
ဒေါက်တာသန်းနိုင်စိုး (ကျန်းမာရေးအသိပညာမြှင့်တင်ရေး)
၂၀၂၁ ခုနှစ် ဩဂုတ် ၃၁ ရက် ည (၈:၀၀) နာရီ အချိန်တွင် ကျန်းမာရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ချက်အရ (၃၀-၈-၂၀၂၁)ရက်နေ့ ည (၈:၀၀) နာရီမှ (၃၁-၈-၂၀၂၁)ရက်နေ့ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၃၉၂၈၉)ခုအား စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၃၃၉၉ ဦး တွေ့ရှိရ၍ ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းအားဖြင့် ၈ ဒသမ ၆၅ ရာခိုင်နှုန်း တွေ့ရှိခဲ့ရကြောင်း သိရှိရပါသည်။ ထို့အတူ (၂၉-၈-၂၀၂၁)ရက်နေ့ ည (၈:၀၀)နာရီမှ (၃၀-၈-၂၀၂၁)ရက်နေ့ ည (၈:၀၀) နာရီအတွင်းတွင်လည်း ဓာတ်ခွဲနမူနာ စုစုပေါင်း ၄၂၄၉၇ ခုအား စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၃၅၈၃ ဦး ရောဂါပိုး တွေ့ရှိမှုရာခိုင်နှုန်း ၈ ဒသမ ၄၃ တွေ့ရှိရပါသည်။
ရောဂါဖြစ်ပွားမှု တတိယလှိုင်း ကာလ၏ အစဖြစ်သည့် မေလ ၂၇ ရက် နေ့တွင် စစ်ဆေးသူပေါင်း ၁၇၈၈ ဦး အနက် ပိုးတွေ့ရှိသူ ၉၆ ဦးကို အစုလိုက်၊ အပြုံလိုက် ဖြစ်ပွားမှုများအနေဖြင့် စတင်တွေ့ရှိခဲ့ရ၍ ပိုးတွေ့ရာခိုင်နှုန်း ၅ ဒသမ ၃၇ ရှိခဲ့ပါသည်။ တတိယလှိုင်း တွင် တွေ့ရှိရသည့် ရောဂါကူးစက်မှုနှုန်း အလွန်လျင်မြန်၍ ရောဂါပိုမိုပြင်းထန်စွာ ဖြစ်ပွားစေသည့် မျိုးရိုးဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါပိုးများကြောင့် ရောဂါ ပိုးတွေ့ရှိနှုန်းအနေဖြင့် ဇူလိုင်လ ၂၃ ရက် တွင် စစ်ဆေးသူပေါင်း ၁၀၄၈၇ ဦးတွင် ပိုးတွေ့သူပေါင်း ၅၅၀၆ ဦးရှိခဲ့ကာ ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်း ၄၀ ဒသမ ၈၂ ရာခိုင်နှုန်းအထိ အမြင့်ဆုံးရောက်ရှိ ခဲ့သည်ကို တွေ့ရပါသည်။
ရင်ဆိုင်ဖြတ်ကျော်နိုင်ရေး ဆောင်ရွက်
နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ၊ အိမ်စောင့်အစိုးရအဖွဲ့နှင့် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေး ဗဟိုကော်မတီတို့၏ မှန်ကန်ထိရောက်သော ဦးဆောင်မှု၊ လမ်းညွှန်မှုတို့ဖြင့် ကျန်းမာရေးဝန်ကြီး ဌာနသည် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု များအား မျက်ခြည်မပြတ် စောင့်ကြပ် ကြည့်ရှုကာ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်တုံ့ပြန်ရေး ကော်မတီအဆင့် ဆင့်၏ ပူးပေါင်းပါဝင် ပံ့ပိုးဆောင်ရွက်မှု၊ နှီးနွှယ်ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး နှင့် ပြည်နယ်အစိုးရအဖွဲ့များနှင့် ဒေသ အာဏာပိုင်အဖွဲ့အစည်းများ၊ စေတနာ့ ဝန်ထမ်းများ၊ အလှူရှင်များနှင့် မိဘ ပြည်သူများအားလုံး၏ ပူးပေါင်းပါဝင် ဆောင်ရွက်မှုဖြင့် ထိရောက်သော ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်း များကို တိုးမြှင့်ဆောင်ရွက်၍ ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းကို ရင်ဆိုင်ဖြတ် ကျော်နိုင်ရေး ဆောင်ရွက်လျက် ရှိပါ သည်။
ထိုသို့ အိမ်စောင့်အစိုးရအဖွဲ့နှင့် မိဘပြည်သူတို့အကြား ပူးပေါင်း ဆောင်ရွက်မှုများ အားကောင်းထိရောက် လာသည်နှင့်အတူ ကျန်းမာရေးဝန်ကြီး ဌာနမှ ဆောင်ရွက်လျက်ရှိသော ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းများလည်း ထိရောက် အောင်မြင်မှုများ ရရှိလာသည်ကို ပြည်သူ တို့အတွင်း ရောဂါဖြစ်ပွားကူးစက်မှုများ ကျဆင်းလာခြင်း၊ ရောဂါကြောင့် သေဆုံး ရမှုများ ကျဆင်းလာခြင်းနှင့် ရောဂါပိုး စစ်ဆေးမှုများတွင် ရောဂါပိုးတွေ့ရှိရ သည့် ရာခိုင်နှုန်းများ သိသာစွာကျဆင်း လာခြင်းနှင့်အတူ အလွန်ကူးစက်မြန် ပြင်းထန်ခဲ့သည့် ရောဂါတတိယလှိုင်းကို ကောင်းစွာ ကျော်လွန်ဖြတ်ကျော်နိုင်မည့် အလားအလာကောင်းများကို တွေ့မြင် နေရခြင်းပင်ဖြစ်ပါသည်။
အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်
အိမ်စောင့်အစိုးရအဖွဲ့နှင့် ကိုရိုနာ ဗိုင်းရပ်စ်ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးဗဟိုကော်မတီတို့၏ မှန်ကန် ထိရောက်သော ဦးဆောင်မှု၊ လမ်းညွှန်မှု တို့ဖြင့် ကျန်းမာရေးဝန်ကြီးဌာန၏ ဆောင်ရွက်ချက်များကို တင်ပြရပါလျှင် (၁) ပြည်ပနိုင်ငံများမှ ကိုဗစ်-၁၉ ရောဂါ နိုင်ငံအတွင်း ကူးစက်ဝင်ရောက်မှုမရှိ စေရေး ကြိုတင်ကာကွယ်ခြင်းနှင့် ဝင်ရောက်လာသူများအား အသွားအလာ ကန့်သတ်ထားရှိခြင်း၊ ဓာတ်ခွဲစစ်ဆေး ခြင်း၊ (၂) ရောဂါကူးစက်ခံရသူများအား စောစီးစွာရှာဖွေဖော်ထုတ်ခြင်းနှင့် လူထု အတွင်း သံသယလက္ခဏာရှိသူ လူနာ များအား ဖော်ထုတ်ခြင်း၊ (၃) ဓာတ်ခွဲ စစ်ဆေးမှုများ တိုးမြှင့်ဆောင်ရွက်ခြင်း နှင့် ပုဂ္ဂလိကဆေးရုံများ၊ ဓာတ်ခွဲခန်း များတွင် စစ်ဆေးခွင့်ပြုခြင်း၊ (၄) ရောဂါ သံသယလူနာ၊ အတည်ပြုလူနာတို့မှ တစ်ဆင့် အခြားသူများသို့ ဆက်လက် ကူးစက်မှု မရှိစေရေးအတွက် ရောဂါ ပြင်းထန်မှု အခြေအနေပေါ် မူတည်၍ ဆေးရုံများ၊ ကိုဗစ်ကုသရေး စင်တာများ တွင် သီးခြားထားရှိ ကုသမှုပေးခြင်း၊ (၅) ရောဂါ အတည်ပြုလူနာ၏ အနီးကပ် ထိတွေ့သူများအား အသွားအလာ ကန့်သတ်ထားရှိခြင်းနှင့် ဓာတ်ခွဲစစ်ဆေး ခြင်း၊ (၆) (၂၄-၈-၂၀၂၁)နေ့အထိ မိမိ အိမ်တွင် နေထိုင်ရမည့် အစီအစဉ်တွင် ပါဝင်သည့်မြို့နယ် (၁၁၉) မြို့နယ်အထိ သတ်မှတ်ထားရှိ၍ ၎င်းမြို့နယ်များမှ လာရောက်သူများအား အသွားအလာ ကန့်သတ်ထားရှိခြင်းနှင့် ဓာတ်ခွဲစစ်ဆေး ခြင်း၊ မိမိအိမ်တွင် နေထိုင်ရမည့် အစီ အစဉ်တွင် ပါဝင်ခြင်းမရှိသည့် မြို့နယ် များတွင်လည်း လိုက်နာဆောင်ရွက် ရမည့် ရောဂါကာကွယ်ထိန်းချုပ်ရေး ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများအား လိုက်နာရန် အသိပေးခြင်း၊ သတိပေး ခြင်း၊ လိုက်နာမှု အားနည်းပါက ပညာ ပေးခြင်း၊ အရေးယူခြင်း၊ (၇)ရောဂါခံစား နေရသော လူနာများအား ရောဂါဝေဒနာ အခြေအနေအပေါ်မူတည်၍ လိုအပ် သော ဆေးကုသမှုများပေးခြင်းနှင့် စနစ် တကျ လူနာသယ်ယူပို့ဆောင် လွှဲပြောင်း ပေးခြင်း၊ (၈) အောက်ဆီဂျင် လုံလောက် စွာရရှိရေး ရေတို၊ ရေရှည်လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ကုသရေးစင်တာများ နှင့် ပြည်သူ့ဆေးရုံများ၊ သီးသန့်ခွဲခြား ထားရှိရာ နေရာများတွင် တစ်ကိုယ်ရေ အကာအကွယ်ပစ္စည်းများ၊ ဆေးဝါးနှင့် ဆေးပစ္စည်းများ လုံလောက်စွာ ရရှိရေး ဆောင်ရွက်ခြင်း၊ (၉) ပြည်သူလူထုအား ကျန်းမာရေးအသိပညာပေးခြင်း၊ (၁၀) (၂၀၂၁) ခုနှစ်အတွင်း ဦးတည်အုပ်စု များ၏ (၅၀) ရာခိုင်နှုန်းအထက်အထိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးလွှမ်းခြုံ မှုရရှိစေရေး အရှိန်အဟုန်ဖြင့် ဆောင် ရွက်ခြင်း၊ (၁၁) အိမ်နီးချင်း နိုင်ငံများတွင် ရောဂါဖြစ်ပွားမှုအား စောင့်ကြပ်လေ့လာ ခြင်း၊ ဒေသတွင်း အာဆီယံနိုင်ငံများနှင့် သတင်းအချက်အလက် ဖလှယ်ခြင်း၊ (၁၂) ကိုဗစ်-၁၉ ရောဂါကြောင့် စီးပွားရေး ထိခိုက်မှုလျော့ပါးစေရေး ကျန်းမာရေး အရ စီမံဆောင်ရွက်ခြင်းတို့ကို အချိန် နှင့်တစ်ပြေးညီ ဆောင်ရွက်လျက် ရှိပါ သည်။
ရောဂါပိုးတွေ့ရှိနှုန်း ကျဆင်း
အိမ်စောင့်အစိုးရအဖွဲ့နှင့် ကိုရိုနာ ဗိုင်းရပ်စ်ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေး ဗဟိုကော်မတီတို့၏ သိသာ ထင်ရှားထိရောက်သော ဆောင်ရွက် ချက်တစ်ခုမှာ ၂၀၂၁ခုနှစ်၊ ဇူလိုင်လ (၁၇) ရက်နေ့မှစတင်၍ ၂၀၂၁ခုနှစ်၊ စက်တင် ဘာလ (၁၀) ရက်နေ့အထိ၊ ရုံးပိတ်ရက် နှင့် အလုပ်ပိတ်ရက်များ သတ်မှတ်ပေး ခြင်းနှင့် မိဘပြည်သူများကို တတ်နိုင် သရွေ့ မိမိအိမ်တွင်သာ နေထိုင်စေခြင်း လုပ်ငန်းများ ဖြစ်ပါသည်။ ကိုဗစ်-၁၉ ရောဂါ၏သဘောသဘာဝအရ လူတစ်ဦး နှင့်တစ်ဦး ထိတွေ့မှု နည်းပါးသည်နှင့် အတူ ရောဂါဆက်လက်ကူးစက်နိုင်သည့် အခွင့်အလမ်း နည်းပါးခြင်းဖြစ်သည့် အတွက် မိမိအိမ်တွင်သာနေထိုင်ခြင်း သည် ရောဂါကွင်းဆက်ကို ထိရောက်စွာ ဖြတ်တောက်နိုင်ခြင်း ဖြစ်ပါသည်၊ တစ်နည်းအားဖြင့် ရောဂါကူးစက်မှု ကွင်းဆက်၏ အဓိကရင်းမြစ်ကို ကိုင်တွယ်ဖြတ်တောက်ခြင်းပင် ဖြစ်ပါ သည်။ နိုင်ငံတော်အိမ်စောင့်အစိုးရ၏ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ဆောင်ရွက်မှုများအပေါ် မိဘပြည်သူ များ၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှုများ အားကောင်းလာသည်နှင့်အတူ ရောဂါ ဖြစ်ပွားမှုနှင့် ရောဂါပိုးတွေ့ရှိရနှုန်းများ ဆက်တိုက်ဆိုသလို ကျဆင်းလာခြင်း ကို တွေ့ရှိရပါသည်။
ရှေးဦးစွာရောဂါပိုးတွေ့ရှိမှုနှုန်းများ ကျဆင်းလာခြင်းအနေဖြင့် ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်သည့် အချက် အလက်များအရ ရုံးပိတ်ရက်ရှည် စတင် သည့် (၁၇-၇-၂၀၂၁) ရက်နေ့တွင် ရောဂါ ပိုးစစ်ဆေးသူ ၁၄၀၅၂ ဦးအနက် ပိုးတွေ့ ရှိသူ ၅၄၉၇ ဦး၊ ပိုးတွေ့ရာခိုင်နှုန်း ၃၉ ဒသမ ၁၂ ရှိခဲ့သည်ကို တွေ့ရကာ ရောဂါ ကြောင့် သေဆုံးသူ ၂၃၃ ဦး သေဆုံးမှု ရာခိုင်နှုန်း ၄ ဒသမ ၂၄ ရှိခဲ့သည်ကို တွေ့ရပါသည်။
သေဆုံးမှုကျဆင်းလာ
ဆက်လက်၍ ရုံးပိတ်ရက်စတင်၍ နှစ်ပတ်အကြာ (၃၁-၇-၂၀၂၁) ရက် နေ့တွင် ရောဂါပိုးစစ်ဆေးသူ ၁၃၇၉၉ ဦး အနက် ပိုးတွေ့ရှိသူ ၄၇၂၅ ဦး၊ ပိုးတွေ့ ရာခိုင်နှုန်း ၃၄ ဒသမ ၂၄ ရှိခဲ့သည်ကို တွေ့ရကာ ရောဂါကြောင့် သေဆုံးသူ ၃၉၂ ဦး သေဆုံးမှုရာခိုင်နှုန်း ၈ ဒသမ ၃ ရှိခဲ့သည် ကို တွေ့ရပါသည်။ ရုံးပိတ်ရက်စတင်၍ လေးပတ်အကြာ (၁၄-၈-၂၀၂၁) ရက်နေ့ တွင် ရောဂါပိုးစစ်ဆေးသူ ၁၃၀၃၄ ဦး အနက် ပိုးတွေ့ရှိသူ ၃၄၁၉ ဦး၊ ပိုးတွေ့ ရာခိုင်နှုန်း ၂၆ ဒသမ ၂၃ ရှိခဲ့သည်ကို တွေ့ရကာ ရောဂါကြောင့် သေဆုံးသူ ၁၉၉ ဦး သေဆုံးမှုရာခိုင်နှုန်း ၅ ဒသမ ၈၂ ရှိခဲ့သည်ကို တွေ့ရပါသည်။ ရုံးပိတ် ရက်စတင်၍ ခြောက်ပတ်အကြာ (၂၈-၈-၂၀၂၁) ရက်နေ့တွင် ရောဂါပိုးစစ်ဆေး သူ ၁၈၁၈၉ ဦးအနက် ပိုးတွေ့ ရှိသူ ၂၉၃၂ ဦး၊ ပိုးတွေ့ရာခိုင်နှုန်း ၁၆ ဒသမ ၁၂ ရှိခဲ့ သည်ကိုတွေ့ရကာ ရောဂါကြောင့် သေဆုံးသူ ၁၀၉ ဦး သေဆုံးမှု ရာခိုင်နှုန်း ၃ ဒသမ ၇၂ ရှိခဲ့သည်ကို တွေ့ရပါသည်။ ရုံးပိတ်ရက်စတင်၍ ၄၆ ရက် အကြာ (၁-၉-၂၀၂၁) ရက်နေ့တွင် ရောဂါပိုး စစ်ဆေးသူ ၃၉၄၆၁ ဦးအနက် ပိုးတွေ့ ရှိသူ ၃၃၅၈ ဦး၊ ပိုးတွေ့ရာခိုင်နှုန်း ၈ ဒသမ ၅၁ ရှိခဲ့သည်ကို တွေ့ရကာ ရောဂါကြောင့် သေဆုံးသူ ၁၀၁ ဦး သေဆုံးမှု ရာခိုင်နှုန်း ၃ ဒသမ ၀၁ ထိ ကျဆင်းလာသည်ကို တွေ့ရပါသည်။
ပိုးတွေ့ရှိမှုနှုန်းအနေဖြင့် တတိယ လှိုင်းတွင် အမြင့်ဆုံးဖြစ်ခဲ့သည့် အနေ အထား (၂၃-၇-၂၀၂၁) နေ့တွင် ရောဂါပိုး စစ်ဆေးသူ ၁၃၄၈၇ ဦးအနက် ပိုးတွေ့ရှိ သူ ၅၅၀၆ ဦး၊ ပိုးတွေ့ရာခိုင်နှုန်း ၄၀ ဒသမ ၈ ရာခိုင်နှုန်းမှ ၈ ဒသမ ၅ ရာခိုင် နှုန်းဝန်းကျင်သို့ ဆက်တိုက်ကျဆင်း လာသည့် အနေအထား ဖြစ်ပါသည်။ ထို့အပြင် သေဆုံးမှုနှုန်းမှာလည်း (၁-၈-၂၀၂၁) နေ့တွင် ပိုးတွေ့ရှိသူ ၃၄၈၀၊ ရောဂါကြောင့် သေဆုံးသူ ၃၉၇ ဦး၊ ရောဂါကြောင့် သေဆုံးမှုနှုန်း ၁၁ ဒသမ ၄၁ ရာခိုင်နှုန်းရှိခဲ့ရာမှ ယခုအခါ ရောဂါ ကြောင့် သေဆုံးမှုနှုန်း ၃ ဒသမ ၁ ရာခိုင် နှုန်းထိ ကျဆင်းလာခြင်း ဖြစ်ပါသည်။ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန် သည့် အချက်အလက်များအပြင် နှီးနွှယ် ဝန်ကြီးဌာနများမှ ရရှိသော အချက် အလက်များအရ တစ်နိုင်ငံလုံးတွင် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လနှင့် နှိုင်းယှဉ်လျှင် သြဂုတ် လအတွင်း ရောဂါဖြစ်ပွားမှုကြောင့် သေဆုံးမှုများအပါအဝင် သေဆုံးသူဦးရေ မှာလည်း အဆပေါင်းများစွာ သိသိ သာသာ လျော့ကျလျက်ရှိသည်ကို တွေ့ရှိ ရပါသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်များ အလိုက် ရုံးပိတ်ရက်ကာလအတွင်း ရောဂါဖြစ်ပွားမှုများကို ရုံးပိတ်ရက်ရှည် မတိုင်ခင် ရက်သတ္တပတ်အတွင်း ရောဂါ ဖြစ်ပွားမှု အရေအတွက်နှင့် နှိုင်းယှဉ် ကြည့်ရာတွင် ရန်ကုန်တိုင်းဒေသကြီးတွင် ပထမအပတ်အတွင်း ၂၂ ရာခိုင်နှုန်း ကျဆင်း၍ ဒုတိယအပတ်တွင် ၄၅ ရာခိုင် နှုန်း၊ တတိယအပတ်တွင် ၆၈ ရာခိုင်နှုန်း၊ စတုတ္ထအပတ်တွင် ၇၇ ရာခိုင်နှုန်း၊ ပဉ္စမ အပတ်တွင် ၈၇ ရာခိုင်နှုန်းအထိ ကျဆင်း လာခြင်းကို တွေ့ရပါသည်။
ရုံးပိတ်ရက်အတွင်း
ရောဂါဖြစ်ပွားမှု ကျဆင်း
အလားတူ စစ်ကိုင်းတိုင်းဒေသကြီး အနေဖြင့်လည်း ပထမအပတ်တွင် ၇ ရာခိုင်နှုန်း၊ ဒုတိယအပတ်တွင် ၂၆ ရာခိုင် နှုန်း၊ တတိယအပတ်တွင် ၅၈ ရာခိုင်နှုန်း၊ စတုတ္ထအပတ်တွင် ၅၇ ရာခိုင်နှုန်းနှင့် ပဉ္စမအပတ်တွင် ၇၂ ရာခိုင်နှုန်းအထိ ရောဂါဖြစ်ပွားသူဦးရေ ကျဆင်းလာသည် ကို တွေ့ရပါသည်။ ပဲခူးတိုင်းဒေသကြီး တွင် ရုံးပိတ်ရက်ကာလ ပဉ္စမအပတ်အထိ ၇၁ ရာခိုင်နှုန်းအထိ ကျဆင်းလာခြင်းကို တွေ့ရပါသည်။ ရုံးပိတ်ရက်အတွင်း ရောဂါဖြစ်ပွားမှု ကျဆင်းနေသော တိုင်း ဒေသကြီးနှင့် ပြည်နယ်များအနေဖြင့် ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ချင်းပြည် နယ်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေး တိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့ ဖြစ်သည်ကို အစဉ်လိုက် တွေ့မြင်ရပါ သည်။
တတိယလှိုင်းအမြန်ဆုံး ပြီးဆုံးမည်
အချို့တိုင်းဒေသကြီးနှင့် ပြည်နယ် များတွင်မူ ရုံးပိတ်ရက်ရှည် ကာလများ အတွင်း ဖြစ်ပွားမှုအနည်းငယ်တက်နေ သည်ကို တွေ့ရပါသည်။ ထိုတိုင်းဒေသ ကြီးနှင့် ပြည်နယ်များတွင် ရုံးပိတ်ရက် ရှည်ကာလအတွင်း ထုတ်ပြန်ထားသည့် လိုက်နာရမည့် စည်းကမ်းများကို လိုက်နာခြင်း၊ ပြည်သူများ၏ ပူးပေါင်း ဆောင်ရွက်ခြင်းနှင့် ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်၍ ရောဂါကွင်းဆက် ဖြတ်တောက်ခြင်းကို တိုးမြှင့် ဆောင်ရွက်နေကြောင်းကိုလည်း သိရှိရပါသည်။ ထိုသို့ဆောင်ရွက်ခြင်း အားဖြင့် အဆိုပါ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်လည်း ရောဂါဖြစ်ပွားမှု ကျဆင်းလာကာ တစ်နိုင်ငံလုံးတွင် ရောဂါဖြစ်ပွားမှု တတိယလှိုင်းအမြန်ဆုံး ပြီးဆုံးမည်ဖြစ်ပါသည်။
ဒေသတွင်း အချို့နိုင်ငံများနှင့် အာဆီယံနိုင်ငံအများစုတွင် ကူးစက်မြန် ၍ ပြင်းထန်သော မျိုးရိုးဗီဇပြောင်းပိုးများ ကြောင့် ဖြစ်ပွားသည့် ရောဂါဖြစ်ပွားမှု လှိုင်းများကို ကြိုးပမ်းထိန်းချုပ်နေရ သည့် အချိန်ကာလတွင် မိမိတို့နိုင်ငံ အနေဖြင့် အဆိုပါ မျိုးရိုးဗီဇပြောင်းပိုးများ ကြောင့် ဖြစ်ပွားသည့် ရောဂါတတိယ လှိုင်းကို အချိန်တိုအတွင်း ဆတိုးဖြစ်ပွား မှုများနှင့် သေဆုံးမှုများကို ထိရောက်စွာ ကာကွယ်ထိန်းချုပ်လာနိုင်သည့် အခြေ အနေတစ်ခုကို ရရှိလာခြင်းဖြစ်ပါသည်။
ဆက်လက်ပြီး ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်း အမြန်ဆုံး ပြီးဆုံးရေး အတွက် ကျန်းမာရေးဝန်ကြီးဌာနအနေ ဖြင့် နှီးနွှယ်ဌာနများနှင့် ပူးပေါင်းဆောင် ရွက်လျက်ရှိသော ရောဂါပိုးရှိသူ စစ်ဆေး ရှာဖွေခြင်း လုပ်ငန်းများအား အရှိန် အဟုန်မြှင့်တင်ဆောင်ရွက်၍ လက်ကျန် ရောဂါ ကွင်းဆက်ဖြတ်တောက်ခြင်း လုပ်ငန်းများကို မိဘပြည်သူများအနေ ဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးရန် လိုအပ်သည့်အချိန်ကာလ ဖြစ်ပါသည်။ မိဘပြည်သူများအနေဖြင့်လည်း ကိုဗစ်-၁၉ ရောဂါ သံသယလက္ခဏာ တစ်ခုခု ခံစားရခြင်း၊ ရောဂါရှိသူနှင့် ထိတွေ့မိခြင်း တို့ရှိပါက သက်ဆိုင်ရာ ကျန်းမာရေးဌာန နှင့် ဆက်သွယ်စစ်ဆေး၍ အခြားသူများ နှင့် ဆက်လက်ထိတွေ့မှု မရှိအောင် သီးသန့်ခွဲခြားနေထိုင်ရန် လိုအပ်ပါသည်။ သို့မှသာ ပြည်သူလူထုအတွင်းတွင် တိမ်မြုပ်နေသော ရောဂါပိုးရှိသူများ အား ဖော်ထုတ်၍ ရောဂါကွင်းဆက် လက်ကျန်များ အချိန်တိုအတွင်း ဖြတ် တောက်နိုင်မည် ဖြစ်ပါသည်။
ရောဂါဖြစ်ပွားမှု လှိုင်းများမရှိစေရေး
ဆောင်ရွက်နိုင်မည်
ယခုကဲ့သို့ အိမ်စောင့်အစိုးရအဖွဲ့၊ ကျန်းမာရေးဝန်ကြီးဌာန၊ နှီးနွှယ်ဝန်ကြီး ဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့များ၊ တာဝန်ရှိသူများ၊ စေတနာ့ဝန်ထမ်းများ၊ အလှူရှင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ မိဘပြည်သူ များ လက်တွဲပူးပေါင်း၍ တစ်ကိုယ်ရေ ကာကွယ်ရေးနည်းလမ်းများ လိုက်နာ ခြင်း၊ ကာကွယ်ဆေးထိုးနှံမှု စနစ်တကျ အကြိမ်ပြည့်ခံယူခြင်း စသည့်ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို ဆက်လက် ပူးပေါင်းဆောင်ရွက်ခြင်း အင်အားဖြင့် နောက်ထပ် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု လှိုင်းများ ပြင်းပြင်း ထန်ထန်ဖြစ်ပွားလာခြင်း မရှိစေရေး ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ ကိုဗစ်-၁၉ ရောဂါ တတိယ လှိုင်း အမြန်ပြီးဆုံးရေးနှင့် နောက်ထပ် ရောဂါ ဖြစ်ပွားမှုလှိုင်းများ ပြင်းပြင်း ထန်ထန် မဖြစ်ပွားစေရေးအတွက် အိမ်စောင့်အစိုးရအဖွဲ့နှင့် မိဘပြည်သူ များ ပူးပေါင်းလက်တွဲ၍ ဆက်လက် ဆောင်ရွက်ကြပါစို့ဟု တိုက်တွန်း နှိုးဆော်လိုက်ရပါသည်။
- Log in to post comments