ခေတ်အဆက်ဆက် မြန်မာ့နိုင်ငံခြားရေးမူဝါဒ
မြန်မာနိုင်ငံသည် လွတ်လပ်ရေးရပြီးနောက် ကမ္ဘာ့အသိုင်း အဝိုင်းအတွင်းသို့ စတင်ဝင်ရောက်ချိန်မှစ၍ ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒကို ချမှတ်ကျင့်သုံးခဲ့သည်။ နိုင်ငံများအနေဖြင့် မိမိတို့၏ အကျိုးစီးပွားကိုရှေးရှု၍ နိုင်ငံခြားရေးမူဝါဒများကို ချမှတ်ကြရာတွင် မိမိတစ်နိုင်ငံတည်း သီးခြားရပ်တည်မည်လော၊ နိုင်ငံအုပ်စုတစ်ခုခုတွင် ဝင်ရောက်ပူးပေါင်းမည်လော၊ ဘက် မလိုက်သည့်အုပ်စုတွင်း ဝင်မည်လော စသည်ဖြင့် မိမိနိုင်ငံ အခြေ အနေနှင့် ကိုက်ညီမည့် မူဝါဒတစ်ရပ်ရပ်ကို ရွေးချယ်ကြရသည်။