မြန်မာ့အချက်အချာ၊ ကမ္ဘာ့အမွေအနှစ်
ပုဂံသည် မြန်မာ့ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဒေသဖြစ်သကဲ့သို့ ကမ္ဘာ့အမွေအနှစ် (World Heritage) အဖြစ်လည်း သတ်မှတ်ခံထား ရသည့် ဒေသဖြစ်သည်။ ပုဂံထက်စော၍ ပျူမြို့ဟောင်းသုံးမြို့ဖြစ်သည့် ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာတို့ကို ၂၀၁၄ ခုနှစ်၊ ဇွန်လတွင် ယူနက်စကိုက ကမ္ဘာ့အမွေအနှစ်အဖြစ် အသိအမှတ်ပြုခဲ့ရာ မြန်မာ နိုင်ငံ၏ ပထမဆုံးသော ကမ္ဘာ့အမွေအနှစ်များပင်ဖြစ်သည်။