
တင်ထက်ထက်ဇော်
============
နှစ်စဉ် ဒီဇင်ဘာလ ၁ ရက်နေ့ကို ကမ္ဘာ့ခုခံအား ကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ (World AIDS Day) အဖြစ် ကမ္ဘာ့နိုင်ငံအသီးသီးတွင် ကျင်းပခဲ့သည်မှာ ယခုဆိုလျှင် ၃၃ နှစ်ရှိပြီဖြစ်ပါ သည်။ ၂၀၂၁ ခုနှစ် ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့၏ ဆောင်ပုဒ်မှာ “End inequalities. End AIDS” ဖြစ်သည်။ ရောဂါကုသရန် နောက်ကျကျန်နေသူများအတွက် HIV ဝန်ဆောင်မှုမညီမျှမှုများကို အထူးအာရုံစိုက် ပေးကြရန် မီးမောင်းထိုးပြလိုသောရည်ရွယ်ချက်ဖြင့် ဤဆောင်ပုဒ်ကို သတ်မှတ်ထားခြင်းဖြစ်ပါ သည်။
HIV ပိုး
Human Immunodeficiency Virus ဟုခေါ်သော HIV သည် လူ့ခန္ဓာကိုယ်မှ ခုခံစွမ်းအား ကို ကျဆင်းစေသော ဗိုင်းရပ်စ်ရောဂါပိုးတစ်မျိုး ဖြစ်ပါသည်။ တစ်နည်းအားဖြင့်ဆိုသော် ကိုယ်ခံ အားစနစ်ကို တိုက်ဖျက်ပစ်သောရောဂါပိုးဟု ခေါ်သည်။ ၎င်းပိုးကူးစက်ခံရသောအခါ ခန္ဓာကိုယ် အတွင်းရှိ သွေးဖြူဥဆဲလ်များကို ဖျက်ဆီးပစ်လိုက် သည်။ HIV ပိုးကူးစက်ခံထားရသော်လည်း သာမန် လူတစ်ယောက်ကဲ့သို့ သွားလာလှုပ်ရှားနိုင်သဖြင့် မိမိကိုယ်ကို ကူးစက်ခံနေရသည်ကိုပင် မသိရှိနိုင် ကြပေ။ ထိုသွေးဖြူဥဆဲလ်များ ပျက်စီးသွားပါက ပြင်ပမှဝင်လာသောရောဂါပိုးများကို ခုခံနိုင်စွမ်းအား မရှိတော့ပေ။ ထိုသို့ ခုခံစွမ်းအား ဖျက်ဆီးခံရခြင်း ကို ခုခံအားကျဆင်းရောဂါ AIDS (Acquired Immune Deficiency Syndrome)ဟု ခေါ်ပါသည်။ တစ်နည်းဆိုသော် AIDS ဆိုသည်မှာ ခန္ဓာကိုယ် အတွင်းရှိ ခုခံအားစနစ်ပျက်စီးသွားခြင်းကြောင့် ကိုယ်တွင်းခုခံအားစနစ် ကျဆင်းလာသည့်ရောဂါ ဖြစ်ပါသည်။ ၎င်းရောဂါကြောင့် လွန်စွာအားနည်း နေသည့်အတွက် ပြင်ပမှကူးစက်နိုင်သည့် ရောဂါ မှန်သမျှကို ပြန်လှန်တွန်းကန်နိုင်စွမ်း (ဝါ) တားဆီးနိုင်စွမ်းမရှိတော့ဘဲ ရောဂါများ အစုလိုက် အပြုံလိုက် ဖြစ်ပွားလာစေသည်။
HIV နှင့် ကမ္ဘာ
လက်ရှိ ၂၀၂၁ ခုနှစ်တွင် ကမ္ဘာတစ်ဝန်း HIV ကူးစက်မှုနှုန်းသည် သုည ဒသမ ၈၃ စက္ကန့်တွင် လူဦးရေ ၃၃၉၀၀၀၀၀ နှုန်း ဖြစ်ပေါ်နေကြောင်းနှင့် လူဦးရေထက်ဝက်ကျော်ခန့်က HIV ပိုး ကူးစက် ခံနေရသည့်အခြေအနေကို မသိကြကြောင်း WHO ၏ ထုတ်ပြန်ချက်အရ သိရသည်။ ဥရောပသမဂ္ဂ နိုင်ငံများမှ HIV ဗိုင်းရပ်စ်ကူးစက်ခံနေရသူ ခုနစ်ဦး လျှင် တစ်ဦးနှုန်းသည် ၎င်းတွင် HIV ဗိုင်းရပ်စ် ကူးစက်ခံနေရခြင်းကို မသိရှိကြကြောင်းနှင့် ယင်း အခြေအနေသည် ၂၀၃၀ ပြည့်နှစ်၌ AIDS ရောဂါကို အမြစ်ပြတ်ချေမှုန်း တိုက်ဖျက်ရေးရည်မှန်းချက် အတွက် စိုးရိမ်ဖွယ်ရာအဟန့်အတားဖြစ်နေ ကြောင်း ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူများက ဖော်ပြထားသည်။ ထို့ပြင် ဥရောပကာကွယ်ရေးနှင့် ထိန်းချုပ်ရေးဌာန(ECDC)၏ ယမန်နှစ် အစီရင်ခံစာ အရ ဥရောပသမဂ္ဂအဖွဲ့ဝင် ၂၈ နိုင်ငံနှင့် နော်ဝေ၊ အိုက်စလန်နှင့် လီချက်စတိန်းတို့တွင် နေထိုင်သည့် လူဦးရေ ၈၁၀၀၀၀ ခန့်တွင် HIV ဗိုင်းရပ်စ် ကူးစက်ခံ နေရပြီး ၎င်းတို့အနက် ၁၂၂၀၀၀ ခန့်သည် အဆိုပါ ဗိုင်းရပ်စ်ကူးစက်ခံနေရသည်ကို မသိရှိကြကြောင်း ဆိုထားသည်။
ဥရောပသမဂ္ဂနိုင်ငံများအတွင်း HIV ကူးစက် မှု၏ အဓိကအကြောင်းရင်းသည် အမျိုးသား အချင်းချင်း လိင်တူဆက်ဆံခြင်းကြောင့်ဖြစ်ပြီး HIV ကူးစက်မှုအားလုံး၏ ၄၂ ရာခိုင်နှုန်းရှိကြောင်း သိရသည်။ အမျိုးသမီးနှင့် အမျိုးသား လိင်ဆက်ဆံ ခြင်းမှ HIV ပိုးကူးစက်မှုသည် ကူးစက်မှုအားလုံး၏ သုံးပုံတစ်ပုံအောက်သာရှိပြီး မူးယစ်ဆေးထိုးခြင်း ကြောင့် HIV ပိုးကူးစက်မှုမှာ လေးရာခိုင်နှုန်းသာ ရှိကြောင်း ECDC ၏ အစီရင်ခံစာတွင် ဖော်ပြထား သည်။ လေ့လာမှုစစ်တမ်းများအရ အမေရိကန်နိုင်ငံ တွင် လစဉ် လူငယ် ၁၀၀၀ ကို HIV ရောဂါပိုး ကူးစက်ခံ နေရကြောင်း၊ ထိုရောဂါပိုးကူးစက်ခံရသော အသက် (၁၃) နှစ်မှ (၂၄) နှစ်အတွင်း လူငယ်အရေအတွက်မှာ ယင်းရောဂါပိုးကူးစက်ခံရသူ စုစုပေါင်းပမာဏ၏ ၂၆ ရာခိုင်နှုန်းရှိကြောင်း အမေရိကန်နိုင်ငံ AIDS ရောဂါ တားဆီးကာကွယ်ရေးမှ ထုတ်ပြန်ထားသည်။
HIV နှင့် မြန်မာပြည်
မြန်မာနိုင်ငံတွင် ၂၀၁၃ ခုနှစ်အတွင်း ကောက်ယူ ရရှိသောစစ်တမ်းများအရ ကျန်းမာရေးအသိပညာ အားနည်းမှုကြောင့် HIV ရောဂါပိုးကူးစက်မှုနှုန်းသည် တစ်နေ့လျှင် အနည်းဆုံး ၂၃ ဦးခန့် ကူးစက်ခံနေရပြီ ဖြစ်ကြောင်း Myanmar Positive Group(MPG)၏ ထုတ်ပြန်ကြေညာချက်အရ သိရှိခဲ့ရသည်။ UNAID ၂၀၁၈ ခုနှစ် မှတ်တမ်းအရ မြန်မာနိုင်ငံ၏ ဖြစ်ပွားနှုန်း Adult HIV Prevalence (အသက် ၁၅ – ၄၉နှစ်အထိ) သည် သုည ဒသမ ၇ ရာခိုင်နှုန်းဖြစ်သည် (Asia Pacific Region တွင် သုည ဒသမ ၂ ရာခိုင်နှုန်း တွေ့ရသည်)။ မြန်မာနိုင်ငံတွင် မူးယစ်စိတ်ကြွဆေး ထိုးကြသူများ၏ ၁၉ ရာခိုင်နှုန်း၊ အမျိုးသားအချင်းချင်း လိင်ဆက်ဆံသူများ၏ ၆ ဒသမ ၄ ရာခိုင်နှုန်း၊ အကျဉ်းကျနေသောသူတို့၏ ၇ ဒသမ ၇ ရာခိုင်နှုန်းနှင့် အမျိုးသမီးပြည့်တန်ဆာများ၏ ၅ ဒသမ ၆ ရာခိုင် နှုန်းတွင် HIV ပိုးတွေ့ရှိကြောင်း ပညာရှင်များ၏ စစ်တမ်းများအရ လေ့လာသိရပါသည်။
HIV ပိုးရှိသူမိခင်နှင့် ကလေး
မိခင်မှ သန္ဓေသားသို့ HIV ကူးစက်မှုကာကွယ်ရေး လုပ်ငန်းများနှင့် ဆေးကုသမှုလုပ်ငန်းများကို မြန်မာ နိုင်ငံတွင် ၂၀၀၀ ပြည့်နှစ်ကတည်းက ဦးစားပေး လုပ်ငန်းတစ်ရပ်အဖြစ် ဆောင်ရွက်ခဲ့ပြီး ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ လမ်းညွှန်မှုများဖြင့် ဆောင်ရွက် လျက်ရှိသည်။ HIV ပိုးကူးစက်ခံထားရသော မိခင်မှ မွေးဖွားလာသည့်ကလေးငယ်များအနေဖြင့် အသက် နှစ်လတာကာလအတွင်း HIV ပိုးသွေးစစ်မှု ခံယူရန်နှင့် ART ဆေးဝါးများကို ဆောလျင်စွာရရှိ အောင် စနစ်တကျဖြင့် ချိတ်ဆက်ဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်သွားရန်လိုအပ်ကြောင်း အမျိုး သားခုခံကျ၊ ကာလသားရောဂါတိုက်ဖျက်ရေး စီမံ ချက်မှ ဆောင်ရွက်နေကြောင်း လေ့လာသိရှိရပါသည်။
ကိုယ်ဝန်ဆောင်မိခင်များတွင် ကျေးလက်၌ နေထိုင်ခြင်း၊ အတန်းပညာနိမ့်ခြင်း၊ ကိုယ်ပိုင်ဝင်ငွေ မရှိဘဲ မှီခိုနေရခြင်း စသည့် အခြေအနေရှိသူများမှာ ကိုယ်ဝန်ဆောင်ကာလအတွင်း ဆေးဝါးကုသမှုများ အပေါ် လိုက်နာမှုအားနည်းစေသည့် လူမှုစီးပွားရေး အချက်များလည်းဖြစ်သလို ကိုယ်ဝန်စောင့်ရှောက်မှု ခံယူရန် နောက်ကျခြင်း၊ ကာလတို ART ဆေးသောက် သုံးထားသူတို့မှာလည်း မီးဖွားပြီးနောက်ပိုင်းတွင် ဆေးဝါးကုသမှုအပေါ် လိုက်နာမှုအားနည်းခြင်းကို တွေ့ရသည်။ ထိုသို့ လူမှုစီးပွားအခက်အခဲရှိကြသော ကိုယ်ဝန်ဆောင်များအတွက် ဆေးကုသမှုလုပ်ငန်း စဉ်များ လိုက်နာရန်မှာ သက်ဆိုင်ရာတာဝန်ရှိသော အဖွဲ့အစည်းများအနေဖြင့် ပြည်သူလူထုအခြေပြု ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ထိထိ ရောက်ရောက် လုပ်ဆောင်ပေးနိုင်ရန်လည်း လွန်စွာအရေးကြီးပါသည်။ ထိုမှသာ မိခင်မှ ကလေး ထံသို့ HIV ကူးစက်မှုလျှော့ချရေးလုပ်ငန်းများ အတွက် များစွာအထောက်အကူဖြစ်စေသလို ကိုယ်ဝန်ဆောင်မိခင်များအတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင်လည်း အထောက် အကူပြုစေမည်ဖြစ်ပါသည်။
HIV ပိုး ရှိ/မရှိ စစ်ဆေးနည်း
ရောဂါပိုးရှိသူသည် စဦးကာလများတွင် သာမန်လူများကဲ့သို့ပင် ကျန်းမာသန်စွမ်းနေနိုင်၍ အပြင်ပန်းအားဖြင့် မသိနိုင်ပေ။ ရောဂါပိုးရှိ/ မရှိကို သွေးစစ်ကြည့်မှသာ သိနိုင်ပါသည်။ ထိုရောဂါပိုး ကူးစက်ခံရပါက ကိုယ်ခန္ဓာမှ တန်ပြန်တိုက်ဖျက်ရန် သွေးထဲက CD4 (ခေါ်) ပဋိဇီဝပစ္စည်းများ ထွက်ပေါ် လာသည်။ ထို့ကြောင့် HIV ပိုး ရှိ/မရှိ (သို့မဟုတ်) ရောဂါအနု၊ အရင့်အခြေအနေကိုသိရှိနိုင်ရန် ၎င်းပဋိ ဇီဝပစ္စည်းကို စစ်ဆေးရခြင်းဖြစ်ပါသည်။ သွေးစစ် ကြည့်ခြင်းဖြင့် သွေးထဲတွင် CD4 များတွေ့ရှိရပါက HIV ပိုး ကူးစက်ခံနေရပြီဖြစ်သည်။ HIV ပိုးဝင်ပြီး ပဋိပစ္စည်း(antibody)လုံလုံလောက်လောက်တက် ဖို့ အချိန်သုံးလကြာသည့်အတွက် ပထမအကြိမ် သွေးစစ်ပြီး HIV ပိုးမရှိသော်လည်း နောက်သုံးလ အကြာတွင် ထပ်မံသွေးစစ်ရန်လိုအပ်ပါသည်။
HIV ပိုး ကူးစက်နိုင်သည့်နည်းလမ်းများ
HIV ပိုးကို သွေး၊ သုက်၊ နို့ရည်ကဲ့သို့သော ကိုယ် ခန္ဓာမှထွက်ရှိသည့်အရည်များတွင် တွေ့ရှိနိုင်ပါ သည်။ (က) HIV ရောဂါပိုးရှိသူတစ်ဦးနှင့် အကာ အကွယ်မဲ့လိင်ဆက်ဆံခြင်း၊ (ခ) ရောဂါပိုးရှိသူ၏ သွေးကိုသွင်းမိခြင်း၊ (ဂ)ဥပမာ ဘရိတ်ဓား၊ ဆေးထိုး အပ်၊ နားဖောက်ခြင်း၊ ဆေးမင်ကြောင်ထိုးခြင်း၊ မုတ်ဆိတ်မွေးရိတ်ခြင်း စသည်ဖြင့် ချွန်ထက်စူးရှ သော အသုံးအဆောင်များကို ရောဂါပိုးရှိသူနှင့် အတူတကွမျှဝေသုံးစွဲခြင်း၊ (ဃ) ကိုယ်ဝန်ဆောင် မိခင်မှ သန္ဓေသားသို့ကူးစက်ခြင်း၊ (င) ရောဂါပိုးရှိ သော မိခင်မှတစ်ဆင့် ကလေးထံသို့ သားဖွားစဉ် (သို့မဟုတ်) ကလေးကို နို့ရည်တိုက်ကျွေးခြင်း စသည်တို့ကြောင့် ကူးစက်နိုင်ပါသည်။
a စာမျက်နှာ ၆ မှ
AIDS ရောဂါ လက္ခဏာများ
ကြာရှည်ဖျားခြင်း၊ ကိုယ်အလေးချိန် သိသိ သာသာလျော့ခြင်း၊ မကြာခဏဝမ်းပျက်ခြင်း၊ အကျိတ်ရောင်ခြင်း၊ ရေယုန်ပေါက်ခြင်း၊ ပါးစပ် အတွင်း မှက္ခရုပေါက်ခြင်း စသည်တို့သည် AIDS ရောဂါလက္ခဏာများ ဖြစ်ကြပါသည်။
HIV ရောဂါပိုးမှ ရှောင်ရှားနည်း
ထိုရောဂါပိုးသည် အကောင်းပကတိ အရေပြား ကို ဖောက်ထွင်းနိုင်ခြင်းမရှိသော်ငြား ဒွာရ ပေါက်များရှိ အမြှေးပါးမှတစ်ဆင့် စိမ့်ဝင်နိုင်ပါ သည်။ ထို့ကြောင့် HIV ပိုး ကူးစက်မခံရစေရန်အတွက် အပျော်အပါးလိုက်စားမှုကို ရှောင်ကြဉ်ပါ။ မူးယစ် ဆေးဝါးသုံးစွဲမှုမှ ရှောင်ကြဉ်ပါ။ ဆေးထိုးအပ်၊ ဆေးထိုးပြွန်တို့ကို တစ်ခါသုံး (သို့မဟုတ်) စနစ် တကျပိုးသတ်ပြီးမှသုံးပါ။ သွားတိုက်တံ၊ မုတ်ဆိတ် ရိတ်တံတို့ကို မျှဝေမသုံးစွဲရ။ မိမိတွင် သွေးသွင်းခံ ဖို့လိုအပ်ပါက လက်ခံမည့်သွေးထဲတွင် HIV ပိုးမရှိ ကြောင်း သေချာစစ်ဆေးပါ။ တခြားသူများ၏ သွေး (သို့မဟုတ်) ကိုယ်အရည်များနှင့် ထိတွေ့ရသော အလုပ်ကို လုပ်ကိုင်ရပါက လက်အိတ်ကို အသုံးပြု၍ ကာကွယ်ပါ။ ကိုယ်ဝန်ဆောင်မိခင်များ HIV ပိုးရှိ ကြောင်းသိရှိပါက လျင်မြန်စောစီးစွာ ဆေးကုသမှု ခံယူပါ။ သားဖွားပြီးနောက် ကလေးကို မိခင်နို့ရည် မတိုက်ဘဲ အထူးဖော်စပ်ထားသော နို့မှုန့်များကိုသာ တိုက်ကျွေးပါ။
HIV ပိုးရှိပြီးသူများ
သတိပြုလိုက်နာရန်
HIV ပိုးရှိသူတစ်ယောက်သည် မိမိတွင်ပိုးရှိ ကြောင်း သိရှိပါက ရောဂါပိုးထပ်မံဖြစ်ပွားမှုမရှိစေ ရန် အထူးသတိထားသင့်ပါသည်။ HIV ပိုးရှိရုံဖြင့် AIDS ရောဂါမဖြစ်နိုင်ပေ။ ၎င်းပိုးနှင့်အတူ ကျန်းမာ ပျော်ရွှင်စွာနေနိုင်သဖြင့် စိတ်ဓာတ်မကျဘဲ အားတင်း၍ အချိန်မီကုသမှုခံယူပါ။ ART ဆေး မှန်မှန်သောက်ပါ။ အကာအကွယ်မဲ့လိင်ဆက်ဆံမှုမှ ရှောင်ကြဉ်ခြင်း၊ သန့်ရှင်းသော ဆေးထိုးအပ်နှင့် တစ်ခါသုံးအပ်များသာအသုံးပြုခြင်း၊ တစ်ကိုယ်ရေသန့်ရှင်းမှုဂရုစိုက်ခြင်း၊ စိတ်ဖိစီးမှုမရှိအောင် ကြိုးစားနေထိုင်ခြင်း စသည်တို့ဖြင့် လူ့ဘဝ သက်တမ်းစေ့နေထိုင်နိုင်ပါသည်။ အထူးသတိပြုရ မည့်အချက်မှာ နောက်ထပ်သူများသို့ မိမိပယောဂ ကြောင့် HIV ပိုးမကူးစက် မပြန့်ပွားရလေအောင် လူသားချင်းစာနာသည့် အသိစိတ်ဓာတ်ဖြင့် တာဝန် ယူပေးပါ။
HIV ဝေဒနာရှင်များ ဝမ်းမြောက်ဖွယ်
နောက်ဆုံးပေါ် HIV ဆေးကုထုံးစမ်းသပ်ခံယူ နေသည့် HIV ဝေဒနာရှင် လူငယ်များသည် ကုထုံး တိုးတက်လာမှုကြောင့် သက်တမ်းပိုရှည်လာကာ လူ့သက်တမ်းစေ့နီးပါး နေနိုင်ကြတော့မည်ဖြစ် ကြောင်း လေ့လာတွေ့ရှိမှုအသစ်ကို The Lancer ဆေးပညာဂျာနယ်တွင် ရေးသားဖော်ပြထားပါသည်။ ဥရောပနှင့် မြောက်အမေရိကတွင် HIV ဆေး ကုထုံးသစ်စမ်းသပ်မှုများ ပြုလုပ်ခဲ့ပြီးနောက် HIV ရောဂါဝေဒနာရှင်များသည် ရောဂါမရှိသည့် သာမန် လူများနီးပါး သက်တမ်းရှည်လာနိုင်တော့မည်ဟု ဗြိတိသျှဆေးပညာရှင်များက ပြောကြားလိုက်ခြင်း ဖြစ်သည်။ ဆေးသစ်များသည် ဘေးထွက်ဆိုးကျိုး နည်းပြီး ဗိုင်းရပ်စ်ပိုးပြန့်ပွားမှုကိုလည်း ပိုမိုထိရောက် စွာလျှော့ချပေးနိုင်ကြောင်း၊ ဆေးကုသမှုစတင် ခံယူခဲ့သည့် (၂၁)နှစ်အရွယ် လူငယ်တစ်ဦးသည် အသက် (၇၀)ကျော်သည်အထိ နေနိုင်မည်ဟု ခန့်မှန်း ထားကြောင်း သိရသည်။ အဆိုပါတွေ့ရှိမှုသည် HIV ဗိုင်းရပ်စ်ကူးစက်ခံရသူဦးရေ ကိုးသောင်းအား သုတေသနပြုမှုမှ ရရှိလာသည့်အချက်အလက်များကို အခြေခံကာ ထုတ်ပြန်ထားခြင်းဖြစ်ပါသည်။ ဆရာ ဝန်များ၏ ပြောကြားချက်အရ HIV ဗိုင်းရပ်စ်ကူးစက် ခံရပါက စောစီးစွာ ဆေးကုသမှုခံယူခြင်းသည် အသက်ရှည်ပြီး ကျန်းမာပျော်ရွှင်သည့် လူ့ဘဝရရှိရန် အရေးပါဆုံးသောအချက်ပင်ဖြစ်ကြောင်း သိရ ပါသည်။
HIV/AIDS ဝေဒနာရှင်များအတွက် ဆောင်ရန်/ရှောင်ရန် အစားအစာများ
(က) ထမင်းအပါအဝင် ကိုယ်ခံအားတက်စေရန် အတွက် အာဟာရဖြစ်စေမည့် အစာများများစားပေး ပါ။ (ခ) သန့်ရှင်းလတ်ဆတ်သော ဟင်းသီးဟင်းရွက် နှင့် သစ်သီးဝလံများကို ယခင်ထက်ပို၍စားပါ။ (ဂ)ငါးနှင့် ကြက်သား ပုံမှန်စားပေးပါ။ (ဃ) သံလွင်ဆီ၊ မြေပဲဆီစစ်စစ်တို့ကိုစားနိုင်က ပိုကောင်းပါသည်။ (င) သကြား၊ အချိုရည်အမျိုးမျိုးနှင့် အငန်တို့ကို သင့်တင့်ရုံသာမှီဝဲပါ။ (စ) အာဟာရဗေဒသုတေ သီများ၏ ဓာတ်ခွဲစမ်းသပ်ချက်များအရ ကြက်ဟင်း ခါးသီးသည် HIV ပိုးကို တိုက်ထုတ်နိုင်စွမ်းရှိကြောင်း လေ့လာသိရှိရသည်။ (ဆ) ရှားစောင်းလက်ပပ် ပင်ထဲက အနှစ် (ဂျယ်လီ) ကို ဇွန်းဖြင့်ခြစ်ယူပြီး သကြားနှင့် အစိမ်းလိုက်ဖျော်ရည်လုပ်သောက်ပါ။ ကိုယ်ခံအားမြင့်တက်စေရုံသာမက အသားအရေ ကိုလည်း စိုပြည်စေနိုင်သည်။ (ဇ) ကြက်သွန်နီဥကြီးကို နံနက်၊ နေ့၊ ည တစ်ဥနှုန်းစီဖြင့် စုစုပေါင်း တစ်နေ့လျှင် သုံးဥတိတိ စားပေးပါ။ တစ်လအတွင်းမှာပင် AIDS ကြောင့် ဝမ်းသွားခြင်း၊ ခန္ဓာကိုယ်ပေါ်တွင် ယားနာ ပေါက်ခြင်း (သို့မဟုတ်) အနာဖြစ်ခြင်း စသည်ဖြင့် အားလုံးသက်သာပြီး ပျောက်ကင်းသွားပါလိမ့်မည်။ ထိုသို့စားနေစဉ် သုံး-လေးရက်အတွင်းမှာပင် အရေ ပြား မွေးညင်းလေးများထဲမှ ရွစိရွစိပိုးလေးများ ထွက်လာသလို ခံစားရစေကြောင်း တိုင်းရင်းဆေး ပညာရှင်များက ဆိုထားသည်။ သို့သော် ဆက်လက် စားသောက်ပါ စိုးရိမ်စရာမရှိနိုင်ပါ။ (ဈ) AIDS ဝေဒနာ ရှင်များ၏ လျှာ၌ဖြစ်သော မှက္ခရုနာများအတွက် လိမ္မော်ခွံမှပေါင်းခံ၍ရရှိသော လိမ္မော်ဆီကို နားကျပ် သော ဂွမ်းစနှင့်တို့၍ သုတ်လိမ်းပေးခြင်းဖြင့် ပျောက် ကင်းနိုင်သည်။ (ည) ကျား၊ မ ဟော်မုန်းအားဆေးနှင့် HIV ဆေးများက စပျစ်သီး (သို့မဟုတ်) စပျစ်ဖျော်ရည် နှင့် ဓာတ်ဖောက်ပြန်ကာ လူကိုအန္တရာယ်ဖြစ်စေနိုင်၍ ၎င်းဆေးဝါးများဖြင့် ကုသမှုခံယူနေစဉ်ကာလအတွင်း စပျစ်သီးမစားသုံးသင့်ကြောင်း American Health Digest (ခေါ်) အမေရိကန် ကျန်းမာရေးအင်တာနက် သတင်းလွှာတွင် ဖော်ပြထားကြောင်း လေ့လာမှတ် သားရသည်။ (ဋ) နွားနက်(အနက်ရောင်နွား)၏ နံနက်ဦးဆုံးစွန့်ထုတ်သော ကျင်ငယ်ရည်(ဆီး)ကိုခံယူ၍ ဆီးဖြူသီးဖြင့်စားပါ။ အိပ်ပျော်စားဝင်စေ ပြီး ကိုယ်တွင်းခုခံအားစနစ်ကို အမြန်ဆုံးတိုးတက် လာစေမည့် “ဘုရားဆေးတော်ကြီး”ဟု သုံးစွဲဖူးသူ တိုင်းက ခေါ်ဆိုကြသည်။ ဆေး၏ တန်ပြန်သက် ရောက်မှုအဖြစ် ပျို့တက်ခြင်း၊ ချွေးကိုယ်နံ့ဆိုးထွက် ခြင်း ဖြစ်ပေါ်နိုင်သည်။ သတိပြုရန်မှာ သွေးတိုးနှင့် ဆီးချိုသမားများအနေဖြင့် ထိုဆေးကို လုံးဝမမှီဝဲ သင့်ပေ။ (ဌ) သတိပဋ္ဌာန်တရားကို အစဉ်တစိုက် ရှုမှတ်ခြင်းဖြင့် ခန္ဓာကိုယ်တွင်း လေကောင်းလေသန့် ရရှိကာ စိတ်၊ သွေး၊ လေ ညီညွတ်မျှတရုံသာမက ကိုယ်ခံစွမ်းအားစနစ်များ တိုးတက်လာသော ကြောင့် HIV ရောဂါပိုး လုံးဝကင်းစင်သွားကြောင်းကို ဟာဝိုင်ယီရှိ စာရေးဆရာတစ်ဦးဖြစ်သူ Gavin Harrison ဆိုသူက In The Lap of Buddha ဟု အမည်ရသော သူ၏စာအုပ်ထဲတွင် ကိုယ်တွေ့ ဖြစ်ရပ်မှန်အဖြစ် ရေးသားအကြံပြုထားပါ သည်။
အချုပ်အားဖြင့်ဆိုသော် ယနေ့ကမ္ဘာပေါ်တွင် HIV ရောဂါပိုးကူးစက်ခံရသူများ၏ ထက်ဝက်ခန့် သည် လူငယ်များဖြစ်နေကြပါသည်။ လူငယ်ဆို သည်မှာ အနာဂတ်အတွက် အင်အားဖြစ်သလို အနာဂတ်၏ သမိုင်းကို ဖန်တီးသူများလည်း ဖြစ်ကြ ပါသည်။ အနာဂတ်လူငယ်နှင့် အနာဂတ်တိုင်းပြည် ကြီး သာယာလှပနေစေရန်အတွက် HIV ဆိုင်ရာ ကာကွယ်တားဆီးရေး လှုပ်ရှားမှုများကို အဓိက ဦးစီးဦးဆောင်ရမှာလည်း လူငယ့်တာဝန်ပင် ဖြစ်ပါ သည်။ ထို့ကြောင့် မိမိနှင့်တကွ မိမိပတ်ဝန်းကျင်တွင် HIV ပိုးကူးစက်ခံရခြင်း မရှိစေရန်အတွက် အသိသတိဖြင့် ဆင်ခြင်နေထိုင်ကြပါရန် တိုက်တွန်း လိုက်ရပါသည်။ ။
n
- Log in to post comments