မြန်မာ့အလင်းအယ်ဒီတာအာဘော်

ရာသီဥတုပြောင်းလဲမှုနှင့်လျော်ညီစွာ

 

၂၁ ရာစုနှစ်ဦးပိုင်းမှစကာ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုများ က သိသိသာသာ ထင်ထင်ရှားရှားဖြစ်လာသည်။ ပုံမှန် မဟုတ်သည့် ရာသီဥတု၏အပြောင်းအလဲနှင့် အကျိုးဆက် များကို ကမ္ဘာ့နိုင်ငံအသီးသီးတို့ ခံစားကြရသည်။ ရာသီဥတု ပြောင်းလဲမှု၏ အကျိုးဆက်ကို ခံစားရသည်ဟု ဆိုရာတွင် ကောင်းကျိုးထက် ဆိုးကျိုးကို ပို၍ ခံစားနေကြရခြင်းဖြစ် သည်။ ယင်းသို့သော နိုင်ငံများတွင် မြန်မာနိုင်ငံလည်း ပါဝင်သည်။ 

မေတ္တာနှင့် စေတနာသက်သေ

အမိမြေပေါ်ပြန်လည်ခြေချလာနိုင်ခဲ့သည့် မြန်မာနိုင်ငံသား ၁၀၈၆ ဦးနှင့် ၎င်းတို့၏မိသားစုဝင်များ ပြန်လည်ဆုံစည်း ကြရသည့်သတင်းက  ကြည်နူးဝမ်းမြောက်စရာပင်ဖြစ် သည်။  သူတို့အားလုံးမှာ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း နိုင်ငံရပ်ခြားတွင် ပိတ်မိနေခဲ့ကာ ဒုက္ခမျိုးစုံ ကို ခံစားခဲ့ကြရသူများလည်း ဖြစ်သည်။ မိသားစုများ ဘဝ ရပ်တည်နိုင်ရေးအတွက် တစ်ပြည်ရပ်ခြားတွင် သွားရောက် အလုပ်လုပ်ကိုင်ခဲ့ကြရာမှ   ဒုက္ခကြုံတွေ့ခဲ့ရသူများတွင် မြန်မာပြည်ဖွား တိုင်းရင်းသားများ ပါဝင်နေသည်။ ၎င်းတို့ နေရပ်ပြန်နိုင်ရန်အတွက် မည်သူဖြစ်ကြောင်း သက်သေ လက်မှတ်(C of  I) ထုတ်ယူထားရှိသူများဖြစ်သည့်အပြင် ကိုဗစ်-၁၉ ရောဂါရှိ မရှိ ဆေးစစ်အောင်မ

စွန့်ပစ္စည်းကင်းစင် သန့်ရှင်းလှပသည့်ဝန်းကျင်

လွန်ခဲ့သည့်   ဆယ်စုနှစ်များအတွင်း  မြန်မာနိုင်ငံတွင် မြို့ပြများ ဖွံ့ဖြိုးလာခဲ့သလို စီးပွားရေးတိုးတက်မှုနှင့် စက်မှု ကုန်ထုတ်လုပ်ငန်းများလည်း   လျင်လျင်မြန်မြန် တိုးတက် ဖြစ်ထွန်းလာခဲ့သည်။ ယင်းတိုးတက်ဖြစ်ထွန်းမှုများနှင့် အတူ ဟန်ချက်ညီသော စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုမှာမူ ဖွံ့ဖြိုး မလာဘဲ စိန်ခေါ်မှုများအဖြစ်သာ ကြုံတွေ့လာကြရသည်။

ငွေကုန်ကြေးကျလည်းသက်သာ ကျန်းမာရေးနှင့်လည်းကိုက်ညီ

မြန်မာနိုင်ငံတွင် သေဆုံးသူ ၁၀၀ လျှင် ၅၉ ဦးသည် မကူးစက် နိုင်သောရောဂါများကြောင့်     သေဆုံးရခြင်းဖြစ်သည်ဟု ဆိုသည်။   မကူးစက်နိုင်သောရောဂါများ   ဖြစ်ပေါ်ရခြင်းမှာ   ကျန်းမာရေးနှင့်မညီညွတ်သော  အစားအစာများ စားသောက် ခြင်းနှင့် ကျန်းမာရေးနှင့်   မညီညွတ်သော လူမှုဘဝနေထိုင်မှု ပုံစံများတွင် နှစ်ရှည်လများ နေထိုင်ခြင်းတို့ကို အကြောင်း ရင်းခံသည်။ မကူးစက်နိုင်သော ရောဂါများအနက်  သွေးတိုး၊ နှလုံးသွေးကြောကျဉ်း၊ ကင်ဆာ၊ လေဖြတ် စသောရောဂါများ ပါဝင်ပြီး ၎င်းတို့မှာ မြန်မာနိုင်ငံတွင် အဖြစ်များသော ရောဂါ များလည်းဖြစ်သည်။

အထက်တန်းသို့ တက်လှမ်းနိုင်မည့်ဩဝါဒ

သက္ကရာဇ် ၁၀၃ ခုနှစ် တပို့တွဲလပြည်နေ့။ ထို‌နေ့သည် ဗုဒ္ဓဘုရားရှင်    ပွင့်တော်မူပြီးနောက်   ကိုးလတင်းတင်း ပြည့်သည့်နေ့ဖြစ်ပြီး ထိုနေ့တွင် မဇ္စျိမဒေသ၊ မဂဓတိုင်း ရာဇဂြိုဟ်မြို့ ဝေဠုဝန်ကျောင်းတော်ကြီး၌  ဗုဒ္ဓဘာသာ သမိုင်းတွင် ပထမဆုံးအကြိမ် သံဃသန္နိပါတ  သံဃာ့အစည်း အဝေးကြီးကို  ကျင်းပခဲ့သည်။ အဆိုပါ  အစည်းအဝေးကြီး သည် ဆီးနှင်း မြူတိမ် အသူရိန် မီးခိုး  အညစ်အကြေး ငါးမျိုးကင်းစင်ကာ သန့်ရှင်းကြည်လင်သည့် လပြည့်နေ့ ဖြစ်ခြင်း၊ ကိလေသာအညစ်အကြေးကင်းစင်သည့် ရဟန္တာ ကြီး ၁၂၅၀ တို့ မဖိတ်မကြားဘဲ စုဝေးမိခြင်း၊ အားလုံးသော ရဟန္တာကြီးများမှာ ဧဟိဘိက္ခုချည်းသာ ဖြစ်တော်မူခြင်း၊ အားလုံးသော ရဟန္တာကြီးများမှာ  အဘိဉာဏ် ခြောက

သန့်ရှင်းသည့် သောက်သုံးရေ ရရှိရေး

သန့်ရှင်းသည့်   သောက်သုံးရေဟူသည်   အနည်အမှုန် ကင်းစင်သော၊  ရောဂါပိုးမွှားကင်းစင်သော၊  အရောင် အဆင်းအနံ့အရသာ  ကင်းစင်သော၊   ဓာတ်သတ္တုများ ပါဝင်သင့်သည့်   ပမာဏထက်မပိုသော   ရေဖြစ်သည်။ ရောဂါပိုးပါသည့်ရေကို    သောက်သုံးမိပါက   ဝမ်းပျက် ဝမ်းလျှော၊ အူရောင်ငန်းဖျား၊ ကာလဝမ်း၊ အသည်းရောင် အသားဝါ၊   ပိုလီယိုကဲ့သို့သော   ဝမ်းနှင့်ပတ်သက်သည့် ရောဂါများ ဖြစ်ပွားနိုင်သည်။ သန့်ရှင်းသော သောက်သုံး ရေ မသုံးစွဲရသည့်အတွက် ကမ္ဘာပေါ်တွင် ၂၁ စက္ကန့်တိုင်း၌ ကလေးတစ်ဦးသေဆုံးနေပြီး     မြန်မာနိုင်ငံတွင်လည်း နှစ်စဉ်ကလေးငယ် ၄၀၀၀၀ ခန့်     အသက်ဆုံးရှုံးနေရာ သန့်ရှင်းသော‌   သောက်သုံးရေရရှိရေးမှာ   လွန်စွာ အရေးကြီးသည်။ 

မေတ္တာနှလုံး ကိုယ်စီသုံး

ရဟန်းတို့ စိတ်၏ကိလေသာမှ ထွက်ကြောင်းဖြစ်သော မေတ္တာကို မှီဝဲအပ်သည်ရှိသော်၊ ပွားစေအပ်သည်ရှိသော်၊ အကြိမ်များစွာ ပြုအပ်သည်ရှိသော်၊ စီးသောယာဉ်ကဲ့သို့ ပြုအပ်သည်ရှိသော်၊ တည်ရာကဲ့သို့ ပြုအပ်သည်ရှိသော်၊ မေတ္တာမှ မကွာစေအပ်သည် ရှိသော်၊ လေ့ကျက်အပ် သည် ရှိသော်၊ ကောင်းစွာ အားထုတ်အပ်သည်ရှိသော်၊ တစ်ဆယ့်တစ်ပါးကုန်သော အကျိုးဆက်တို့ကို အလိုရှိ အပ်ကုန်၏ဟူ၍ ဗုဒ္ဓမြတ်စွာဘုရားက ဟောကြားခဲ့ ကြောင်း အင်္ဂုတ္တရနိကာယ် ဧကာဒသနိပါတ်တွင် ဖော်ပြ ထားသည်။ မေတ္တာတရားကို ပွားများရခြင်း၏ အကျိုး ၁၁ ပါး တို့မှာ ချမ်းသာစွာအိပ်စက်ရခြင်း၊ ချမ်းသာစွာနိုးထရ ခြင်း၊ မကောင်းသောအိပ်မက်ကို မမြင်မက်ရခြင်း၊ လူတို့၏ ချစ်ခြင်းကိုခံယူရ

ချင့်ချိန်စဉ်းစား

“ ခလုတ်တစ်ချက်မနှိပ်ခင် စဉ်းစားပါ။ မမျှဝေခင် စဉ်းစားပါ။ COVID-19 နဲ့ပတ်သက်တဲ့သတင်းအချက်အလက်အမှားတွေ၊ မယုံကြည်မှုတွေ၊ ထိတ်လန့်မှုတွေစတဲ့ အကြောင်းအရာအများ ကြီးပျံ့နှံ့နေပါတယ်။” ဖော်ပြပါစာသားများမှာ COVID-19 ဆိုင်ရာ သတင်းအချက် အလက်များနှင့်စပ်လျဉ်း၍ အများပြည်သူကို ပညာပေးဆော်ဩ ထားသည့် ပိုစတာတစ်ခုမှဖြစ်သည်။ ထို့အပြင် “မှန်ကန်တဲ့ သတင်းအချက်အလက်တွေက လူတွေရဲ့အသက်ကို ကယ်ဆယ် နိုင်ပါတယ်။” “ကျွမ်းကျင်သူပညာရှင်အတုများကို သတိပြုပါ။ သတင်းအချက်အလက်တွေကို ကြိုးကိုင်ခြယ်လှယ်ဖို့ ကျွမ်းကျင် သူပညာရှင်အတုတွေကို မကြာခဏအသုံးချလေ့ရှိပါတယ်။” “လုပ်ကြံသတင်းလား သို့မဟုတ် သတင်းအမှားလား ခြားနားမှု ကို သိပါ” စသည့် ပိုစ

နိုင်ငံသားနှင့် နိုင်ငံရေး

လောက၏ကောင်းကျိုးကို ဆောင်ရွက်ခြင်း၊ မိမိအမျိုးအနွယ် လူမျိုး၏ အကျိုးကို ဆောင်ရွက်ခြင်း၊ မိမိကိုယ်ကို ပျိုးထောင် မြှင့်တင်ခြင်းတို့က လူဖြစ်ရခြင်း၏ အနက်အဓိပ္ပာယ်အနှစ်သာရ ဖြစ်သည်။ လောကတ္ထစရိယ၊ ဉာတတ္ထစရိယနှင့် ဗုဒ္ဓတ္ထစရိယဟူ၍ လည်း သိကြသည့် အထက်ပါ စရိယသုံးပါးတို့ကို ဗုဒ္ဓသည် လည်းကောင်း၊ တပည့်သား သံဃာတော်များသည်လည်းကောင်း ကိုယ်တိုင်ဖြည့်ကျင့်ခဲ့ကြသကဲ့သို့ လောကလူသားတို့ကိုလည်း လမ်းညွှန်ပြသတော်မူခဲ့ကြသည်။ လူသည် လူအဖြစ်ကို ရရှိလာကတည်းက မိမိကိုယ်တိုင် အတွက်သာမက မိမိဝန်းကျင်၊ မိမိနိုင်ငံ၊ မိမိလူမျိုးတို့အတွက်ပါ တာဝန်ရှိသည်။ သည့်ထက်ပို၍ဆိုရလျှင် လူ့လောကကြီး တစ်ခုလုံးအတွက်ပါ တာဝန်
Subscribe to မြန်မာ့အလင်းအယ်ဒီတာအာဘော်