မြန်မာ့အလင်းအယ်ဒီတာအာဘော်

အကြမ်းဖက်သောင်းကျန်းသူတို့၏ လွန်စွာမိုက်မဲသည့်လုပ်ရပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)   လားရှိုးမြို့တွင်းသို့   အကြမ်းဖက် သောင်းကျန်းသူများက ဇူလိုင် ၃ ရက်မှစ၍ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကလေးများအပါအဝင် အပြစ်မဲ့ပြည်သူများ သေဆုံးဒဏ်ရာရမှုများ ဖြစ်ပေါ်ခဲ့သည်။ စစ်ရေးပစ်မှတ်မဟုတ်သော မြို့တွင်းလူနေရပ်ကွက်များကို ချိန်ရွယ်၍ အကြမ်းဖက်သောင်းကျန်း သူများ ပစ်ခတ်လိုက်သည့် ဒုံးကျည်များသည် ဘုန်းကြီးကျောင်းဝင်း နှင့် လူနေအိမ်များပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ခြင်းကြောင့် ပြည်သူ များ  သေကျေပျက်စီးမှု၊  ပြင်းပြင်းထန်ထန်  ထိခိုက်ဒဏ်ရာရရှိမှု အနိဋ္ဌာရုံမြင်ကွင်းများမှာ  ဝမ်းနည်းဖွယ်၊  စိတ်မချမ်းမြေ့ဖွယ်ပင် ဖြစ်သည်။

နိုင်ငံ၏ထက်ဝက်ကျော်အင်အား မြန်မာအမျိုးသမီးများ၏ စွမ်းဆောင်ရည်

၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းကို အခြေခံ၍ တွက်ချက်ထုတ်ပြန် သည့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့စာရင်းအရ မြန်မာနိုင်ငံတွင် လူဦးရေ ၅၆ ဒသမ ၂ သန်းရှိသည့်အနက် အမျိုးသားဦးရေ ၂၆ ဒသမ ၈ သန်းနှင့် အမျိုးသမီးဦးရေ ၂၉ ဒသမ ၄ သန်းရှိနေသည်။ အမျိုးသမီးဦးရေသည် ရာခိုင်နှုန်းအား ဖြင့် ၅၂ ရာခိုင်နှုန်းကျော်ဖြစ်ရာ နိုင်ငံ့လူဦးရေ၏ထက်ဝက်ကျော် အင်အားရှိနေခြင်းပင်ဖြစ်သည်။ မိမိတို့နိုင်ငံကို ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံ သည့် ပြည်ထောင်စုနိုင်ငံအဖြစ် တည်ဆောက်ရာတွင် နိုင်ငံ့လူဦးရေ ၏ ထက်ဝက်ကျော်ကို ကိုယ်စားပြုသည့် အမျိုးသမီးများသည် အရေးပါသည့် အင်အားစုကြီးဖြစ်သည်။ မြန်မာ့လူ့အဖွဲ့အစည်း သည် ရှေးအစဉ်အလာအားဖြင့်ပင်

ပိုမိုအရေးပါလာသည့် ဘန်ဒေါင်းမူကြီးငါးရပ်

ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်‌ရေးမူကြီး (၅) ရပ်သည် ၁၉၅၄  ခုနှစ်က တရုတ်ဝန်ကြီးချုပ် ချူအင်လိုင်း၏ အိန္ဒိယနှင့်မြန်မာ ခရီးစဉ်အတွင်း  စတင်ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်ရာ  ယခုနှစ်တွင် နှစ်ပေါင်း(၇၀)ပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။ ၁၉၅၄ ခုနှစ်၊ ဇွန်လ ၂၈ ရက်  နယူးဒေလီမြို့တွင်   အိန္ဒိယနှင့်တရုတ်နိုင်ငံတို့သည် လည်းကောင်း၊ ဇွန်လ ၂၉ ရက် ရန်ကုန်မြို့တွင် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့သည်လည်းကောင်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး မူကြီး (၅)ရပ်ကို လက်မှတ်ရေးထိုးခဲ့ကြခြင်း ဖြစ် သည်။ ၁၉၅၅ ခုနှစ် အင်ဒိုနီးရှားနိုင်ငံ ဘန်ဒေါင်းမြို့ ညီလာခံတွင် အဆိုပါ မူကြီး (၅) ရပ်ကို  အာရှ၊ အာဖရိကနိုင်ငံပေါင်း ၂၉ နိုင်ငံ

နိုင်ငံ့သားကောင်းများအား လေးစားစွာဂုဏ်ပြု

ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၁)       သင်တန်းဆင်းပွဲ အခမ်းအနားများကို ဇွန်လ ၂၇ ရက် နံနက်ပိုင်းက တိုင်းစစ်ဌာန ချုပ်များအလိုက် နယ်မြေခံသင်တန်းကျောင်းများတွင် ကျင်းပခဲ့ ပြီဖြစ်သည်။   သင်တန်းဆင်းခဲ့ကြသည့်   နိုင်ငံ့သားကောင်း စစ်သည်များမှာ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များ ကို ကိုယ်တိုင်ပါဝင်ထမ်းဆောင်နိုင်ရေးအတွက် မိမိသဘောဆန္ဒ အလျောက် စာရင်းပေးသွင်းပြီး သင်တန်းတက်ရောက်ခဲ့ကြသူ များဖြစ်သည်။

ပြည်ဖျက်ရန်အကြံ၊ တစ်ကျိတ်တည်းတစ်ဉာဏ်တည်း

သတင်းတု၊  သတင်းအမှား  လုပ်ကြံရေးသားဖြန့်ဝေမှုများကို အကြမ်းဖက်လက်နက်ကိုင်သောင်းကျန်းသူများနှင့် ပြည်ဖျက် မီဒီယာများ တစ်ကျိတ်တည်း  တစ်ဉာဏ်တည်း  ပူးပေါင်းကာ တစိုက်မတ်မတ်   ကျူးလွန်လျက်ရှိသည်။  ၎င်းတို့၏   အဓိက ရည်ရွယ်ချက်မှာ မြန်မာ့တပ်မတော်ကို ပြည်သူလူထုက အထင် အမြင်လွဲမှားရေး၊ မုန်းတီးရေး၊ နိုင်ငံတကာအလယ်တွင် သိက္ခာချ ရေးတို့ဖြစ်ပြီး  သတင်းအတု၊  သတင်းအမှားများကို   တစ်နေ့ တစ်မျိုး မရိုးရအောင် လုပ်ကြံဖြန့်ချိနေကြခြင်းဖြစ်သည်။

မူးယစ်အန္တရာယ်ကင်းစင်ရေး ဘက်စုံကြိုတင်ကာကွယ်ပေး

(၃၇) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ  မူးယစ်ဆေးဝါး အလွဲသုံး မှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားများကို ရန်ကုန်၊ မန္တလေး၊ တောင်ကြီးနှင့် တိုင်းဒေသ ကြီး၊ ပြည်နယ် ခြောက်ခုမှ မြို့နယ် ၂၄ မြို့နယ်တို့တွင် ကျင်းပခဲ့ ရာ တန်ဖိုးပမာဏ ကြီးမားများပြားလှစွာသော ဖမ်းဆီးရမိ မူးယစ် ဆေးဝါးများနှင့် ဓာတုပစ္စည်းများကို  ဖျက်ဆီးခဲ့သည်။  ဘိန်း၊ ဘိန်းဖြူ၊ စိတ်ကြွရူးသွပ်ဆေးပြား၊ အိုက်စ်၊ ဘိန်းစာမှုန့်၊ ဆေး ခြောက်၊ ကက်တမင်းနှင့် ဘိန်းညိုမှုန့် အပါအဝင် မူးယစ်ဆေးဝါး နှင့် ဓာတုပစ္စည်း ၇၇ မျိုး စုစုပေါင်းတန်ဖိုး မြန်မာငွေကျပ် ၁၁၆၃ ဘီလီယံကျော်၊ (အမေရိကန်ဒေါ်လာ ၃၄၉ ဒသမ ၄၄၃ သန်း) ကို ဖျက်ဆီးခ

သတိကြီးစွာထားကြရမည့် တိုင်းဖျက်ပြည်ဖျက်လုပ်ရပ်များ

ဝင်းနိမ္မိတာရုံဆရာတော်ကြီး ဘဝနတ်ထံပျံလွန်တော်မူခဲ့ရသည့် ဖြစ်စဉ်နှင့်စပ်လျဉ်း၍ နိုင်ငံအတွင်း နောက်ထပ်မတည်ငြိမ်မှုများ ဖြစ်ပေါ်လာရန်၊    ဆူပူလှုပ်ရှားမှုများ   ဖြစ်လာစေရန်ဟူသော အကြံဆိုးဖြင့် သွေးထိုးလှုံ့ဆော်မှုများကို အကြမ်းဖက်အဖွဲ့များနှင့် ပြည်ပလက်ဝေခံ ပြည်ဖျက်မီဒီယာများက အဆက်မပြတ်ပြုလုပ် နေကြသည်။  ပရိယတ္တိသာသနာတွင် တန်ဖိုးကြီးမားပြီး ထင်ရှား ကျော်ကြားသည့် ဆရာတော်ကြီးတစ်ပါး မမျှော်လင့်ဘဲ ဆုံးရှုံး သွားရခြင်းအတွက် နိုင်ငံတော်တွင် ဝမ်းနည်းကြေကွဲဖွယ် ဖြစ်ခဲ့ ရပြီဖြစ်ရာ ယင်းဖြစ်စဉ်ကိုအကြောင်းပြု၍ မသမာသူတို့က ဖန်တီးနေသည့် နိုင်ငံနှင့်ပြည်သူတို့ ပျက်စီးရာပျက်စီးကြောင်း ဖြစ်ရပ်များဆီသို့    လိုက်

သွေးလွန်တုပ်ကွေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အလေးထား

သွေးလွန်တုပ်ကွေးရောဂါသည် မြန်မာနိုင်ငံတွင် မိုးရာသီ ဇူလိုင် လနှင့် ဩဂုတ်လများတွင် ရောဂါကူးစက်မှုအများဆုံးဖြစ်သည် ကို တွေ့ရှိရသော်လည်း ယခုအခါ အချို့ပြည်နယ်၊ တိုင်းဒေသကြီး များတွင် တစ်နှစ်ပတ်လုံး ဖြစ်ပွားလာသည်ကို တွေ့ရှိရသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဆိုသည်။ ရောဂါကူးစက်မှုအများဆုံး သို့မရောက်မီ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ပြည်တွင်း ဒေသအသီးသီးတို့တွင် ဆောင်ရွက်လျက်ရှိရာ အများပြည်သူတို့ သွေးလွန်တုပ်ကွေးဆိုင်ရာ   အသိပညာများ    မြင့်မားရေးနှင့်  ရောဂါကာကွယ်ရေးဆိုင်ရာလုပ်ငန်းများတွင် တက်ကြွစွာပါဝင် ကြရေးတို့ အဓိကလိုအပ်သည်။

ကိုယ်တိုင်စောင့်ရှောက်ကြရမည့် မိမိတို့၏ကျန်းမာရေး

နယူးဇီလန်နိုင်ငံတွင် အရက်သောက်ခြင်းကြောင့် ဖြစ်ပေါ်လာ သော အိမ်တွင်းအကြမ်းဖက်မှုများ၊ ယာဉ်တိုက်မှု၊ တိမ်းမှောက်မှု များ၊    လူမှုရေးပြဿနာများ၊    ကုန်ထုတ်လုပ်မှုကျဆင်းမှုနှင့် လုပ်ငန်းခွင်ဝင်ရောက်ခြင်းမရှိဘဲ ပျက်ကွက်မှုများ၊ ရာဇဝတ်မှု များ   စသည့်ထိခိုက်ဆုံးရှုံးမှုများ   တန်ဖိုးများမှာ   စုစုပေါင်း အမေရိကန်ဒေါ်လာ သန်းပေါင်း ၅၆၀၀ ခန့် ရှိသည်ဟု နိုင်ငံတကာ သတင်းတွင် တွေ့ရသည်။ အိန္ဒိယနိုင်ငံတောင်ပိုင်း ပြည်နယ်တစ်ခု တွင်မူ  တရားမဝင်ချက်လုပ်ရောင်းချသည့်  အရက်ကိုဝယ်ယူ သောက်သုံးကြသူ လူ ၃၄ ဦး သေဆုံးပြီး ၁၀၀ ကျော် ဆေးရုံတင် လိုက်ရကြောင်း အခြားသတင်းတစ်ပုဒ်တွင် တွေ့ရသည်။

ဝါစိုက်ပျိုးမှုဧက တိုးမြှင့် သတ်မှတ်အထွက်နှုန်းရရန် ကြိုးပမ်း

စက်မှုသီးနှံတစ်ခုဖြစ်သည့် ဝါသည် မြန်မာနိုင်ငံအတွက် အရေးပါ သည့် သီးနှံများတွင်ပါဝင်ပြီး ဝါစိုက်ပျိုးရေးကို နှစ်အလိုက်တိုးမြှင့် သွားရန် ကြိုးပမ်းလျက်ရှိသည်။ ဝါသီးနှံစိုက်ပျိုးရေး စီမံကိန်းကာလ ကို ၂၀၂၂-၂၀၂၃ ခုနှစ်မှ ၂၀၂၅-၂၀၂၆ ခုနှစ်အထိ သတ်မှတ်ထားပြီး စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ပဲခူးတိုင်းဒေသကြီးများ၊ ရှမ်းပြည်နယ် နှင့် နေပြည်တော်ကောင်စီနယ်မြေတို့ကို စီမံကိန်းဒေသများအဖြစ် သတ်မှတ်ဆောင်ရွက်လျက်ရှိသည်။

Subscribe to မြန်မာ့အလင်းအယ်ဒီတာအာဘော်