ကဏ္ဍစုံ ဖွံ့ဖြိုးတိုးတက်ရေး ခရီးသွားလုပ်ငန်းဖြင့် ဖော်ဆောင်ပေး
ကိုဗစ်-၁၉ ကပ်ရောဂါ ကမ္ဘာတွင် ကူးစက်ပျံ့နှံ့လာသည့်အခါ ဦးစွာ အထိနာသည့် စီးပွားရေးလုပ်ငန်းတို့တွင် ခရီးသွားလုပ်ငန်းက ထိပ်ဆုံးမှ ပါဝင်သည်။ ကပ်ရောဂါ ကာလရှည်ကြာလာသည်နှင့်အမျှ ထိခိုက်ဆုံးရှုံးမှုတို့ များသထက် များလာပြီး ဆက်လက်ရပ်တည် ရှင်သန်နိုင်ရေး ခက်ခဲလာသည့်အခြေအနေသို့လည်း ရောက်ရှိလာကြ ကြောင်း သိရသည်။ ဟိုတယ်လုပ်ငန်းရှင်များ၊ ခရီးသွား ကုမ္ပဏီများ သာမက ယင်းလုပ်ငန်းနှင့် ဆက်စပ်နေသည့် ဒေသခံဧည့်လမ်းညွှန်များ၊ အမှတ်တရပစ္စည်းထုတ်လုပ်ရောင်းချသူများ၊ စားသောက်ဆိုင်များ၊ မြင်းလှည်း၊ စက်လှေ၊ ဆိုက်ကား ပိုင်ရှင်များနှင့် လုပ်သားများ၊ ခေါင်းရွက်ဗျပ်ထိုး ဈေးသည်များ စသည့် ခရီးသွားလုပ်ငန်းကို မှီခို လုပ