ကိုဗစ်-၁၉ ရောဂါ ကွင်းဆက်ပြတ်တောက်ဖို့ကတော့ ပြည်သူလူထုအစွမ်းကုန် လိုက်နာမှရမယ်

Type
န

 

 

ဒေါက်တာထွန်းမြင့်

 

 

ရန်ကုန်တိုင်းဒေသကြီးတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု တစ်နေ့တခြား ကျဆင်းလာမှုနှင့်အတူ ကုသရေးစင်တာများနှင့် Quarantine စင်တာများတွင်လည်း ပိုးတွေ့လူနာများ၊ ရောဂါရှိသူနှင့် ထိတွေ့သူများ လျော့ပါးလာခဲ့ပြီဖြစ်ရာ ကုသရေးစင်တာတချို့ပင် ပိတ်သိမ်းမှုများ ရှိနေပြီ ဖြစ်သည်။

ထိုသို့ ရန်ကုန်တိုင်းဒေသကြီးတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုကျဆင်းလာ ခြင်း၊ ကုသရေးစင်တာတချို့ ပိတ်သိမ်းခြင်း နှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန မှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ထွန်းမြင့်နှင့် တွေ့ဆုံမေးမြန်းထားသည် များကို တင်ပြလိုက်ပါသည်။

မေး ။ ။ ရန်ကုန်တိုင်းဒေသကြီးအတွင်း

မှာရှိတဲ့ ကိုဗစ်-၁၉ ကုသရေး စင်တာတချို့ ပိတ်သိမ်းတယ်လို့ သိရပါ တယ်။ ဒီလိုပိတ်သိမ်းရတဲ့ အကြောင်းရင်း နဲ့ပတ်သက်ပြီး သိချင်ပါတယ်။

ဖြေ ။ ။ အခုလ ဒီဇင်ဘာ ၂၆ ရက်နေ့

အထိဆိုရင် အရပ်ဘက်မှာရှိတဲ့ ကုသရေးစင်တာ ၁၅ ခုထဲက ယဉ်ကျေးမှု တက္ကသိုလ်ဆိုရင် လူနာတစ်ယောက်မှ မရှိ တော့ဘူး။ ဒေသန္တရဗိမာန်၊ ရန်ကင်းစင်တာ တွေမှာလည်း လူနာမရှိသလောက် ဖြစ် သွားပြီ။ ဒါတွေက ပိတ်ရတဲ့အခြေအနေကို ရောက်လာတာပါ။ ဒီနေ့ဆိုရင် လူနာ ၃၈၆၁ ဦးပဲ ရှိတယ်။ ရန်ကုန်တိုင်းထဲက ဆေးရုံ ၄၆ ရုံအပါအဝင်ဆိုရင် ၈၈၄ ဦးရှိတယ်။ အရင်က လူဦးရေသောင်းကျော်ရှိရာကနေ အခုဆိုဒီလောက်အထိ ထိုးဆင်းသွားတယ်။

တပ်မတော်ဘက်မှာ ဆိုရင်လည်း ကိုဗစ်-၁၉ ကုသရေးနေရာ ခုနစ်နေရာ ရှိပါ တယ်။ အဲဒီဘက်မှာ ခုတင် ၆၄၀ ရှိတယ်။ အားလုံးပေါင်းလိုက်ရင် ရန်ကုန်တစ်တိုင်း လုံးမှာ အတည်ပြုလူနာ ၅၃၈၅ ဦးရှိပါတယ်။ အတည်ပြုလူနာထားနိုင်တဲ့ပမာဏရဲ့ သုံးပုံ တစ်ပုံလောက်ပဲ လူနာက ရှိပါတော့တယ်။ လူနာနည်းတယ်ဆိုရင် ပိုပြီးဝန်ဆောင်မှု ပေးနိုင်အောင်၊ ကုသမှုပေးနိုင်အောင် တချို့ ကုသရေးစင်တာတွေက ပေါင်းဖြစ် သွားတာပေါ့။ ဒါက ကုသရေးစင်တာတွေရဲ့ ပိတ်သိမ်းရတဲ့ အကြောင်းရင်း အခြေအနေ ဖြစ်ပါတယ်။

မေး ။ ။ Quarantine စင်တာတွေမှာ

လူနာတွေကို စောင့်ရှောက်ဖို့ မဖြစ်နိုင်တော့လို့ ပိတ်သိမ်းရတော့မယ်ဆိုတဲ့ အသံတွေလည်း ကြားနေရပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ရှင်းပြပေးပါ။

ဖြေ ။ ။ Quarantine စင်တာတွေအနေနဲ့

ပြောရမယ်ဆိုရင် Quarantine ထားတာက အဓိကအားဖြင့် ဆောင်ရွက်တာ နှစ်နေရာရှိပါတယ်။ တစ်ခုက Hotel Quar- antine ၊ နောက်တစ်ခုက Facility Quara- ntine ဆိုပြီး ရှိပါတယ်။ Hotel Quarantine မှာ ဆိုရင် ဟိုတယ် ၅၇ ခုမှာ လူဦးရေ ၁၃၀၀ ကျော်ပဲ ရှိတော့တယ်။ Facility Quarantine ၂၃ ခုမှာဆိုရင် လူဦးရေ ၈၀၀ ကျော်ပဲ ရှိတော့တယ်။ အခုဆို Quarantine စင်တာ တွေမှာ လူဦးရေ ၂၀၀၀ကျော်ပဲ ရှိတော့တယ်။ Quarantine စင်တာတွေကို ပိတ်လိုက်တာ တော့ မဟုတ်ဘူး။ Quarantine မှာ ဝင်တဲ့လူဦး ရေက လျော့နည်းလာတယ်။ ဒီအခြေအနေ ကြောင့်ပါပဲ။

ဒီနေရာမှာ Community Based Facility Quarantine တွေ မြို့နယ်တွေမှာ ရှိသေးတယ်။ မြို့နယ်ကိုဗစ်ကော်မတီတွေရဲ့ ဦးဆောင်မှုနဲ့ ဆောင်ရွက်နေတဲ့ ဒီဟာတွေကလည်း ဒီနေ့ အထိဆိုရင် ရန်ကုန်တစ်တိုင်းလုံးမှာ ၁၆၃ ခု ရှိနေပါသေးတယ်။ အဲဒီမှာ Quarantine ဝင်နေ တဲ့သူတွေက ပိုးတွေ့လူနာနဲ့ ထိတွေ့ခဲ့တဲ့သူ တွေ ၂၅၇၉ ဦး ရှိနေပါတယ်။ အနံ့ပျောက် စင်တာတွေဆိုလည်း ရာကျော်ရှိရာကနေ အခု ဆိုရင် ၅၃ နေရာပဲရှိတော့တယ်။ လျော့လာ ပြီ။ အဲဒီ အနံ့ပျောက်စင်တာ ၅၃ ခုမှာ လူနာက အခုဆို ၂၅၇ ဦးပဲ ရှိတော့တယ်။ လူနာတွေကို စောင့်ရှောက်ဖို့ မဖြစ်နိုင်တော့လို့ Quarantine စင်တာတွေ ပိတ်တော့မယ်ဆိုတာ မဟုတ်ပါ ဘူး။

မေး ။ ။ လက်ရှိ ရန်ကုန်တိုင်းဒေသကြီး

အတွင်းမှာ ကိုဗစ်- ၁၉ ရောဂါ ကူးစက်မှုအခြေအနေကို သိချင်ပါတယ်။

ဖြေ ။ ။ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ

ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုက လျော့ကျသွားတယ်။ သေဆုံးမှုနှုန်းကလည်း ကျဆင်းသွားပါတယ်။ ကူးစက်မှုလည်း ကျဆင်းသွားတဲ့ အခြေအနေကြောင့် Quara- ntine စင်တာတွေမှာလည်း အနီးကပ်ထိတွေ့ သူတွေ ဝင်ရောက်တာတွေ လျော့နည်းသွား ပါတယ်။ ကုသရေးစင်တာတွေဆိုရင်လည်း ပိုးတွေ့လူနာတွေ တဖြည်းဖြည်းလျော့ကျ လာပါတယ်။ လျော့ကျလာတဲ့ အခြေအနေကို ကြည့်ရင် အရင်က ရန်ကုန်တိုင်းက တစ်နိုင်ငံ လုံးရဲ့ ၉ဝ ရာခိုင်နှုန်းလောက်က ရောဂါ ကူးစက်မှု ပိုးတွေ့ရှိရတဲ့ အခြေအနေကနေ အခုဆိုရင် တစ်နိုင်ငံလုံးရဲ့ ၆၉ ရာခိုင်နှုန်း ကူးစက်မှုပဲ ရှိပါတော့တယ်။

အကြောင်းရင်းကတော့ ရန်ကုန်တိုင်းက ကူးစက်မှုလျော့ကျသွားတာလည်း ပါသလို လက်ရှိမှာ တခြားပြည်နယ်နဲ့တိုင်းက ရောဂါ ကူးစက်မှုနှုန်း များလာတာကြောင့်လည်း ပါပါတယ်။ အခုဆိုရင် တခြားတိုင်းနဲ့ ပြည်နယ် တွေက ၃၁ ရာခိုင်နှုန်း၊ ရန်ကုန်တိုင်းက ၆၉ ရာခိုင်နှုန်းရှိပြီဖြစ်ပါတယ်။ ကိန်းဂဏန်းအရ ပြောရရင်တော့ ဒီဇင်ဘာ ၂၃ ရက်အထိ စာရင်း ဇယားတွေအရ ပိုးတွေ့လူနာက တစ်နိုင်ငံလုံး မှာဆို ၁၁၈၈၆၉ ဦးဖြစ်ပြီး အဲဒီထဲမှာ ရန်ကုန် တိုင်းက ၈၁၆၆၀ ၊ တခြားပြည်နယ်နဲ့ တိုင်း တွေက ၃၇၂၀၉ဦး ရှိပါတယ်။ ရန်ကုန်တိုင်း အနေနဲ့ ပိုးတွေ့ရှိမှုနှုန်းသာမက ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးမှုမှာလည်း နှစ်ပတ် အတွင်း လျော့ကျသွားတာတွေ တွေ့ရှိရပါ တယ်။

မေး ။ ။ အခုလို ရန်ကုန်တိုင်းဒေသကြီး

အတွင်းမှာ ကိုဗစ်- ၁၉ရောဂါ ကူးစက်မှုနှုန်း ကျဆင်းသွားရတဲ့ အကြောင်း ရင်းကိုလည်း သိချင်ပါတယ်။

ဖြေ ။ ။ ကျွန်တော်တို့ နဂိုကလည်း ပြောနေ

ပါတယ်။ ဆောင်းရာသီကို ဝင်လာ တော့မယ်ဆိုရင် Virus တွေက ကူးစက်ပြန့်ပွား မှုတွေ များလာမယ်။ ဒါနဲ့ပတ်သက်ပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်ကလည်း ညွှန်ကြားထားတာရှိ တယ်။ ဒါနဲ့တစ်ဆက်တည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ကလည်း မျက်ခြည်မပြတ် ပြည်သူ့ကျန်းမာရေး လုပ်ငန်းတွေ အရှိန်မြှင့်ဆောင်ရွက်ဖို့ ညွှန်ကြား တာတွေရှိပါတယ်။ တောက်လျှောက်ညွှန်ကြား တဲ့အခါကျတော့ ရန်ကုန်တိုင်းဆိုတာ လူဦးရေ ထူထပ်တဲ့အပြင် စီးပွားရေးမြို့တော်လည်း ဖြစ်တယ်။ ဆေးကုသတဲ့ အဆင့်မီဆေးရုံကြီး တွေကလည်း ရန်ကုန်မှာ အများဆုံးရှိကြ ပါတယ်။ ကူးစက်မှုကလည်း လူဦးရေ ထူထပ် တဲ့အတွက် သဘာဝအလျောက် ကျွန်တော် တို့က အများဆုံး။ တစ်နိုင်ငံလုံးရဲ့ ကိုဗစ်ကို ထိန်းချုပ်နိုင်ဖို့ဆိုရင် ရန်ကုန်ကိုထိန်းချုပ်နိုင်မှ ရမယ်။ အဲဒါကြောင့် ရန်ကုန်မှာအရှိန်မြှင့်ပြီး ပြည်သူ့ကျန်းမာရေးလုပ်ငန်းတွေကို ဆောင် ရွက်ပါတယ်။ အဲဒီလို အရှိန်မြှင့်ဆောင်ရွက် တဲ့အခါမှာ နိုဝင်ဘာ ၁၅ ရက်နေ့ကစပြီး လူထုလှုပ်ရှားမှုကြီးတစ်ခု အစပျိုးခဲ့တယ်။ လူစည်ကားရာ နေရာတွေမှာ Mask တပ်ဖို့၊ Face Shield တပ်ဖို့ ကမ်ပိန်းလုပ်တယ်။ အခမဲ့ ပေးဝေတယ်။ လက်ကိုင်စပီကာတွေနဲ့ ကျန်းမာရေးအသိပညာပေးတွေ လုပ်ပါတယ်။ လက်ကမ်းစာစောင်တွေ ဝေတယ်။ အဲဒီလို ဆောင်ရွက်ရင်း နှစ်ပတ်ကျော်တဲ့အခါမှာ ရောဂါကူးစက်မှု သိသိသာသာ ကျဆင်းလာ တာ တွေ့ရပါတယ်။

ကျန်းမာရေး အသိပညာပေးတွေ အရှိန် မြှင့် ဆောင်ရွက်ရင်း ပြည်သူလူထုက အထိုက် အလျောက် လိုက်နာလာတာ တွေ့ရတယ်။ အရင်ကထက်စာရင် Mask တပ်လာကြတယ်။ လူအုပ်စု လုပ်ရမှာလည်း ကြောက်လာကြ တယ်။ ပြည်သူလူထုက လိုက်နာလာကြတဲ့ အတွက် ရောဂါကူးစက်မှု ကျဆင်းလာတယ်လို့ သုံးသပ်လို့ ရပါတယ်။ ကိုဗစ်- ၁၉ ရောဂါ ကွင်းဆက်ပြတ်တောက်ဖို့ကတော့ ပြည်သူ လူထုအစွမ်းကုန်လိုက်နာမှရမယ်။ Mask တပ်ပါ၊ လက်ဆေးပါ၊ ခပ်ခွာခွာနေပါ။ ဒါတွေ ကိုလိုက်နာဖို့ တစ်ဦးကိုတစ်ဦးလည်း သတိ ပေးပါ။ အသိပေးပါ။ ဒါကို ထပ်ကာတလဲလဲ အမူအကျင့် ပြောင်းလဲတဲ့အထိ ဆောင်ရွက် လိုက်ကြမယ်ဆိုရင် ကိုဗစ်- ၁၉ ကူးစက်မှု လျော့ကျတဲ့ အခြေအနေကနေ ပြတ်တောက် နိုင်တဲ့ အခြေအနေအထိ ရောက်လာမယ်လို့ မျှော်မှန်းပါတယ်။ ဒါကြောင့် ကိုဗစ်-၁၉ တိုက်ဖျက်ရေးမှာ ပြည်သူလူထုပူးပေါင်းပါဝင် မှုက အားကောင်းဖို့လိုပါတယ်။ ရောဂါပိုး ကူးစက်မှုကျဆင်းတဲ့ အကြောင်းရင်းကို ပြောရင်တော့ ပြည်သူလူထုပူးပေါင်းပါဝင်လို့ ကျဆင်းတယ်လို့ သုံးသပ်ရမှာပါ။

မေး ။ ။ ဖြည့်စွက် ပြောကြားစရာ ရှိရင် ပြောကြားပေးပါ။

ဖြေ ။ ။ ကိုဗစ်- ၁၉ ကာကွယ်ဆေးရခဲ့ရင်

တောင် ကိုဗစ်- ၁၉ ရောဂါက ကမ္ဘာပေါ်ကနေ ပျောက်သွားမယ့် အခြေ အနေ မရှိသေးပါဘူး။ ရာသီတုပ်ကွေးလိုပဲ ကိုဗစ်နဲ့အတူ နေထိုင်သွားကြမယ့် အခြေ အနေတွေလည်းပဲ ရှိနေပါတယ်။ ကိုဗစ် ကလည်း ကျွန်တော်တို့ ဘေးနားမှာ ရှိနေ တယ်။ နေထိုင်မှုပုံစံကလည်း အရင်အတိုင်း ပဲဆိုရင် မရဘူး။ မရဘူးဆိုတော့ New Normal Life Style နဲ့ နေသွားကြရတော့ မယ်။ အရင်လူနေမှု ပုံစံအတိုင်း သွားနေကြ မယ်ဆိုရင် ရောဂါကူးစက်မှုက မြင့်မားနေ ဦးမှာ ဖြစ်ပါတယ်။ ဘေးနားမှာတော့ ကိုဗစ်ပိုးက ရှိတယ်။ ဒီရောဂါပိုးကူးစက် မခံရအောင် လူနေမှုပုံစံအသစ်နဲ့ သွားကြ ရတော့မယ်။ ဒါကျွန်တော်တို့ရဲ့ New Nor- mal Life Style ပါပဲ။

New Normal Life Style ထဲမှာ အဓိကအချက်က သုံးချက်ပဲပါတယ်။ Mask တပ်ပါ၊ လက်ဆေးပါ၊ ခပ်ခွာခွာနေပါ။ အဲဒီ အထိရောက်တဲ့အချိန်ကျမှ ကျွန်တော်တို့ရဲ့ စီးပွားရေးလုပ်ငန်းတွေလည်း ပုံမှန် လည်ပတ်နိုင်တော့မှာ ဖြစ်ပါတယ်။ စီးပွား ရေးလုပ်ငန်းတွေ ပုံမှန်လည်ပတ်တော့မယ် ဆိုရင် ကိုဗစ်ကလည်း အနားမှာရှိနေတယ်။ အလုပ်တွေ ရပ်ထားရမယ်ဆိုတာ မဟုတ် ဘူး။ ကိုဗစ်ကို ရင်ဆိုင်ဖို့ New Normal နဲ့ သွားကြရတော့မယ်။ Mask တပ်ပါ၊ လက်ဆေးပါ၊ ခပ်ခွာခွာနေမယ်။ ဒါကို အားလုံးက အလေ့အထကောင်းတွေ ရှိနေပြီ ဆိုရင်တော့ New Normal Life Style နေသွားကြမယ်။ ပြည်သူလူထု အမူအကျင့် ပြောင်းလဲရေးအထိ ဆောင်ရွက်နေပါတယ်။

အခုလိုဖြေကြားပေးတာ ကျေးဇူးတင် ပါတယ်။

တွေ့ဆုံမေးမြန်း- သီသီမင်း၊ မင်းသစ်(MNA)

ဓာတ်ပုံ-ဥဂ္ဂါဖြိုး