်နိုင်ငံအဖို့ ကမ္ဘာ့အလယ်တွင် အခြားနိုင်ငံများနှင့်တန်းတူရည်တူ ရင်ပေါင် တန်းနိုင်ရန် အားရှိဖို့လိုသည်။ နိုင်ငံတစ်နိုင်ငံ၏ အားဆိုသည်မှာ နိုင်ငံရေး၊ စီးပွားရေးနှင့် ကာကွယ်ရေးအားများကို ပေါင်းစုထား ခြင်းပင်ဖြစ်ပြီး နိုင်ငံတိုင်းရှိ နိုင်ငံသားတိုင်းက မိမိတို့နိုင်ငံအင်အား ခိုင်မာတောင့်တင်းစေရန် စည်းစည်းလုံးလုံး၊ ညီညီညွတ်ညွတ် ကြိုးပမ်းဆောင်ရွက်ကြရခြင်းဖြစ်သည်။

ကြိုတင်ပြင်ဆင်မှုဖြင့်ကာကွယ် ရေဘေးအန္တရာယ်

မြန်မာနိုင်ငံ၏ အဓိကမြစ်ကြီးများဖြစ်သည့် ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်တို့၏ မြစ်ရေကြီးမှုအခြေအနေများကို မိုးလေဝသ နှင့် ဇလဗေဒဦးစီးဌာနက စဉ်ဆက်မပြတ်ထုတ်ပြန်ပေးလျက်ရှိ သည်။ မြစ်များအနီးတွင်တည်ရှိနေသည့် မြို့များအလိုက် စိုးရိမ် ရေမှတ်တည်ရှိမှုအခြေအနေနှင့် နောက်ရက်များအတွက် ခန့်မှန်း ချက်များ၊ သတိပြုနေထိုင်ရန် အကြံပြုချက်များကို ထုတ်ပြန်ပေး နေခြင်းဖြစ်ရာ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းတွင် နေထိုင်သူများ အထူးသတိပြုကြရန်လိုသည်။

နိုင်ငံသားအခွင့်အရေးနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ

ရှမ်းပြည်နယ်(မြောက်ပိုင်း) နယ်မြေဒေသများအတွင်း MNDAA၊  TNLA ၊ AA နှင့် ၎င်းတို့အား ပါဝင်ကူညီနေကြသည့် အကြမ်းဖက် အဖွဲ့အစည်းများ၏ အကြမ်းဖက်လုပ်ရပ်များအပေါ် နိုင်ငံရေး ပါတီ(၂၃) ပါတီတို့က ဆန့်ကျင်ရှုတ်ချကန့်ကွက်ကြောင်း ပူးတွဲ သဘောထားထုတ်ပြန်  ကြေညာလိုက်သည်။   အကြမ်းဖက် သောင်းကျန်းသူအဖွဲ့အစည်းများ၏ အကြမ်းဖက်လုပ်ရပ်များဟု ဆိုရာတွင် အပြစ်မဲ့ပြည်သူများကို သတ်ဖြတ်ခြင်း၊ စစ်ရေးပစ်မှတ် မဟုတ်သော လူနေရပ်ကွက်များကို အဝေးမှလက်နက်ကြီးများ ဖြင့် ပစ်ခတ်ခြင်း၊ ဒရော့ဗ်ဗုံးများ ကြဲချခြင်း၊  ၎င်းတို့  ထိန်းချုပ် ထားသည့် နယ်မြေအတွင်း နေထိုင်လျက်ရှိသည့် ၎င်းတို့နှင့် လူမျိုးမတူသူ တိုင်းရင်းသားမျိုးနွယ်စုများကို အဓမ

ထိခိုက်လွယ်သူ ဖေးမကူ အရေးပေါ်က စောင့်ရှောက်ကြ

ကမ္ဘာပေါ်တွင်   လူဦးရေသန်းပေါင်း   ငါးထောင်ပြည့်ခဲ့သည့် ၁၉၈၇ ခုနှစ် ဇူလိုင်လ ၁၁ရက်ကို ကမ္ဘာ့လူဦးရေနေ့အဖြစ် ကုလ သမဂ္ဂကသတ်မှတ်ကာ နှစ်စဉ်ဇူလိုင် ၁၁ ရက်တွင် အထိမ်းအမှတ် အခမ်းအနားများကို ကျင်းပခဲ့သည်။ နှစ်စဉ်ကမ္ဘာ့လူဦးရေနေ့ ကျင်းပရခြင်းမှာ ကမ္ဘာပေါ်တွင်အရေးတကြီး ဖြေရှင်းရမည့် လူဦးရေဆိုင်ရာ ပြဿနာများနှင့် လူသားအားလုံး ဘက်စုံဖွံ့ဖြိုး တိုးတက်မှုဆိုင်ရာ အစီအစဉ်များကို အာရုံစူးစိုက်မိကြစေရန် ရည်ရွယ်ခြင်းဖြစ်သည်။

အကြမ်းဖက်အဖျက်သောင်းကျန်းသူများကို ပြည်သူများက ပြင်းထန်စွာဆန့်ကျင်လျက်ရှိ

ရှမ်းပြည်နယ်(မြောက်ပိုင်း)ဒေသတိုက်ပွဲဖြစ်စဉ်များမှာ မြန်မာ ပြည်သူလူထုတစ်ရပ်လုံးက စိတ်ဝင်စားအာရုံစိုက်ကြသည့် အကြောင်းအရာတစ်ရပ်ဖြစ်သည်။ ပြီးခဲ့သည့်နှစ် အောက်တိုဘာ လ ၂၇ ရက်မှစကာ မြောက်ပိုင်းသုံးဖွဲ့ဟု မီဒီယာများက ခေါ်ဆို ကြသည့် MNDAA ၊ TNLA နှင့် AA တို့ပူးပေါင်းပြီး “၁၀၂၇ စစ်ဆင် ရေး”  ဟု ၎င်းတို့က အမည်ပေးထားသည့်တိုက်ခိုက်မှုများ ပြုလုပ် ၍ ရှမ်းပြည်နယ် (မြောက်ပိုင်း)မြို့အချို့ကို တိုက်ခိုက်ခဲ့ကြသည်။

သန့်လေးသန့်နှင့် ဝမ်းရောဂါ

 

လူတိုင်း ကျန်းမာရေးအသိပညာ မြင့်မြင့်မားမား ရှိနေကြပါမှ လူတိုင်း ကျန်းမာသည့်ဘဝရနိုင်ကြမည်။ ပြည်သူလူထုအတွင်း ကျန်းမာရေးအသိပညာများ ပြန့်ပွားနိုင်ရန်အတွက် သက်ဆိုင်ရာ တို့က နည်းလမ်းအသွယ်သွယ်ဖြင့် ဖြန့်ဝေပညာပေးမှုများ ပြုလုပ် စေကာမူ  အများစုမှာ  သတိမမူ၊   ဂရုမပြု၊    အလေးမထားဘဲ ကျော်လွှားသွားလေ့ရှိသည်။ လူတိုင်း ကျန်းမာရေးအသိပညာ မြင့်မားရန်၊ ကျန်းမာရေးဗဟုသုတပြည့်စုံရန် လိုအပ်ပြီး သို့မှသာ လျှင် ဖြစ်လာနိုင်သည့် ရောဂါအန္တရာယ်တို့ကို ကာကွယ်နိုင်မည်၊ ကျန်းမာရေးနှင့် ညီညွတ်စွာ နေထိုင်နိုင်မည်ဖြစ်သည်။

Subscribe to မြန်မာ့အလင်းအယ်ဒီတာအာဘော်