
အခုဖြစ်ပွားနေတဲ့ ကိုဗစ်-၁၉ ဗိုင်းရပ်စ်ရဲ့ ဗီဇ ပြောင်းမျိုးကွဲအသစ် ဒယ်လ်တာ (Delta) မျိုးကွဲ ဟာ ယခင်ဗိုင်းရပ်စ်မျိုးကွဲတွေဖြစ်တဲ့ အယ်လ်ဖာ/ဘီတာ (Alpha/Beta) တို့ထက် ကူးစက်မှု၊ ပြင်းထန်မှု၊ သေဆုံးမှုတွေ ပိုမြင့်နေတယ်လို့ လေ့လာချက်တွေအရ သိရှိရပါတယ်။ ၎င်းမျိုးကွဲ ဟာဆိုရင် ပုံတူမျိုးပွားနိုင်စွမ်း အလွန်မြန်တယ်။ ခန္ဓာကိုယ်ခုခံစွမ်းအားကို ကျော်လွှားသွားနိုင် တယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကတော့ ဒယ်လ်တာမျိုးကွဲကို အလျင်မြန်ဆုံးနဲ့ အကြံ့ခိုင်ဆုံး မျိုးကွဲ “fastest and fittest” variant လို့ဆိုပါ တယ်။ ကိုဗစ်-၁၉ ရောဂါပြန့်ပွားမှုကို အကောင်း ဆုံးထိန်းချုပ်နိုင်ဖို့ကတော့ နှာခေါင်းစည်း တပ်ဆင်တာအပါအဝင် ကျန်းမာရေးဝန်ကြီးဌာန က ထုတ်ပြန်ထားတဲ့ ကိုဗစ်-၁၉ ရောဂါပြန့်ပွားမှု ထိန်းချုပ်ရေးဆိုင်ရာ လမ်းညွှန်ချက်တွေကို လိုက်နာကြဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် မိမိမှာ ရောဂါပိုး ရှိ/မရှိ စောစောစစ်ဆေးဖို့လည်း လိုအပ် သလို အဲဒီလိုစောစောစစ်ဆေးမှသာလျှင်လည်း စောစောဆေးကုသမှုခံယူနိုင်မှာဖြစ်ပြီး ရောဂါ ပြင်းထန်စွာခံစားရတာ၊ အသက်ဆုံးရှုံးရတာတွေ ကနေ ကာကွယ်နိုင်မှာဖြစ်ပါတယ်။
ဘယ်လိုလူတွေ ကိုဗစ်-၁၉ စစ်ဆေးသင့်သလဲ
ဖျားနာတာ၊ ကိုယ်လက်ကိုက်ခဲတာ၊ ချောင်းဆိုးတာ၊ လည်ချောင်းနာတာ၊ နှာရည်ယို/ နှာပိတ်တာ၊ အနံ့အရသာပျောက်တာ၊ ဝမ်းလျှော တာ၊ သရိုးသရီဖြစ်တာ စတဲ့ ကိုဗစ်-၁၉ ရောဂါ လက္ခဏာတွေ စတင်ခံစားနေရပြီဆိုရင် ကိုဗစ်-၁၉ ရှိ/မရှိ ဆေးစစ်မှုကို ချက်ချင်းဆောင်ရွက်သင့် ပါတယ်။ ကိုဗစ်-၁၉ အတည်ပြုလူနာ (သို့မဟုတ်) ကိုဗစ်-၁၉ ကူးစက်ခံထားရတယ်လို့ ယူဆရတဲ့ သံသယလူနာတွေနဲ့ ထိစပ်မိပြီဆိုရင်လည်း ကိုဗစ်-၁၉ ရှိ/မရှိ ဆေးစစ်မှုကို ချက်ချင်းဆောင်ရွက် သင့်ပါတယ်။ ဆေးစစ်ဖို့ စောင့်ဆိုင်းနေစဉ်ကာလမှာ လူစုလူဝေးသွားတာ ရှောင်ရှားသင့်ပြီး ဆေးစစ်မှု အဖြေက Negative မထွက်မချင်း အိမ်ထဲမှာ နေရင်တောင် နှာခေါင်းစည်း တပ်ထားသင့်ပါတယ်။ တကယ်လို့ ဆေးမစစ်ဖြစ်ရင်တော့ နေအိမ်မှာ မိမိ ဘာသာသီးသန့်ခွဲခြားနေထိုင်ခြင်းအနေနဲ့ ၁၄ ရက် အိမ်ထဲမှာ နေသင့်ပါတယ်။ ကာကွယ်ဆေးထိုးထား သည်ဖြစ်စေ၊ မထိုးရသေးသည်ဖြစ်စေ ကိုဗစ်-၁၉ ရောဂါပိုး မိမိမှာ ကူးစက်ခံထားရခြင်း ရှိ/မရှိ ဆိုတာ ကို ဆောလျင်စွာ စစ်ဆေးဖို့ဟာ အင်မတန်အရေးကြီး ပါတယ်။
ဘာကြောင့် ဆောလျင်စွာ ဆေးစစ်မှုခံယူသင့်သလဲ
မိမိကိုယ်မိမိ ကိုဗစ်-၁၉ ရောဂါ သံသယရှိပြီ ဆိုတာနဲ့ စစ်ဆေးမှုခံယူခြင်းဖြင့် ကုသရေး အဆင့်ကို အချိန်မလွန်ခင် ဆောင်ရွက်နိုင်မှာ ဖြစ်သလို ရောဂါပြင်းထန်စွာ ခံစားရတာတွေကို လည်း ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ ဗိုင်းရပ်စ်ကို အတည်ပြုနိုင်မှသာလျှင် ဒီဗိုင်းရပ်စ်ပိုးရဲ့ ပြန့်ပွား မှုကိုလည်း ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။ အကယ်၍ မိမိမှာ ကူးစက်ခံထားရသည့်တိုင် ရောဂါပြင်းထန်စွာ မခံစားရစေဦးတော့ မိမိကတစ်ဆင့် မိမိနဲ့အတူနေ မိသားစုတွေ၊ သက်ကြီးရွယ်အိုတွေ၊ ရောဂါအခံရှိသူ တွေကို ထပ်မံကူးစက်သွားနိုင်ပါတယ်။ အထူးသဖြင့် အဆိုပါ သက်ကြီးရွယ်အို မိဘဘိုးဘွားတွေ၊ နာတာရှည် ရောဂါအခံရှိသူတွေဟာ ရောဂါပိုး ကူးစက်ခြင်းဖြင့် ဆိုးရွားတဲ့ကျန်းမာရေးအကျိုး ဆက်တွေအပြင် အသက်ဆုံးရှုံးရမှုတွေပါ ဖြစ်လာ နိုင်တာဖြစ်တဲ့အတွက် မိမိကိုယ်တိုင်နဲ့ မိမိ ပတ်ဝန်းကျင်ကို ကာကွယ်ဖို့အတွက် ဆောလျင်စွာ ဆေးစစ်ဖို့ လိုအပ်ပါတယ်။
ဘယ်နေရာတွေမှာ စစ်ဆေးမှုခံယူသင့်သလဲ
နှာခေါင်းတို့ဖတ် နမူနာယူ စစ်ဆေးတယ် ဆိုပေမယ့်လည်း စစ်ဆေးတဲ့ နည်းစနစ်ကျနဖို့ လိုပါတယ်။ နှာခေါင်းအတွင်းမှ နမူနာအရည်အကျိ အချွဲယူတဲ့အခါမှာ လုံလောက်တဲ့ပမာဏ မပါတဲ့ အခါပဲဖြစ်ဖြစ်၊ တခြားစစ်ဆေးတဲ့အဆင့်တွေမှာ နည်းလမ်းမကျတာပဲဖြစ်ဖြစ် မှန်ကန်တဲ့ရလဒ် မထွက်နိုင်ပါဘူး။ ဒါကြောင့်မို့ နီးစပ်ရာ ကိုဗစ်-၁၉ စစ်ဆေးရေးစင်တာတွေမှာ တတ်ကျွမ်းတဲ့ ကျန်းမာ ရေးပညာရှင်တွေရဲ့ အကူအညီနဲ့ စနစ်တကျ ဆေးစစ်မှု ခံယူသင့်ပါတယ်။ မိမိနေအိမ်မှာပဲ Rapid Test Kit တွေနဲ့ စမ်းသပ်စစ်ဆေးတာဟာ ဆေးစစ်မှုရလဒ်အဖြေကို အမြန်သိရပြီး ထိန်းချုပ် ကုသရေးကိုလည်း အမြန်ဆောင်ရွက်ခွင့်ရစေနိုင် တယ် ဆိုပေမယ့် ဆေးစစ်မှုရလဒ် တိကျမှု ရှိ/မရှိ ဆိုတာမှာတော့ အနည်းနဲ့အများ ကွာခြားချက် ရှိတာ တွေ့ရပါတယ်။ ဒါကြောင့် ရောဂါရှိသူနဲ့ ထိစပ်မှုရှိခဲ့ပြီး ရောဂါလက္ခဏာမပြသူတွေရော သံသယလက္ခဏာခံစားနေရသူတွေပါ တိကျ မှန်ကန်တဲ့ အဖြေကိုရရှိဖို့ဆိုရင် နီးစပ်ရာ ကိုဗစ်-၁၉ စစ်ဆေးရေးစင်တာတွေမှာ တတ်ကျွမ်းတဲ့ ကျန်းမာရေးပညာရှင်တွေရဲ့ အကူအညီနဲ့ စနစ် တကျဆေးစစ်မှု ခံယူသင့်ပါတယ်။
ရန်ကုန်မြို့မှာ ကိုဗစ်-၁၉ ရောဂါပိုး
စစ်ဆေးပေးနေသည့်နေရာများ
ရန်ကုန်မြို့မှာဆိုရင် ကျန်းမာရေးဝန်ကြီးဌာန ရဲ့လမ်းညွှန်ချက်နဲ့အညီ မြန်မာနိုင်ငံ အမျိုးသား ဓာတ်ခွဲခန်းကနေပြီးတော့ ဗိုလ်ချုပ်လမ်း၊ သူနာပြု တက္ကသိုလ်မှာ Test Center ဖွင့်ထားပြီး စစ်ဆေး ပေးနေတာရှိသလို ကျန်းမာရေးဦးစီးဌာနအနေနဲ့ လည်း ဒဂုံမြို့သစ်မြောက်ပိုင်း မြို့ဦးစေတီဓမ္မာရုံနဲ့ ဒဂုံမြို့သစ်တောင်ပိုင်းမှာဆိုရင် အောင်မြင့်မိုရ် အိမ်ရာဓမ္မာရုံတို့မှာ ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးမှု တွေ ပြုလုပ်နေတယ်လို့ သိရှိရပါတယ်။ ဒါ့အပြင် တပ်မတော် ဆေးဝန်ထမ်းတပ်ဖွဲ့ဟာလည်း မင်္ဂလာဒုံမြို့နယ် ကျိုက္ကလို့ဘုရားနဲ့ မျက်နှာချင်း ဆိုင်မှာရှိတဲ့ သာသနာ့ဗိမာန်နဲ့ သန်လျင်မြို့နယ် သာသနာ့ဗိမာန်တို့မှာ ကိုဗစ်-၁၉ ရောဂါပိုးစစ်ဆေး မှုတွေကို ဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။ အဆိုပါစစ်ဆေးမှု စင်တာတွေမှာ ကျွမ်းကျင် ကျန်းမာရေးဝန်ထမ်းတွေနဲ့ အခမဲ့စစ်ဆေးမှုတွေ ဆောင်ရွက်ပေးနေတာဖြစ်တဲ့အတွက် သွားရောက် စစ်ဆေးခံကြဖို့ တိုက်တွန်းလိုပါတယ်။
သံသယရှိသူတွေအနေနဲ့ များများစစ်ဆေး တာ၊ ပိုးတွေ့သူတွေကို မြန်မြန်ခွဲထုတ်နိုင်တာ၊ ဆောလျင်စွာ ကုသမှုခံယူကြခြင်းဖြင့် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်မှုကွင်းဆက်ကို ဖြတ်တောက် နိုင်မှာဖြစ်သလို ကူးစက်ခံထားရတဲ့လူနာတွေရဲ့ အသက်ပေါင်းများစွာကို ပိုမိုထိရောက်စွာ ကယ်တင်လာနိုင်မှာ ဖြစ်ပါတယ်။
နှာခေါင်းစည်းတပ်တာ၊ ရောဂါကို ဆောလျင် စွာ စစ်ဆေးအတည်ပြုတာနဲ့ ဆောလျင်စွာ ကုသမှုခံယူတာတို့ဟာ ကိုဗစ်-၁၉ ရောဂါပိုး ပြန့်ပွားမှုကို အကောင်းဆုံးထိန်းချုပ်နိုင်တဲ့ မဟာ ဗျူဟာတွေပဲ ဖြစ်ပါတယ်။ ဒါကြောင့် မိမိကစ ကာကွယ်ပါ၊ မိမိကစ စစ်ဆေးပါ၊ မိမိကစ ကုသမှု ခံယူပါလို့ တိုက်တွန်းလိုက်ပါရစေ။ ။
- Log in to post comments