မြန်မာ့အလင်းအယ်ဒီတာအာဘော်

အထူးဂရုထား ရှောင်ရှားရမည့် ဒယ်လ်တာ

ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းရောဂါပိုးများ   ပေါ်လာပြီးနောက် ကမ္ဘာပေါ်တွင်  ကိုဗစ်-၁၉  ကူးစက်ပျံ့နှံ့မှု    အရှိန်အဟုန်ဖြင့် ပြန်လည်မြင့်တက်လာသည်။   မျိုးရိုးဗီဇပြောင်း   ကိုဗစ်-၁၉ ရောဂါပိုး လေးငါးမျိုး  ပေါ်ထွက်လာသည့်အနက် ဒယ်လ်တာဟု အမည်ပေးထား သည့်ပိုးက တစ်ကမ္ဘာလုံးတွင်  ဗိုလ်စွဲသည်ဟု  ဆိုရမည်ဖြစ်သည်။ ကမ္ဘာ့နိုင်ငံပေါင်း ၁၀၀ နီးနီးတွင်   ဒယ်လ်တာ ဗီဇပြောင်းရောဂါပိုးက ဝင်ရောက်ပျံ့နှံ့နေပြီဖြစ်သည်။

လူမှုစီးပွား ပိုမိုတိုးတက်ကောင်းမွန်ဖို့ ဝိုင်းဝန်းကြိုးပမ်း တည်ဆောက်စို့

ယနေ့သည် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ဖြစ်သည်။ ၁၉၂၃ ခုနှစ်မှစ၍ နှစ်စဉ်ကျင်းပလာခဲ့သည့် အပြည်ပြည်ဆိုင်ရာ သမဝါယမ နေ့သည် ယခုနှစ်တွင် ရာပြည့်အကြိုကာလသို့ ရောက်ရှိခဲ့ပြီဖြစ် သည်။ လူမှုစီးပွားဘဝများ တိုးတက်ကောင်းမွန်ရေးအတွက် ဆန္ဒ တူညီသူများ  အတူတကွ ပူးပေါင်းဆောင်ရွက်ကြသည့် သမဝါယမ အဖွဲ့အစည်းများသည်  “အများအကျိုးအတွက်  တစ်ဦးချင်းစီက၊ တစ်ဦးချင်းစီအကျိုးအတွက် အများက” အပြန်အလှန်အကျိုးပြုရေး ကို ဦးတည်ရည်ရွယ်ထားသည်။ ကိုဗစ်-၁၉ ကပ်ရောဂါ တစ်ကမ္ဘာလုံး  တွင် ကျရောက်နေသည့် ယခုနှစ် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့၏ ဆောင်ပုဒ်မှာ  " Rebuild Better Together" “လူမှုစီးပွားပိုမို တိုးတက်ကောင်းမွန်ဖို့၊ ဝိုင်းဝန်းကြိုးပမ်း တည်

မဖြစ်မနေ ရင်ဆိုင်ကျော်လွှားမည်

မျိုးရိုးဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ပျံ့နှံ့လာခြင်းနှင့်အတူ ဓာတ်ခွဲအတည်ပြုလူနာသစ်များ တွေ့ရှိမှုမှာလည်း တစ်နေ့ထက် တစ်နေ့    တိုးမြင့်လာလျက်ရှိသည်။    ကိုဗစ်-၁၉  ကပ်ရောဂါ တတိယလှိုင်း  ရိုက်ခတ်လာမှုအတွက်  ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကိုလည်း အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်လျက်ရှိသည်။ ရောဂါကူးစက်မှုနှုန်း  မြင့်မားသည့်  မြို့နယ်များကို  အိမ်တွင်သာ နေထိုင်မှုအစီအစဉ် (Stay at Home) သတ်မှတ်ပြီး ကာကွယ်ထိန်းချုပ် လျက်ရှိရာ ရောဂါကူးစက်ပြန့်ပွားမှု ပိုမိုများပြားလာသည်နှင့်အမျှ အသွားအလာ အကူးအသန်းတို့ကို ထပ်မံကန့်သတ်တားဆီးသွား ရမည်ဖြစ်သည်။

ကျင့်ဝတ်များနှင့် ညီစေလို

ယနေ့ခေတ်သည် သတင်းအချက်အလက်များ အလွန်လျင်မြန်စွာ စီးဆင်းနေသောခေတ်ဖြစ်သည်။ အိုင်တီနည်းပညာ၏ ကျေးဇူး ဖြင့် ကမ္ဘာ့ချောင်ကြိုချောင်ကြားမှ သတင်းများသည်ပင် အရုပ်၊ အသံ၊  စာသားများဖြင့်  စက္ကန့်ပိုင်းအတွင်း  ပျံ့နှံ့သွားနိုင်သော ခေတ်လည်းဖြစ်သည်။

 

မိတ်ဝတ်မပျက်ဆက်ဆံလျက် အပြည့်အဝပါဝင်ဆောင်ရွက်နေ

၁၉၉၀  ပြည့်နှစ်ဝန်းကျင်   ကမ္ဘာ့ဝါဒကြီးနှစ်ရပ်တို့၏    ပြိုင်ဆိုင်မှု ဖြစ်သော      စစ်အေးတိုက်ပွဲ       ပြီးဆုံးသွားပြီးနောက်တွင်   ကမ္ဘာ့နိုင်ငံအများအပြား   စီးပွားရေးအားကောင်းမောင်းသန်ရေး ကြိုးပမ်းမှုများနှင့်အတူ ဖွံ့ဖြိုးတိုးတက်မှုများလည်း  မကြုံစဖူးရရှိ ခဲ့ကြသည်။ အာရှ၊ အာဖရိက၊ တောင်အမေရိကတို့မှ နိုင်ငံများစွာတို့မှာ ကမ္ဘာလုံးဆိုင်ရာ စီးပွားဖွံ့ဖြိုးမှုဖြစ်စဉ်ကြီးထဲတွင် ပါဝင်နိုင်ခဲ့ကြသည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး သတိလည်းပေး၊ အသိလည်းပေး

 

ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ တွေ့ရှိမှု ရာခိုင်နှုန်း သိသိသာသာ မြင့်တက်လာနေပြီဖြစ်ရာ ကမ္ဘာ့ကပ်ရောဂါ မိမိတို့ထံ ကူးစက်မလာစေရေးအတွက် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရေး အထူး ဂရုပြုကြရန် တိုက်တွန်းနှိုးဆော်လိုသည်။ ဓာတ်ခွဲအတည်ပြုလူနာ များအတွင်း မျိုးရိုးဗီဇကွဲ ကိုဗစ်-၁၉ ရောဂါပိုးများ ကူးစက်ခံထား ရမှုများကိုပါ တွေ့ရှိခဲ့ရာ ယင်းတို့၏ ရောဂါပိုးကူးစက်နိုင်မှုနှင့် ထပ်မံ ကူးစက်ပျံ့နှံ့နိုင်မှု၊ ဆေးရုံတက်ရောက်နိုင်ခြေနှင့် သေဆုံးနိုင်ခြေတို့ မှာ ပိုမို၍ မြင့်မားပြင်းထန်ခြင်းကြောင့် ကြိုတင်ကာကွယ်မှုက ပို၍ အရေးပါလျက်ရှိသည်။

Subscribe to မြန်မာ့အလင်းအယ်ဒီတာအာဘော်