ကိုဗစ်ကို ခုတုံးလုပ်လာနိုင်တဲ့ နိုင်ငံရေးအမြတ်ထုတ်မှုတွေကို သိမြင်ရှောင်ရှား

Type

မိမိနိုင်ငံ၊ မိမိလူမျိုး၊ မိမိပတ်ဝန်းကျင်အပေါ်မှာ ကျေးဇူးပြုဖို့ ကြိုးစား ရာမှာ မှန်ကန်တဲ့ရွေးချယ်မှုဖြစ်ဖို့ လိုအပ်ပါတယ်။ 

 


အမှန်၊ အရှိ  ဖြစ်တည်မှုမဟုတ်ဘဲ စိတ်ကူးယဉ်မျှော်လင့်မှုတွေနဲ့ တည်ဆောက်ထားတဲ့ စိတ်ကူးယဉ်နိုင်ငံရေးကို ယုံကြည်ပြီး အသိမှား၊ အမြင်မှားမဖြစ်ဖို့    လိုအပ်ပါတယ်။   အပြုနဲ့အဖျက်ကို  သိရှိကြရမှာ ဖြစ်ပါတယ်။   သို့အတွက်   မှန်ကန်တဲ့အသိဉာဏ်၊     ကောင်းမွန်တဲ့ ဆုံးဖြတ်ချက်တွေ  ရှိရမှာဖြစ်ပါတယ်။  အသိမှား၊ အမြင်မှားရှိနေရင် ဆုံးဖြတ်ချက်မှားနေမှာ ဖြစ်ပါတယ်။

 


ပြဿနာတစ်ခုကို ချဉ်းကပ်ရာမှာ အမှန်တရားကို ရှုမြင်တတ်ပြီး အသိပညာ၊ အတွေ့အကြုံ၊ လေ့လာဆင်ခြင်မှု စတာတွေပါ ပေါင်းစပ် သုံးသပ်မှသာ  ဖြေရှင်းနိုင်မယ့်အဖြေကို  ရရှိမှာဖြစ်ပါတယ်။ ဖြစ်ပေါ် လာတဲ့     ပြဿနာတွေကို    ဖြေရှင်းရာမှာလည်း မျှမျှတတ မှန်မှန် ကန်ကန်ရှိရမှာပါ။ ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲနဲ့ လိုရာဆွဲ ပုံမဖော်သင့်ပါ။ 

 


နိုင်ငံရေးအမြတ်ထုတ်နိုင်ဖို့ ကြိုးပမ်း

 


အခုလို     ကိုဗစ်−၁၉    ကြောင့်     ကိုယ့်နိုင်ငံတင်မဟုတ်ဘဲ    တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့    စိန်ခေါ်မှုတွေရှိနေချိန်မှာ    ပြည်သူ့ ကျန်းမာရေးသည်သာ အဓိကဖြစ်နေတဲ့အချိန်။ ဒီအချိန်မှာ ပြည်သူ တွေ ပိုခက်ခဲစေမယ့် အကြမ်းဖက်လုပ်ရပ်တွေ၊ နိုင်ငံရေးဆူပူမှုတွေနဲ့ အခွင့်ကောင်းမယူသင့်တဲ့အချိန်။ ကူးစက်မြန် ကိုဗစ်ကြောင့် မိဘ၊ ဆွေမျိုး၊ မိတ်ဆွေ စသည်ဖြင့် ဆုံးရှုံးမှုတွေရှိနေတာကြောင့် ပူပန်စိုးရိမ် မှုတွေရှိနေတဲ့ ပြည်သူတွေကြားမှာ  ကောလာဟလပေါင်းစုံ ဖြန့်ဝေပြီး မသမာသူတွေက  နိုင်ငံရေးအမြတ်ထုတ်နိုင်ဖို့ ကြိုးပမ်းနေကြဆဲ။ 
ပြည်သူတွေကြား ကောလာဟလ ဖြန့်ရသည်မှာလည်း လွယ်ကူ နေသည်က  အမြတ်ထုတ်လိုသူတွေအတွက်   အခွင့်အလမ်းတစ်ခု ဖြစ်နေပါတယ်။ ဒါကြောင့် လူမှုကွန်ရက်က မချိမဆန့်လော်နေတာ တွေကိုလည်း သတိပြုရမယ့်အချိန်ပါ။ ဖေ့စ်ဘွတ်ပေါ်ကနေ လော်နေ တဲ့ နိုင်ငံရေးသမားတစ်ဦး တင်ထားတဲ့ပို့စ်က မျက်လုံးပြူးစရာပါ။ ကိုဗစ်ကပ်ရောဂါဖြစ်နေတာမှန်ပေမယ့်      တော်လှန်ရေးလုပ်ကြဖို့ သူ့ရဲ့ပြောဆိုလှုံ့ဆော်မှုတွေဟာ      ကိုဗစ်ကို    လျှော့တွက်တာလား၊ ပြည်သူတွေကို  သူပြောတိုင်းလုပ်မယ်ထင်နေတာလား ဆိုတာတော့ သေချာမသိပါ။ ကိုဗစ်ကူးစက်မှု လျင်မြန်လွန်းလို့ မလိုအပ်ဘဲ အပြင် မထွက်ရမယ့်အချိန်မှာ နိုင်ငံရေးအတွက် ပြည်သူကိုအသုံးချဖို့ အမျိုး မျိုး စဉ်းစားနေတဲ့ နိုင်ငံရေးသမားတွေရဲ့အကြံက ကြောက်စရာပါ။ 

 


သတိထားရမှာဖြစ်

 


ဒါ့အပြင် နိုင်ငံရေးကို  ခုတုံးလုပ်ပြီး ပြည်တွင်း၊ ပြည်ပ အလှူငွေနဲ့ ထောက်ပံ့ကြေးတွေတောင်းနေတဲ့ ကိုယ်ကျိုးရှာ ဝိသမလောဘသမား တွေရဲ့    အဖျက်ပယောဂတွေကိုလည်း     သတိထားရမှာဖြစ်ပါတယ်။ အမှန်တော့    အခုအချိန်ဟာ   ကိုဗစ်ကြောင့်    ပြည်သူ့ကျန်းမာရေး အလေးပေးရမယ့်   အချိန်အခါဆိုရင်လည်း   မမှား။ ကျန်းမာရေးက အရေးအကြီးဆုံးဖြစ်နေပြီး ကျန်းမာရေးအသိ၊ သတိရှိရမယ့် အခြေအနေ ဖြစ်ပါတယ်။ သို့သော်လည်း  မသမာသူတွေက  ရှိနေဆဲမို့   ပျက်စီးရာ  ပျက်စီးကြောင်းတွေ ကြံနေကြဆဲ။ တစ်နေ့က     ရန်ကုန်တိုင်းဒေသကြီး  မြောက်ဥက္ကလာမြို့နယ်    မြောက်ဥက္ကလာ    အထွေထွေရောဂါကုနှင့် သင်ကြားရေးဆေးရုံက ကိုဗစ်လူနာတွေထားတဲ့ အထူးကြပ်မတ်ကုသ ဆောင်ကို   ပေးပို့ထားတဲ့   အောက်ဆီဂျင်ပိုက်လိုင်းနဲ့   ကာရံထားတဲ့ အုတ်ခုံကို မသမာသူတချို့က ထုရိုက်ဖျက်ဆီးခဲ့ပါတယ်။

 


ဒီလိုဖျက်ဆီးခဲ့တဲ့အတွက်    လူနာတွေအတွက်  အောက်ဆီဂျင် ပေးဝေမှု ၂၅ ရာခိုင်နှုန်းသာ ဆောင်ရွက်နိုင်ခဲ့ပါတယ်။ အပြစ်မဲ့ပြည်သူ တချို့ရဲ့အသက်ကို    ထိခိုက်စေခဲ့ပါတယ်။   ဖျက်ဆီးမှုတွေကြောင့် ပိုက်လိုင်းအသစ်ကို    အမြန်ဆုံးဆောင်ရွက်ပြီး  လူနာတွေ ထပ်မံ မဆုံးရှုံးအောင် ဆောင်ရွက်ခဲ့ရပါတယ်။ ကိုဗစ်ကြောင့် ထိခိုက်ဆုံးရှုံးမှု ရှိနေချိန်မှာ မသမာသူတွေရဲ့ လုပ်ရပ်တွေဟာ တစ်ပူပေါ် တစ်ပူဆင့် ဖြစ်နေစေပါတယ်။

 


ဒါတွေဟာ ဒီနေရာမှာပဲ ရပ်တန့်ပြီလားဆိုရင် မရပ်တန့်သေးပါ။ ပြည်ပက ကြိုးကိုင်လှုပ်ရှားမှုတွေနဲ့ ပြည်တွင်းက ဖျက်လိုဖျက်ဆီး လုပ်လိုသူတွေ ပူးပေါင်းကာ အဖျက်အမှောင့်လုပ်ရပ်တွေ ကျူးလွန်ဖို့ အတွက် စိုင်းပြင်းနေကြပါတယ်။ နိုင်ငံတကာနဲ့  အပေးအယူမျှတယ် ဆိုတဲ့   ဝါဒမှိုင်းကိုလည်း     ဖြန့်ကြပါတယ်။    တကယ်တော့   လက်ဆုပ် လက်ကိုင် ဘာမျှမရှိတဲ့ လေလှိုင်းပေါ်က အစိုးရအတွက် မျက်နှာသာ ပေးတဲ့ အပေးအယူ၊  အကူအညီတွေဟာ   တစ်ချိန်မှာ    ပြည်သူတွေကို ချည်လာနိုင်တဲ့ ကြိုးတွေမဖြစ်ဖို့ သတိပြုရမှာဖြစ်ပါတယ်။ 

 


ထောင်ဆူမယ်၊ သံပုံးတီးမယ်၊ အကြမ်းဖက်မယ်၊ မြို့သိမ်းတိုက်ပွဲ လုပ်မယ်၊ ပြည်တွင်းစစ် ဖြစ်စေရမယ်ဆိုတဲ့ အကြမ်းဖက်ဝါဒီတစ်စုရဲ့ အကြံတွေဟာ ပြည်သူ့အကျိုး တစ်ခုမျှ မပါ။ NUG ၊ CRPH အပါအဝင် အကြမ်းဖက်အဖွဲ့တွေနဲ့ ထောက်ခံတဲ့ မသမာသူတွေက အစိုးရကို ဦးတည်ပြီး ပြည်သူကို တိုက်ခိုက်နေဆဲပါ။ မဆိုသင့်စကား ဆိုပါရစေ။ အကယ်၍     မြို့သိမ်းတိုက်ပွဲအတွက်   မြို့သိမ်းမယ့်  အဖွဲ့တွေနဲ့ တပ်မတော်နဲ့ ထိပ်တိုက်တွေ့ကြပါပြီ ဆိုပါစို့။ မြို့ထဲက ပြည်သူက မြို့ထဲမှာ ဇာတ်ပွဲလို၊ အရပ်ပွဲလို အေးဆေးကြည့်နေလို့ ရလိမ့်မယ် မထင်။   အိုးပစ်အိမ်ပစ်   ပြေးကြရမှာပါ။  ပြည်သူအနေနဲ့ ထောက်ခံ ချင်စရာ အကြောင်းတစ်ခုမျှမရှိပါ။ 


ဆိတ်ကွယ်ရိုးထုံးစံမရှိ


အမှန်တရားက ဖိနပ်စီးနေချိန်မှာ အမှားက ကမ္ဘာတစ်ပတ် ပတ် ပြီးပြီဆိုသလို  အမှန်တရားအတွက် ရှင်းလင်းပြောဆိုပေမယ့် သတင်း အမှားတွေကတော့ ပြည်သူကြားမှာ ပလူပျံနေဆဲပါ။ လတ်တလော အင်းစိန်ထောင်ဖြစ်စဉ်က သာဓကပင်။  အင်းစိန်ထောင်နဲ့ ပတ်သက် ပြီး တစ်ဖက်က ကိုဗစ်ကို အကြောင်းပြပြီး  ထောင်ဆူအောင်လှုံ့ဆော် ဖန်တီးကြသလို    တစ်ဖက်က ထောင်တွင်းမှာ လူမျိုးတုံး သတ်ဖြတ် ခြင်းဖြစ်နေတယ်လို့ မဟုတ်မမှန် သတင်းလွှင့်ကြပါတယ်။ ဖြစ်စဉ်မှန် ကိုတော့ သက်ဆိုင်ရာတာဝန်ရှိသူတွေက ပြန်လည်ဖြေရှင်းပြီး ဖြစ်ပါ တယ်။ အမှန်တရားဆိုသည်မှာ ဆိတ်ကွယ်ရိုးထုံးစံမရှိပါ။ 

 


ဗုဒ္ဓဘာသာမှာဆိုရင် မြတ်စွာဘုရားက လက်ခံကျင့်သုံးအပ်သော အမှန်တရား ဓမ္မကို ဆယ်ချက်နဲ့ စိစစ်ဆုံးဖြတ်ဖို့ ဟောကြားဆုံးမထား ပါတယ်။ ရှေးစကားဖြစ်ရုံနဲ့ အယူဝါဒတစ်ခုကို လက်မခံပါနဲ့။ ဓလေ့ ထုံးစံဖြစ်ရုံနဲ့ အားလုံးကို အမှန်လို့ လက်မခံပါနဲ့။ လူအများပြောနေ ကြရုံနဲ့ မဆင်ခြင်ဘဲ အယူဝါဒကို လက်မခံပါနဲ့။

 

 ရှေးဟောင်းစာပေ ကျမ်းဂန်တွေမှာ  ပါတိုင်းလည်း  လက်မခံပါနဲ့။ ကိုယ်ဉာဏ်ရှိသမျှ တွေးခေါ်ကြံဆတဲ့ အယူဝါဒဆိုတိုင်း မှန်တယ်လို့ လက်မခံပါနဲ့။ အဲဒီ အယူဝါဒမှာ  ထောက်ပံ့အမှီပြုနိုင်တဲ့   နည်းလမ်းရှိတယ်ဆိုတိုင်း အလွယ်တကူလက်မခံပါနဲ့။     ကိုယ်တိုင်တွေးတောကြံစည်မိတိုင်း ဟုတ်တယ်ဆိုပြီး  လက်မခံပါနဲ့။    ဒီအယူဝါဒတွေဟာ     ကိုယ်တိုင် တွေးတောတာနဲ့တူတယ်ဆိုပြီး   လက်မခံပါနဲ့။    အများက ရိုသေ လေးစားသူ စကားမို့ဆိုကာလည်း လက်မခံပါနဲ့။ လေးစားချစ်ခင်တဲ့ ဆရာစကားမို့ ဆိုကာလည်း လက်မခံပါနဲ့လို့ ကာလာမသုတ္တန်မှာ မြတ်စွာဘုရားက ဟောကြားထားပါတယ်။

 


ဘယ်သို့ဘယ်ပုံ၊ အမျိုးမျိုးအဖုံဖုံ ထင်ရာမြင်ရာတွေကို ပြောဆို နေကြပေမယ့် အမှန်တရားကတော့ ရှိပြီးသားပါ။ အမှန်တရားကို ရှုမြင်တတ်ဖို့ပဲ လိုအပ်ပါတယ်။ အမှန်ဘက်လိုက်လို့ လူမုန်းများလည်း တစ်ခဏပါ။ လက်တွေ့မှာတော့ NUG ၊ CRPH အပါအဝင် အကြမ်းဖက် အဖွဲ့တွေရဲ့ သွားလမ်းဟာ ပြည်သူနဲ့  ဆန့်ကျင်ဘက်သို့ ဦးတည်နေပြီ ဖြစ်ပါတယ်။ တော်လှန်ရေးအမည်နဲ့ အကြမ်းဖက်လုပ်ရပ်တွေရဲ့ လားရာဟာ    ဆုံးရှုံးနစ်နာမှုတွေပဲ  ရနိုင်တယ်ဆိုတာကို သိမြင်ရမယ့် အချိန်ဖြစ်ပါတယ်။ ဒါကြောင့် ကပ်ရောဂါကာလမှာ   ကိုဗစ်ကို   ခုတုံး လုပ်ပြီး ပြုလုပ်လာနိုင်တဲ့    နိုင်ငံရေးအမြတ်ထုတ်မှုတွေကို   သိမြင် ရှောင်ရှားနိုင်ကြပါစေ။  နိုင်ငံအကျိုး၊     ပြည်သူအကျိုးအတွက် အေးချမ်းစွာ ချဉ်းကပ်အဖြေရှာခြင်းနဲ့သာ လျှောက်လှမ်းသွားစေလိုတာ ကို  ပြည်သူတစ်ဦးအနေနဲ့ ရေးသားတင်ပြလိုက်ပါတယ်။       ။

 

မိုးဟန်ဆွေဝင်း