မြန်မာ့အလင်းအယ်ဒီတာအာဘော်

ပြည်သူသည်သာ ပဓာန

အစိုးရ၏ အုပ်ချုပ်ရေးယန္တရားကို ပျက်ပြားစေရန် ရည်ရွယ်သည့် အကြမ်းဖက်အဖျက်လုပ်ရပ်များ အချို့သော မြို့ကြီးများ၌ ခပ်စိတ် စိတ် ဖြစ်ပွားလာလျက်ရှိနေရာ လုံခြုံရေးတပ်ဖွဲ့ဝင်များကလည်း သတင်းလက်ဦးမှုရယူ၍     ဖော်ထုတ်ဖမ်းဆီးနိုင်ရေးအတွက် လိုအပ်သည့်    လုံခြုံရေးလုပ်ငန်းများကို   ကြပ်ကြပ်မတ်မတ် ဆောင်ရွက်လျက်ရှိသလို အကြမ်းဖက်အုပ်စုများနှင့်  ရင်ဆိုင်ပစ်ခတ် ရမှုများ၊ ထုနှင့်ထည်နှင့် ဖမ်းဆီးရမိမှုများ ရှိလာသည်။

ကျေးရွာထင်းစိုက်ခင်းများ စုပေါင်းထူထောင် စုပေါင်းထိန်းသိမ်း၊ စနစ်တကျသုံးစွဲ

မြန်မာနိုင်ငံတွင်    သစ်တောများပြုန်းတီးရခြင်း၏    အဓိက အကြောင်းရင်းများတွင် သစ်များ အလွန်အကျွံထုတ်ယူခြင်း၊ တရား မဝင်သစ်ခိုးခြင်း၊ စိုက်ပျိုးရေးလုပ်ငန်းများ  တိုးချဲ့လုပ်ကိုင်လာခြင်း၊ မြို့သစ်များတိုးချဲ့တည်ဆောက်လာခြင်း၊ ထင်း/  မီးသွေးလောင်စာ လိုအပ်ချက်မြင့်မားလာခြင်း   စသည်တို့ပါဝင်သည်။   မြန်မာနိုင်ငံ သစ်တောများ နှစ်စဉ်ပျက်စီးဆုံးရှုံးမှုမှာ ၁ ဒသမ ၇ ရာခိုင်နှုန်းရှိရာ သစ်တောများ   ပြုန်းတီးခြင်း၏  အကျိုးဆက်အဖြစ်   သဘာဝ ပတ်ဝန်းကျင်ပျက်စီးမှုနှင့်  ရာသီဥတုပြောင်းလဲမှုတို့ကို   ရင်ဆိုင် ကြုံတွေ့နေရသည်။

ငြိမ်းချမ်းခြင်းတို့ ပြည့်စုံသည့်အခါသမယ

နယုန်လပြည့်နေ့ကို မဟာသမယအခါတော်နေ့အဖြစ် ဗုဒ္ဓဘာသာဝင် တို့က အလေးအမြတ်ထားကြသည်။ ငါးရာသော ရဟန္တာမထေရ် မြတ်တို့နှင့်တကွ မြတ်စွာဘုရားကို ဖူးမြော်ကန်တော့ရန် လာရောက် ကြသော   နတ်အပေါင်းတို့၏  အစည်းအဝေး၌  ထိုသို့လာရောက် သော နတ်ဗြဟ္မာအပေါင်းတို့၏ အမည်ကို ဖော်ပြရာဖြစ်သော မဟာသမယသုတ္တန်တရားတော်ကို မြတ်စွာဘုရားသည် သက္ကတိုင်း ကပ္ပိလဝတ်ပြည်အနီး  မဟာဝုန်တောအရပ်၌  ဟောကြားတော်မူ ခဲ့သည်။ မဟာသမယဟူသည် ကြီးကျယ်မြင့်မြတ်သည့် အချိန်အခါ ဟု    အနက်အဓိပ္ပာယ်ရသည်။     ဗုဒ္ဓမြတ်စွာဘုရားရှင်နှင့်တကွ အရဟတ္တဖိုလ်သို့ ဆိုက်ရောက်တော်မူပြီးကုန်သော ရဟန္တာငါးရာ တို့၏ ထူးခြားကြည်ညိုဖွယ်ရာ သံဃာအစည်းအဝေးကို ဖူးမြင်ရန် လာရောက်ကြကုန

ဘူမိဖဿမုဒြာ ဗုဒ္ဓမြတ်စွာဘုရားကြီး တည်ထားကိုးကွယ်ရာတွင် ကုသိုလ်ပါဝင်

မြန်မာ့အလင်းအယ်ဒီတာအာဘော်

 

 

 

ဗဟူနံ ဝတ အတ္ထာယ၊ ဥပ္ပဇ္ဇန္တိ တထာဂတာ။

မြတ်စွာဘုရားတို့သည် တစ်ဦးကောင်း၊ တစ်စုကောင်းအတွက် ပွင့်ပေါ်လာကြကုန်သည်မဟုတ်။ များစွာသော သတ္တဝါတို့၏ အကျိုးစီးပွားအလို့ငှာ ပွင့်တော်မူကြကုန်လေသည်။

ရက်ပေါင်း ၅၀

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံတော်၏ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးကိစ္စအဝဝတို့ကို တာဝန်ယူဆောင်ရွက် ခဲ့သည်မှာ ရက်ပေါင်း ၅၀ ရှိလာပြီဖြစ်သည်။ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်က ကျင်းပခဲ့သည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ တွင် အခြေခံအသုံးပြုခဲ့သော မဲစာရင်းများ ကြီးမားစွာကွာခြားမှုရှိခဲ့ ခြင်းအပေါ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဖြေရှင်းရန် ငြင်းပယ်ခြင်း၊ အရေးယူဆောင်ရွက်မှု မပြုခြင်းနှင့် ယင်းပြဿနာ အပေါ် နိုင်ငံတော်အစိုးရ၊ ပြည်ထောင်စုလွှတ်တော်၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်တို့က နည်းလမ်းရှာဖြေရှင်းပေးရန် တပ်မတော်က တောင်းဆိုခဲ့သည်ကို ငြင်းပယ်ခဲ့ကြခြင်း၊ နောက်ဆ

မင်္ဂလာရှိသောသတင်းများ

မြန်မာ့အလင်းအယ်ဒီတာအာဘော် လမ်းမကြီးများပေါ်မှ အတားအဆီး၊ အပိတ်အဆို့များကို လူအင်အား၊ ယန္တရားအင်အားတို့ဖြင့် ဖယ်ရှားရှင်းလင်းလျက် ရှိသည့် သတင်းများက မင်္ဂလာသတင်းများဖြစ်သည်။ အနိဋ္ဌာရုံ တို့ကို ဖယ်ရှားရှင်းလင်းလိုက်သည်နှင့် ဣဋ္ဌာရုံတို့က ထင်ရှားစွာ ရောက်ရှိလာမည်ဖြစ်သည်။ ပြီးခဲ့သည့် ရက်သတ္တပတ်များအတွင်း က မြင်တွေ့ခဲ့ရသည့် စိတ်မချမ်းမြေ့ဖွယ် သတင်းမြင်ကွင်းတို့မှာ ပါးလျားလာခဲ့ပြီဖြစ်သလို ပုန်းကွယ်နေခဲ့သည့် အမှောင့်ပယောဂ များနှင့် နောက်ကွယ်မှ လက်သည်တို့မှာလည်း တစ်စထက်တစ်စ ပေါ်လွင်ထင်ရှားလာခဲ့ပြီဖြစ်သည်။ ဆူပူဆန္ဒပြသည့်အဆင့်မှသည် ရုန်းရင်းဆန်ခတ်ဖျက်ဆီးသည့်အဆင့်နှင့် ဆက်လက်၍ အုပ်

ပြည်တွင်းခရီးသွားများအတွက် ခရီးစဉ်များ ပြန်လည်ဖွင့်လှစ်

ကိုဗစ်-၁၉ ကပ်ရောဂါ မိမိတို့နိုင်ငံအတွင်း ကူးစက်ပျံ့နှံ့မှုနှုန်းမှာ အတိုင်းအတာတစ်ရပ်အထိ တည်ငြိမ်အောင် ထိန်းချုပ်ထားနိုင် နေပြီဟု ယုံကြည်ရသည်။ ရောဂါအတည်ပြုဓာတ်ခွဲစမ်းသပ်မှု များ ပြုလုပ်သည့်အရေအတွက်အားဖြင့် နည်းပါးနေသည်ဟု ဆိုနိုင်သော်လည်း ရောဂါရှာဖွေစစ်ဆေးမှုနှင့် တွေ့ရှိမှု အချိုး အစားအရ ရောဂါကူးစက်မှုလျော့ကျလာသည့် လက္ခဏာများဟု ဆိုနိုင်သည်။ ထို့အပြင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေး မှုများ ပိုမို၍လွှမ်းခြုံပေးလာနိုင်သည်နှင့်အမျှ ရောဂါကူးစက် ပျံ့နှံ့မှု ပို၍ပို၍ ကျဆင်းသွားမှာလည်းဖြစ်သည်။ ရောဂါကို ထိန်းချုပ်လာနိုင်သည်နှင့်အမျှ လပေါင်းများစွာကြာမြင့်အောင် ရပ်ဆိုင်းထားခဲ့ရသည့် ပညာရေး၊ စီးပွား
Subscribe to မြန်မာ့အလင်းအယ်ဒီတာအာဘော်