
ပေါက်ပေါက်
=====
ကမ္ဘာပေါ်တွင် နှစ်စဉ်လူပေါင်း ၁၇ သန်းကျော်ခန့် သည် နှလုံးနှင့် သွေးကြောဆိုင်ရာရောဂါများ ကြောင့် သေဆုံးနေကြရပြီး ၎င်းရောဂါကြောင့် လူအများကို အသက်ဆုံးစေတတ်သော အဓိက ပြဿနာလည်းဖြစ်သည်။ အသက် ၃၀ နှင့် ၇၀ အကြား သေဆုံးကြပြီး ပျမ်းမျှလူဆယ်ဦးလျှင် တစ်ဦးနှုန်း CVD (ခေါ်) နှလုံးသွေးကြောရောဂါ ကြောင့် သေဆုံးကြရသည်။ ၂၀၃၀ ပြည့်နှစ်တွင် ၎င်းရောဂါများကြောင့် လူပေါင်း ၂၃ သန်းခန့်အထိ အသေအပျောက်ဖြစ်နိုင်ကြောင်း ခန့်မှန်းကြသည်။ သုတေသနအသစ်တစ်ခု၏ တွေ့ရှိချက်အရ ၂၀၄၀ ပြည့်နှစ်တွင် သက်ကြီးရွယ်အိုများ၏ နှလုံးရောဂါ ဖြစ်နိုင်ခြေမှာ ၂ ဒသမ ၃ ဆ မြင့်တက်လာမည်ဖြစ်ပြီး ၂၀၆၀ ပြည့်နှစ်တွင် ၂ ဒသမ ၉ ဆ မြင့်တက်လာနိုင် ကြောင်း သိရသည်။
ယခု ၂၀၂၁ ခုနှစ်သည် ကမ္ဘာ့နှလုံးရောဂါဆိုင်ရာ အဖွဲ့ကြီး (World Heart Federation - WHF) တည်ထောင်မှု (၄၃) နှစ်မြောက်ဖြစ်သည်။ ထိုအဖွဲ့ ကြီးတွင် မြန်မာနိုင်ငံအပါအဝင် အဖွဲ့ဝင်နိုင်ငံပေါင်း ၂၀၀ ကျော်ရှိသည်။ ကမ္ဘာ့လူသားများ မိမိတို့၏ နှလုံးကို အထူးဂရုပြုထိန်းသိမ်းစောင့်ရှောက်ရန်၊ ဆေးလိပ်၊ ဆေးရွက်ကြီးသောက်သုံးမှု၊ သုံးစွဲမှု၊ အဝလွန်မှု စသည်တို့အပြင် ကလေးငယ်များတွင် ဖြစ်ပွားတတ်သော မွေးရာပါလေးဖက်နာရောဂါနှင့် သက်ဆိုင်သော နှလုံးရောဂါများမှ ကာကွယ်နိုင်ကြ ရန် ကျန်းမာသုတဆိုင်ရာ ပညာပေးမှုများစွာတို့ကို လည်း WHF က ဆောင်ရွက်လျက်ရှိသည်။
ကမ္ဘာ့နှလုံးကျန်းမာရေးနေ့
ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO)သည် ၁၉၅၀ ပြည့်နှစ်ကတည်းကစပြီး နှစ်စဉ်စက်တင် ဘာလ ၂၉ ရက်နေ့ကို “ကမ္ဘာ့နှလုံးကျန်းမာရေးနေ့ (World Heart Day)” အဖြစ် အထူးတလည်သတ်မှတ် ထားသည်။ နှလုံးရောဂါသည် တစ်ကမ္ဘာလုံး၏ အဖြစ်အများဆုံး ရောဂါတစ်မျိုးဖြစ်ပြီး အသက် အရွယ်ရလာသည်နှင့်အမျှ ကြုံတွေ့လာနိုင်သည့် ရောဂါတစ်မျိုးဖြစ်သည်။ ကမ္ဘာ့နှလုံးရောဂါနေ့ ကျင်းပရခြင်း၏ အဓိကရည်ရွယ်ချက်မှာ တစ်ကမ္ဘာ လုံးမှာ နှလုံးနှင့် နှလုံးသွေးကြောဆိုင်ရာရောဂါများ ကြောင့် သေဆုံးမှုများလျှော့ချရန်၊ အဖြစ်များသော နှလုံးသွေးကြောကျဉ်းရောဂါ၊ သွေးတိုးရောဂါနှင့် ၎င်းရောဂါနှစ်မျိုးကြောင့် လေဖြတ်နိုင်သော အလားအလာကိုလျှော့ချနိုင်ရန် စသည့်ကျန်းမာ သုတဆိုင်ရာ အချက်အလက်များကို လူအများသိရှိ လာကြပြီး အသိ၊ သတိတို့ဖြင့် သိရှိဆောင်ရွက်နိုင်ကြ စေရန် ရည်ရွယ်ခြင်းဖြစ်သည်။ ယခု ၂၀၂၁ ခုနှစ် ကမ္ဘာ့နှလုံးကျန်းမာရေးနေ့အတွက် WHO က သတ်မှတ်ထားသော ဆောင်ပုဒ်မှာ “ကမ္ဘာတစ်ဝှမ်း လုံး၌ CVD ကို သတိရှိမှု၊ ကာကွယ်မှုနှင့် စီမံခန့်ခွဲမှု များ တိုးတက်စေရန် ဒစ်ဂျစ်တယ်ကျန်းမာရေး၏ စွမ်းအားကိုအသုံးချရန် ကျွန်ုပ်တို့၏ပန်းတိုင်” ဟူ၍ ဖြစ်ပါသည်။
နှလုံးရောဂါဆိုသည်မှာ
နှလုံးရောဂါမှာ (၁) နှလုံးသွေးကြောကျဉ်း၊ (၂) နှလုံးသွေးကြောကျယ်၊ (၃) နှလုံးကြွက်သားပုပ်၊ (၄) နှလုံးအခန်းပျက်စီး၊ (၅) နှလုံးအဆို့ရှင်ပျက်စီး၊ (၆) နှလုံးအားနည်း၊ (၇) နှလုံးရောင်၊ (၈) နှလုံးကြီး၊ (၉) နှလုံးသွေးကြောပေါက်၊ (၁၀) နှလုံးခုန်နှုန်း မူမမှန်ခြင်း စသည်ဖြင့်အမျိုးမျိုးရှိကြပြီး ထိုရောဂါ များ အားလုံးကိုခြုံငုံ၍ “နှလုံးရောဂါ” ဟု ပြောလေ့ရှိ သည်။ ခွဲစိတ်ကုသ၍ရသော နှလုံးရောဂါမျိုးရှိသကဲ့သို့ ခွဲစိတ်ကုသရန်မလိုအပ်ဘဲ စားဆေး၊ ထိုးဆေးများနှင့် ရေရှည်ကုသရသော နှလုံးရောဂါမျိုးလည်း ရှိသည်။ နှလုံးရောဂါက ဆီးချို၊ သွေးတိုး၊ လေငန်းရောဂါများနှင့် ပါ ဆက်စပ်မှုရှိနေသဖြင့် မပေါ့ဆဘဲ စနစ်တကျ ကုသမှုခံယူသင့်ပါသည်။
ထူးခြားမှုတစ်ရပ်အနေဖြင့် ဗြိတိန်နိုင်ငံ နှလုံး ဖောင်ဒေးရှင်းမှ ဆေးပညာကျွမ်းကျင်ပညာရှင်များ က နှလုံးရောဂါရှင်လူနာ လေးသန်းကျော်ပါဝင်သော စမ်းသပ်စစ်ဆေးမှု အကြိမ် ၃၀ ကို ပြန်လည်စစ်ဆေး ခဲ့ပြီးနောက် ယခုလိုသတင်းထုတ်ပြန်ခဲ့သည်။ နှလုံး ခုန်မမှန်သည့် ရောဂါရှိသူများတွင် နှလုံး၏အပေါ်ပိုင်း ရှိ Atria (ခေါ်) အခန်းများမှာ ပုံမှန်မဟုတ်ဘဲ ရံဖန် ရံခါတွင် အလွန်လျင်မြန်စွာ ကျဉ်းသွားလေ့ရှိပြီး ယင်းကဲ့သို့ ကျဉ်းသွားသည့်အချိန်တွင် နှလုံး ကြွက်သားမှာ အလုပ်လုပ်နိုင်ရန် သင့်တော်သည့် အနေအထားအထိ သက်သောင့်သက်သာမရှိခြင်း ကြောင့် နှလုံး၏အလုပ်လုပ်နိုင်စွမ်းကို လျော့ကျစေ သည်။ နှလုံးခုန်မမှန်သည့် အမျိုးသမီးများမှာ အသက်သေစေနိုင်သည့် နှလုံးရောဂါဖြစ်ပွားမှုနှင့် သတိလစ်မေ့မြောမှုဖြစ်ပွားနိုင်ခြေ နှစ်ဆပိုများ ကြောင်း၊ ထို့ပြင်အမျိုးသမီးများမှာ နှလုံးခုန်နှုန်း မူမမှန်မှုအတွက် သောက်သုံးရသည့်ဆေးကို တုံ့ပြန် နိုင်စွမ်းနည်းပါးပြီး အမျိုးသားများထက် ကုသရန် အချိန်ပိုကြာကြောင်း၊ ထို့ကြောင့် နှလုံးခုန်နှုန်း မူမမှန် ဖြစ်နေသောအမျိုးသမီးများသည် သေစေလောက် သော နှလုံးရောဂါနှင့် လေဖြတ်ခြင်းတို့ကိုပါ ကြုံတွေ့ နိုင်ခြေသည် အမျိုးသားများထက် နှစ်ဆခန့်ပိုများ ကြောင်း သုတေသီများက ဆိုထားသည်။
ဗဟုသုတတစ်ရပ်အနေဖြင့် တင်ပြရပါလျှင် ဆေးပညာများ တိုးတက်ခေတ်မီလာသည့်အလျောက် သွေးအမျိုးအစားအလိုက် နှလုံးရောဂါဖြစ်နိုင်ခြေကို ဖော်ထုတ်ကြည့်ရာ AB အုပ်စု သွေးအမျိုးအစားရှိသူ များတွင် နှလုံးရောဂါဖြစ်နိုင်ခြေအလားအလာ ၂၃ ရာခိုင်နှုန်းပိုများပြီး B သွေးပိုင်ရှင်များက ၁၁ ရာခိုင် နှုန်း၊ A သွေးပိုင်ရှင်များက ငါးရာခိုင်နှုန်းရှိကြောင်း သုတေသီများ၏မှတ်တမ်းများက ဖော်ပြသည်။
နှလုံးရောဂါလက္ခဏာများ
ဝဲဘက်လက်မောင်း မကြာခဏနာကျင် ကိုက်ခဲ ခြင်း၊ မေးရိုးတစ်လျှောက်နာကျင်ခြင်း (တစ်ချက် တစ်ချက် မေးရိုးအလွန်နာခြင်းကြောင့် အိပ်မောကျ နေရာမှ ရုတ်တရက်လန့်နိုးခြင်း)၊ ဝဲဘက်ရင်အုံ အောက်တည့်တည့်တွင် သက်သောင့်သက်သာမရှိဘဲ အလိုလိုတင်းကျပ်ပြည့်ဆို့နေသလို ခံစားရခြင်း၊ အဆုတ်ထဲတွင် အရည်များစုပုံလာခြင်းကြောင့် မကြာခဏချောင်းဆိုးခြင်း သို့မဟုတ် တရွှီရွှီမြည်၍ အသက်ရှူပြင်းခြင်း၊ နေ့စဉ်ရက်ဆက် မဆိုသလောက် ခေါင်းကိုက်၊ မူးဝေနေခြင်း၊ ဇောချွေးပြန်ခြင်း၊ မကြာခဏဆိုသလို မောပန်းနွမ်းနယ်တတ်ပြီး ရံဖန်ရံခါ တစ်ရက်ခန့်၊ ရံဖန်ရံခါ တစ်ပတ်တိတိ နေ့စဉ်ရက်ဆက် မောပန်းနွမ်းနယ်လေ့ရှိခြင်း၊ မအီ မလည် အော်ဂလီဆန်သလို ခံစားရတတ်ပြီး အစား အသောက်ပျက်လာခြင်း၊ စဦးပိုင်းမှာ ဘယ်ဘက် ရင်ခေါင်းအောင့်တတ်ပြီး တဖြည်းဖြည်းနှင့် ပခုံး၊ လက်မောင်း၊ တံတောင်ဆစ်၊ နောက်ကျော၊ လည်ပင်း၊ မေးရိုးစသည့် ဝဲဘက်တစ်ခြမ်းလုံး ဖြန့်ကြက်ကာ နာကျင်လာခြင်း၊ ရံဖန်ရံခါ ရင်ဘတ် ကလွဲ၍ ကျန်နေရာများနာတတ်ပြီး ဝေဒနာကို ပေါ်လိုက်ပျောက်လိုက် ခံစားနေရခြင်း၊ သွေးခုန် နှုန်းမမှန်တော့ခြင်း၊ လေကို တစ်ဝကြီးရှူရှိုက်၍ မရခြင်း သို့မဟုတ် ခက်ခဲလာခြင်း၊ အမောဖောက် ပြီး ခြေဖဝါး၊ လက်ကောက်ဝတ်၊ ခြေထောက်၊ ရင်ဘတ်နှင့် ခေါင်းဦးရေပြားများပါမကျန် ချွေးစေး ထွက်လာခြင်း၊ ရံဖန်ရံခါ စက္ကူပါးတစ်ရွက်ကိုပင် မဆုပ်ကိုင်နိုင်လောက်အောင် အားနည်းသလို ခံစားရခြင်း၊ ခေတ္တလမ်းလျှောက်ပြီး မောပန်းသလို ခံစားရခြင်း သို့မဟုတ် ပြတ်တောင်းပြတ်တောင်း အသက်ရှူရခြင်း စသည်တို့ဖြစ်သည်။
ကာကွယ်နည်းများ
မွေးရာပါ နှလုံးရောဂါကို မဆိုလိုသော်လည်း၊ မိမိအပြုအမူအနေအထိုင် နည်းလမ်းမမှန်ကန်မှု များကြောင့် နှလုံးရောဂါကို ဖိတ်ခေါ်နေခြင်း မဖြစ် သင့်ပေ။ အောက်ပါနည်းလမ်းများကို လိုက်နာ ကျင့်ကြံရင်း တစ်ဖက်တစ်လမ်းမှနေ၍ နှလုံးရောဂါ ဖြစ်မလာအောင် ကြိုတင်ကာကွယ်ထားနိုင် သည်။
ဆေးလိပ်ဖြတ်ပါ
ဆေးလိပ်က ကျန်းမာရေးအတွက် ဘက်ပေါင်းစုံမှ ဆိုးကျိုးပေးသည့်အပြင် ဆေး ပညာစစ်တမ်းများအရ နှလုံးဝေဒနာရှင် အများစု က ဆေးလိပ်သောက်သုံးသူများ ဖြစ်ကြောင်း လေ့လာတွေ့ရှိရသည်။ ဆေးလိပ်က အဆုတ်၏ လုပ်ဆောင်နိုင်စွမ်းရည်ကို နိမ့်ကျသွားစေသည့် အပြင် အရေပြားသွေးလည်ပတ်စီးဆင်းမှုကိုပါ နှေးကွေးလာစေသည်။ နှိုင်းယှဉ်ချက်များအရ၊ ဆေးလိပ်သောက်သူများသည် ဆေးလိပ် (လုံးဝ) မသောက်သူများထက် နှလုံးရောဂါဝေဒနာကို ငါးနှစ်ခန့်စော၍ ဖြစ်လာနိုင်ကြောင်း တွေ့ရ သည်။
ကိုလက်စထရောချပါ
သွေးထဲရှိ ကိုလက်စထရောများက သွေး လွှတ်ကြောများအတွင်း အနယ်ထိုင်နေကြသဖြင့် နှလုံးသွေးကြောကျဉ်းလာကာ နှလုံးသွေးလည်ပတ် စီးဆင်းမှု နှေးကွေးလာစေသည်။ HDL (ခေါ်) ခန္ဓာကိုယ်အတွက် ကောင်းသောသွေးတွင်းအဆီမြင့်တက်ပါက LDL (ခေါ်)ခန္ဓာကိုယ်အတွက် အသုံးမဝင်သည့် မကောင်းသော သွေးတွင်းအဆီ ဓာတ်ကို ကျသွားစေသည်။ ထို့ကြောင့် ကိုလက် စထရောချပေးပါ။ သွေးတစ်မီလီမီတာတွင် HDL ပမာဏ ၆၀ မီလီ ဂရမ်အထိရောက်အောင် ထိန်းညှိပေးနိုင်ပါက နှလုံးရောဂါ မဖြစ်နိုင်တော့ပေ။
ကိုယ်အလေးချိန်ထိန်းပါ
အဝလွန်ခြင်းက နှလုံးရောဂါဖြစ်ရန် တာစူ နေပါသည်။ အဝလွန်သော ခန္ဓာကိုယ်အတွက် နှလုံး က ပိုမိုအလုပ်လုပ်ရသည့်အတွက် နှလုံးသွေးကြော ရောဂါများအပြင် သွေးတိုးနှင့် ဆီးချိုရောဂါများပါ ဖြစ်စေတတ်၍ အဝမလွန်အောင် ထိန်းသိမ်းပါ။
o စာမျက်နှာ ၁၈ မှ
ဆီးချိုရောဂါမဖြစ်ပါစေနှင့်
ဆီးချိုရောဂါရှိသူများသည် ဆီးချိုရောဂါ မရှိသူများထက် နှလုံးရောဂါဖြစ်နိုင်ခြေ အလား အလာ သုံးဆမျှပိုသည်။ အထူးသဖြင့် ဆီးချိုရောဂါ အမှတ်-၂ က နှလုံးရောဂါ နှင့်အတူ လေဖြတ်ခြင်းကို ဖြစ်စေသည်။ ဆီးချို ပမာဏတက်မလာအောင် အချိုလျှော့စားရင်း ကိုယ်အလေးချိန်လျော့ကျနည်း လေ့ကျင့်ခန်းများဖြင့် သက်ရှည်ကျန်းမာအောင် ဆင်ခြင်ရပါမည်။
စိတ်ဖိစီးမှုနည်းအောင်နေပါ
စိတ်ဖိစီးမှု များခြင်းက နှလုံးကိုထိခိုက်စေ သည့်အပြင် ကိုလက်စထရော မြင့်တက်လာစေ သည်။ ထို့ပြင် သွေးတိုးစေသဖြင့် အချိန်ကြာလာ သည်နှင့်အမျှ အသက်တိုစေသည်။ စိတ်ဖိစီးမှု ကြောင့် အရက်၊ ဆေးလိပ်ဖြင့် လွဲမှားစွာစိတ်ဖြေ ခြင်းမျိုး မလုပ်သင့် ပေ။ အလုပ်ထဲတွင် စိတ်ဖိစီး မှုများသူများ ခေတ္တခဏမျှ လမ်းထလျှောက်ပေး ခြင်းဖြင့် စိတ်သက်သာမှု ရစေနိုင်သည်။
ကလေးသောက် aspirin ဆေးဝါးမှီဝဲပါ
နှလုံးသွေးကြောကျဉ်းရောဂါရှိသူများအတွက် ၈၁ ဂရမ်ပမာဏရှိသော ကလေးသောက် aspirin ဆေးကို နေ့စဉ်သောက်သုံးပေးခြင်းဖြင့် နှလုံး သွေးကြောတွင်း အနည်ကျပိတ်ဆို့ခြင်းကို မဖြစ် စေတော့ဘဲ နှလုံးရောဂါ သိသိသာသာသက်သာ လာစေသည်။ သို့သော် အချို့သူများမှာ aspirin ဆေးဝါး၏ ဘေးထွက်ဆိုးကျိုးများရှိနိုင်၍ နားလည် တတ်ကျွမ်းသောဆရာဝန်နှင့် တိုင်ပင်ပြီးမှ သောက်ပါ။
သွေးမတိုးပါစေနှင့်
လေ့လာဆန်းစစ်ချက်များအရ သွေးတိုး ရောဂါ၏ သုံးရာခိုင်နှုန်းခန့်က နှလုံးရောဂါပါတွဲဖြစ် လာလေ့ရှိသည်။ သွေးမတိုး စေရန်အတွက် ဆား (အငန်) လျှော့စားပြီး အိပ်ရေးဝဝအိပ်ရန်နှင့် အမျက်ဒေါသမထွက်စေရန်လည်း အထူးလိုအပ် သည်။ သွေးပေါင်ချိန်တိုင်းခြင်းဖြင့် နှလုံးခုန်နှုန်း ကိုပါ တစ်ပါတည်းသိရှိနိုင်ပြီး သွေးပေါင်ချိန် မြင့်တက်လာပါက နှလုံးခုန်နှုန်းပါ မြင့်တက်လာ လေ့ရှိသည်။ ထို့ကြောင့် သင့်နှလုံးကို ကာကွယ် သည့်အနေဖြင့် သွေးပေါင်ချိန်မတက်အောင် ထိန်းသိမ်း ပါ။
ဗီတာမင်အားဆေးမှီဝဲပါ
ဗီတာမင် E နှင့် ဗီတာမင် B6 တို့က နှလုံး ရောဂါကို သက်သာစေသလို ဖောလစ်အက်စစ်နှင့် ဗီတာမင် B12 တို့ကလည်း ဟော်မုန်းပမာဏကို ပုံမှန်ဖြစ်စေသည်။ အနည်းဆုံးရက်သတ္တတစ်ပတ် လျှင် နှစ်ကြိမ်မျှ ငါးသေတ္တာနှင့် အဆီများသော ငါးများ စားပါ။ တူနာငါး၊ ဆယ်လ်မွန်ငါး စသောအဆီများ သည့် ပင်လယ်ငါးများကလည်း နှလုံးကို လွန်စွာ ကောင်းကျိုးပြုသည်။ သို့သော် ထိုငါးမျိုးက မြန်မာပြည်တွင် ရနိုင်ရန် ခက်ခဲသဖြင့် လိုအပ်လျှင် ငါးကြီးဆီမှီဝဲခြင်းဖြင့် အထောက်အပံ့ကောင်းဖြစ် စေပါသည်။
အမျှင်ဓာတ်စားပေးပါ
ပြည့်ဝဆီပါဝင်မှု နည်းပြီး အမျှင်ဓာတ်ကြွယ်ဝ သည့် အသီးအနှံ၊ အစေ့အဆန်များက နှလုံးအား ကောင်းစေသည်။ ထို့ပြင် စိမ်းရောင်ခြယ် ဟင်းသီး ဟင်းရွက်များက နှလုံးကို ကျန်းမာလာစေသလို ဗီတာမင်စီကြွယ်ဝသော အသီးအနှံများကလည်း နှလုံးရောဂါဖြစ်ခြင်းမှ ကာကွယ်ပေးနိုင်သည်။ လတ်ဆတ်သောသစ်သီးများ၊ ဘယ်ရီသီးများနှင့် ကြက်သွန်နီတို့တွင် ဗီတာမင်စီ ကြွယ်ဝစွာပါရှိနေ သည်။ အထူးသဖြင့် စိမ်းရောင်ခြယ် ထောပတ်သီး ထဲရှိ မဂ္ဂနီဆီယမ်ဓာတ်က နှလုံးရောဂါကို လျှော့ချပေး ပြီး ပိုတက်ဆီယမ်ဓာတ်က နှလုံးသွေး ဖိအားကို ပုံမှန်ဖြစ်စေသည်။ ဓာတ်တိုးဆန့်ကျင် ပစ္စည်း ကြွယ်ဝသော ဘလူးဘယ်ရီသီးကလည်း ခန္ဓာကိုယ် ကို ဆိုးကျိုးဖြစ်စေသည့် ဖရီးရယ်ဒီကယ်လ်များနှင့် အဆိပ်အတောက်များကို တိုက်ထုတ်ပေးကာ နှလုံး သွေးကြောများကို အထူးကောင်းကျိုးဖြစ်စေ သည်။
လေ့ကျင့်ခန်းလုပ်ပါ
လေ့ကျင့်ခန်းမှန်မှန် ပြုလုပ်ခြင်းက နှလုံး ကြွက်သား သန်မာစေရန်နှင့် နှလုံးကြွက်သား အားကောင်းစေရန် အထောက်အကူပြုသည်။ လမ်းမြန်မြန်လျှောက်ခြင်း၊ စက်ဘီးစီးခြင်း၊ ရေကူး ခြင်း၊ အေရိုးဗစ်၊ ကြိုးခုန် စသည့်ပေါ့ပါးလွယ်ကူ သော ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများကို တစ်နေ့လျှင် မိနစ် ၃၀ မျှလုပ်ပေးပါ။
ကျန်းမာရေးနှင့် ညီညွတ်မျှတအောင်စားပါ
ဟင်းသီးဟင်းရွက်နှင့် အသီးအနှံများမှာ အဆီ ဓာတ်နည်းပါးပြီး ဗီတာမင်၊ သတ္တုဓာတ်နှင့် အမျှင်ဓာတ်တို့ များစွာပါဝင်သည့်အတွက် ကိုယ်အလေးချိန်၊ သွေးတွင်းအဆီနှင့် သွေးပေါင်ချိန် မတက်စေရန် ထိန်းသိမ်းပေးသည်။ ဆန်လုံးညိုကဲ့သို့ အရောင်မချွတ်ထားသော ဆန်နှင့် ဂျုံတို့မှာ အမျှင်ဓာတ် ပေါပေါများများပါရှိနေသည့်အပြင် လူကို အာဟာရပြည့်ဝစေသဖြင့် များများစားပေး သင့်သည်။ အသားများကိုလည်း အရေခွံဖယ်ပြီး အဆီနည်းသောနေရာမှ အသားကိုသာ ရွေးချယ်စား ပါ။ ကျန်းမာရေးနှင့် မညီညွတ်သော တိရစ္ဆာန်အဆီ များနှင့် ဆီကြော်မုန့်များကို ရှောင်ပါ။ ဖြစ်နိုင်လျှင် အော်ဂဲနစ်သစ်သီးဝလံများနှင့် ဟင်းသီးဟင်းရွက်များ ကိုသာ ရွေးချယ်ပါ။ ဖရုံစေ့၊ အစေ့အဆန်များနှင့် အခွံမာရေ သတ္တဝါများတွင် ပါဝင်သော ဇင့်ဓာတ်က လည်း အိုမီဂါ-၃ ကဲ့သို့ပင် နှလုံးရောဂါကို ကာကွယ် ပေးနိုင်သည်။ နေရောင်ခြည် မှတစ်ဆင့်ရရှိသော ဗီတာမင်ဒီက နှလုံးရောဂါ၊ သွေးတိုးရောဂါနှင့် လေဖြတ်ခြင်းတို့ကို ကာကွယ်ပေးနိုင်သည်။ အသား၊ ဥများနှင့် ငါးများတွင်ပါဝင်သော ဓာတ်တိုးဆန့်ကျင် ပစ္စည်းတစ်မျိုးဖြစ်သည့် Co-Q10 အာဟာရဓာတ်က နှလုံးသွေးကြောများ ပျက်စီးမှုကို ကာကွယ်ပေးနိုင် သည်။ ကြက်သွန်ဖြူက နှလုံး သွေးကြောစီးဆင်းမှုကို အားကောင်းစေ၍ တစ်ပြိုင်တည်းမှာပင် သွေးတိုး ရောဂါနှင့် ကိုလက်စထရောကို ကျစေသဖြင့် နှလုံး ကျန်းမာရေးအတွက် ကြက်သွန်ဖြူကို နေ့စဉ် စားသုံးပေးသင့်သည်။ အနက်ရောင် ချောကလက် ကလည်း နှလုံးသွေးလွှတ်ကြောနံရံ များပေါ်တွင် သွေးဖြူဥများ အနည်ကျခြင်းနှင့် နှလုံးသွေးကြော ကြွပ်ဆတ်မာတင်းခြင်းများ မဖြစ်အောင် အထောက်အကူပေးနိုင်သည်။
ကိုဗစ်-၁၉ လူနာများသည် ကိုဗစ်-၁၉ မရှိသော လူနာများနှင့် နှိုင်းယှဉ်လျှင် Myocarditis သို့မဟုတ် နှလုံးကြွက်သား ရောင်ရမ်းမှုဖြစ်နိုင်ခြေ ၁၆ ဆနီးပါးရှိကြောင်း၊ အသက် ၇၅ နှစ်အထက် နှင့် ၁၆ နှစ်အောက် ကလေးများတွင် နှလုံးကြွက်သားရောင်ရမ်းမှု ဖြစ်နိုင်ခြေ အမြင့်ဆုံးဖြစ်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ ကိုဗစ်-၁၉ ရောဂါ မရှိသူ တစ်သိန်းလျှင် နှလုံး ကြွက်သားရောင်ရမ်းသူ ကိုးဦးသာ ဖြစ်စေနိုင် သော်လည်း ကိုဗစ်-၁၉ ရောဂါဖြစ်သူ တစ်သိန်း လျှင် နှလုံးကြွက်သား ရောင်ရမ်းသူ ၁၅၀ အထိ ဖြစ်စေနိုင်သည်ဟု CDC မှ ထုတ်ပြန်သော MMWR အစီရင်ခံစာတစ်ခုက ဖော်ပြထားကြောင်း သိရ သည်။
အချုပ်အားဖြင့်ဆိုသော် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ (WHO)၏မှတ်တမ်းများအရ မြန်မာနိုင်ငံတွင် နှလုံးခုန်နှုန်းမမှန်သောရောဂါမှာ အသက် ၆၅ နှစ်နှင့်အထက် အဖြစ်များနေသော်လည်း လေးဘက်နာရောဂါရှိသူ လူငယ်များလည်း နှလုံး ရောဂါအဖြစ်များနေကြောင်း သိရသည်။ ဆန်းစစ် ချက်များအရ အသက် ၇၀ မှ ၈၀ နှင့်အထက် အသက် အရွယ်များတွင် နှလုံးရောဂါဖြစ်ပွားနိုင်ခြေသည် အမြင့်ဆုံးဖြစ်လာမည်ဖြစ်ပြီး အမျိုးသမီးများတွင် အများဆုံးဖြစ်ပွားနိုင်ကြောင်း တွေ့ရှိထားသည်။ သုတေသနရလဒ်များအရ လူတစ်ဦးမှတစ်ဦးဆီသို့ မကူးစက်နိုင်သော နာတာရှည်နှလုံးရောဂါသည် ကိုဗစ်-၁၉ ကာလတွင် အသက်ဘေးကို ခြိမ်းခြောက်နိုင်ကြောင်း၊ ယခင်က နှလုံးလုပ်ငန်း ဆောင်တာပျက်စီးမှု (Heart Failure) ရှိခဲ့ဖူးသူက ကိုဗစ်-၁၉ ရောဂါကာလအတွင်း သေဆုံးနိုင်ခြေ ၂ ဒသမ ဝ၉ ဆ ပိုများကြောင်း၊ ယခင်က နှလုံး သွေးကြောပိတ်ဆို့မှု (Myocardial Infarct) ရှိခဲ့ဖူးသူက ကိုဗစ်-၁၉ ရောဂါကာလအတွင်း သေဆုံးနိုင်ခြေ ၁ ဒသမ ၁၁ ဆ ပိုများကြောင်း သတိပေးထားသည်။ ထို့ကြောင့် ဖော်ပြပါမကူးစက် တတ်သော ရောဂါရှိသူများနှင့် ၎င်းမိသားစုဝင်များ အနေဖြင့် ကိုဗစ်-၁၉ ရောဂါ မဖြစ်အောင် အထူးသတိပြု၍ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့် အညီ ကြိုတင်ကာကွယ်ပြုမူနေထိုင်သင့် ပေသည်။ ။
- Log in to post comments