ကျန်းမာရေးဂရုစိုက်ပါ

Type

 

ဆရာနောင်

 

ဟုတ်တော့လည်းဟုတ်သည်။    ကိုယ်တိုင်က ဆေးပညာ  နားလည်တတ်ကျွမ်းသူမဟုတ်သဖြင့် ကျန်းမာရေးနှင့် ပတ်သက်ပြီး   စိတ်ထဲမှာ    သင်္ကာ မကင်းဖြစ်လာလျှင် ဆေးရုံဆေးခန်း စောစောစီးစီး ပြခြင်းက   ကောင်းကွက်တစ်ကွက်        ဖြစ်ပါသည်။ သင့်လျော်သော   ရောဂါရှာဖွေစစ်ဆေးမှုနှင့်  ဆေး ကုသမှုကို   လျင်မြန်စွာ   ရနိုင်ပါသည်။    သို့သော် ဤသည်က ကျန်းမာရေးဂရုစိုက်ခြင်း၏ အစိတ် အပိုင်းတစ်ရပ်မျှသာ ရှိပါသေးသည်။  ရောဂါဖြစ်မှ ဆေးရုံဆေးခန်းပြေးမည့်အစား   ရောဂါဖြစ်အောင် အားပေးသည့် နေထိုင်စားသောက်ပုံကို ပြုပြင်နိုင် မည်ဆိုလျှင် ကျန်းမာရေးဂရုစိုက်ဆိုသည့်စကား၏ အဓိပ္ပာယ်ပို၍ ပြည့်ဝလာမည်ဟု ဆိုချင်ပါသည်။
 ကျန်းမာစေသော နေထိုင်စားသောက်ပုံ
 ကျန်းမာစေသော    နေထိုင်စားသောက်ပုံဟု ဆိုသည့်အခါ အိပ်မှုစားမှုကိုဂရုစိုက်ခြင်း၊ ကိုယ်လက် လှုပ်ရှားခြင်း၊     စိတ်ကျန်းမာမှုရှိအောင်လုပ်ခြင်း စသည့်ကိစ္စများ ပါဝင်လာပါသည်။  အိပ်စက်သည့် ကိစ္စကစပြီး   ပြောပါမည်။ အရပ်ထဲက    လူအများစု နားလည်ထားသည့်    အိပ်စက်ခြင်းဆိုသည်မှာ တစ်နေ့တာ ပင်ပန်းထားသမျှအတွက် အနားယူခြင်း ဖြစ်ပါသည်။   ခန္ဓာကိုယ်မှာ စိတ်ပိုင်း၊   ရုပ်ပိုင်းအရ ပျက်စီးထားသမျှအရာများကို      အိပ်စက်ချိန်မှာ ပြုပြင်ပေးသည့်အဖြစ်ကို သိသူနည်းပါသည်။ အအိပ် အနေနည်းသူကို     ချီးမွမ်းကြပြီး   အိပ်ချိန်များများ ယူသူကို   လူပျင်းဟု  ဆိုကြပါသည်။  လတ်တလော  သုတေသနများအရ အသက်အရွယ်အပေါ်  မူတည်ပြီး တစ်နေ့တာ  အိပ်စက်ချိန် (၇-၉)နာရီ   လိုပါသည်။ အသက်ငါးဆယ်ကျော်ပြီဟုဆိုလျှင်ပင်  အိပ်စက်ချိန် ခုနစ်နာရီလောက် လိုပါသည်။ မည်သူမဆို တစ်နေ့ လျှင် နှစ်နှစ်ခြိုက်ခြိုက်    အိပ်ပျော်ချိန် လေးနာရီ လောက်  လိုပါသည်။     နေ့ဘက်အိပ်စက်ခြင်းနှင့် ညဘက်အိပ်စက်ခြင်းတို့ အာနိသင်မတူကြပါ။ ခန္ဓာ ကိုယ်ပြုပြင်သည့်အလုပ်ကို ညဘက်မှာပဲ  လုပ်တာ များပါသည်။ အိပ်ရေးပျက်သည့်ညတွေများလျှင် လူမှာညောင်နာနာဖြစ်ရုံသာမဟုတ်ဘဲ  ခန္ဓာကိုယ်ထဲ မှာ မမြင်သာသော     ရောင်ရမ်းမှုများဖြစ်သည်။ ထိုရောင်ရမ်းမှုများ တာရှည်လာလျှင် ဆီးချိုရောဂါ၊ နှလုံးရောဂါ၊ သွေးတိုးရောဂါ၊   ကင်ဆာရောဂါများအထိဖြစ်လာနိုင်သည်။ ကိုယ်ခံအားနည်းလာသဖြင့် မကြာခဏ  ဖျားနာနိုင်သည်။
အိပ်ရေးပျက်ခြင်း
အိပ်ရေးပျက်ခြင်းသည် တစ်ညတလေဆိုလျှင် ပြဿနာမရှိပါ။ အိပ်ရာပြောင်းခြင်း၊ ခရီးသွားသဖြင့် မြို့ပြောင်းပြီး အိပ်ရခြင်း၊ နိုင်ငံပြောင်းပြီး အချိန်ဇုန် ပြောင်းအိပ်ရခြင်း၊ အတွေးလွန်ခြင်း၊  ဒေါသဖြစ်ခြင်း စသည်တို့ကြောင့် တစ်ခါတစ်ရံ အိပ်မပျော်ခြင်းမျိုး ရှိနိုင်သည်။ နေ့ဆိုင်း၊ ညဆိုင်းပြောင်းပြီး လုပ်ရခြင်း ကြောင့် အိပ်မပျော်ခြင်းမျိုး ရှိနိုင်သည်။ ဤအဖြစ်မျိုး များတွင်    ယာယီအိပ်မပျော်ခြင်းမျိုး    ရှိနိုင်သည်။ ရက်ဆက်ပြီး  အိပ်မပျော်ဖြစ်လာလျှင် ကိုယ်တွင်း ရောဂါကြီး ရှိ မရှိ စစ်ဆေးသင့်သည်။ သွေးချို၊ ဆီးချို ကြောင့် ညဘက်မှာ မကြာခဏ ဆီးသွားရပြီး  အိပ် မပျော်ခြင်း ရှိနိုင်သည်။ နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ ကျောက်ကပ်ရောဂါများကြောင့်     ညတစ်ဝက်မှာ နိုးလာပြီး   ပြန်အိပ်မပျော်ခြင်းမျိုး    ရှိနိုင်သည်။ သွေးချို၊ ဆီးချိုဖြစ်ကာစတွင်လည်း အိပ်စက်ခြင်း ပြဿနာတချို့ရှိသည်။  ပန်းနာရင်ကျပ်၊  အဆစ် အမျက်နာခြင်း  စသည်တို့ကလည်း အိပ်စက်ခြင်းကို ဒုက္ခပေးနိုင်သည်။   ရောဂါကြီးကို ဆေးကုလိုက်လျှင် အိပ်စက်ခြင်းမှာ ပြဿနာနည်းသွားပါမည်။ ရောဂါ ကြီး မရှိသူများအဖို့ ညဘက်တွင် အချိန်မှန် အိပ်ရာ ဝင်ခြင်း၊   မအိပ်မီ    သုံးနာရီအလိုတွင် အစာဖြတ်ခြင်း၊ မအိပ်မီတစ်နာရီတွင် အင်တာနက်ဖြတ်ခြင်းတို့သည် အိပ်စက်မှုကို အထောက်အကူပြုသည်။ အိပ်ခန်း သည် အသံဆူညံမှု၊ အပူချိန်မြင့်မှု၊  မီးလင်းနေမှုတို့ မရှိလျှင် အိပ်ပျော်လွယ်သည်။ ငွေကြေးအခက်အခဲ၊ နေထိုင်ရေးအခက်အခဲ၊ လူမှုရေးပြဿနာ စသည် တို့သည် စိတ်ဖိစီးမှုကိုဖြစ်စေပြီး အိပ်ရေးပျက်စေ သဖြင့် ယင်းတို့ကို ဖြေရှင်းသင့်ပါသည်။
နံနက်စာနှင့် ကျန်းမာရေး
မနက်ပိုင်းအိပ်ရာနိုး မျက်နှာသစ်ချိန်တွင်  ရေကို သုံးမိနစ်ခန့်    ငုံထားသင့်ပါသည်။   ခံတွင်းထဲမှ အပူများ အပြင်သို့   ထွက်လာပြီး     သွားနှင့် သွားဖုံး ပြဿနာများ    နည်းစေရန်ဖြစ်သည်။    မျက်လုံး ပြဿနာလည်း  နည်းနိုင်ပါသည်။   ပြီးသွားလျှင်  သွားတိုက်နိုင်သည်။    သွားတိုက်သည့်အလုပ်ကို      ညအိပ်ရာမဝင်မီမှာ    လုပ်သင့်ပါသည်။   ခံတွင်း သန့်ရှင်းခြင်းကြောင့် သွားနှင့်   သွားဖုံး ပြဿနာ နည်းမည့်အပြင်       နှလုံးမထိခိုက်စေရန်လည်း အထောက်အကူပြုပါမည်။ မနက်ပိုင်းသွားတိုက်သင့် သည့်အချိန်မှာ  မနက်စာစားပြီးချိန် ဖြစ်သည်ဟု သွားဘက်ဆိုင်ရာ ဆရာဝန်များက    ဆိုပါသည်။ မျက်နှာသစ်ပြီးလျှင် ဦးစားပေး၍   လုပ်သင့်သည့် အလုပ်မှာ ရေဝဝသောက်ခြင်းဖြစ်သည်။ အနည်းဆုံး ရေသန့်ပုလင်း    ထက်ဝက်မှ     တစ်ပုလင်းအထိ သောက်နိုင်သည်။    ရေက      ဆီးဝမ်းမှန်စေရန် အကူအညီပေးပါသည်။ ရေသောက်ပြီးလျှင် ဆီးဝမ်း သွားတတ်သည့်အကျင့်ကို တဖြည်းဖြည်း မွေးသင့် ပါသည်။ ဝမ်းချုပ်ခြင်းသည်လည်း ကျန်းမာရေးကို ထိခိုက်စေသောအကြောင်းဖြစ်သည်။ ဝမ်းသွားပြီး လျှင် မနက်စာစားရမည်။ အလုပ်လုပ်သူဖြစ်လျှင် မနက်စောစောစာကို အလုပ်မသွားမီမှာ များများ စားသင့်သည်။ အလုပ်လုပ်ရမည်     မဟုတ်ပါလား။ ညစာစားချိန်နှင့် နောက်နေ့မနက်စာ စားချိန်အကြား ဆယ့်နှစ်နာရီလောက် ခွာထားခြင်းသည် ခန္ဓာကိုယ် ၏    ဇီဝရုပ်ဖြစ်ပျက်မှုကို မှန်စေပြီး     ရောဂါကြီးများ မဖြစ်စေရန်     အထောက်အကူပြုသည်ဟုဆိုရာ ဖြစ်နိုင်လျှင် လိုက်နာသင့်ပါသည်။
မနက်ပိုင်း ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း
မနက်ပိုင်း အစာမစားမီတွင်    လုပ်သင့်သည့် အလုပ်မှာ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း ဖြစ်သည်။ အလုပ်လုပ်သူက     ကားဂိတ်၊    ရထားဘူတာရုံသို့ လမ်းလျှောက်သွားခြင်းသည် ကိုယ်လက်လှုပ်ရှား ခြင်းတစ်မျိုး ဖြစ်ပါသည်။ ခရီးအလွန်မဝေးလျှင် ကား၊ ရထားဂိတ်ဆုံးမှနေ၍   မိမိအလုပ်ခွင်ရှိရာသို့ လမ်းလျှောက်ခြင်းသည်လည်း လေ့ကျင့်ခန်းဖြစ်ပါ သည်။ ဓာတ်လှေကားမစီးဘဲ ရုံးပေါ်တက်ခြင်းသည် လည်း လေ့ကျင့်ခန်း  ဖြစ်ပါသည်။ အိမ်မှာနေသူများ က စျေးသွားခြင်း  သို့မဟုတ် သီးသန့်လမ်းလျှောက် ထွက်ခြင်းလုပ်သင့်သည်။  ရာသီဥတုမသာယာလျှင် အိမ်ထဲမှာလုပ်နိုင်သော လေ့ကျင့်ခန်းမျိုးကို ကြိုတင် စဉ်းစားထားနိုင်သည်။ အိမ်ကနေရာလွတ်မှာ လမ်း လျှောက်လျှင်လည်း  ဖြစ်သည်။     အိမ်အလုပ်များ လုပ်ခြင်းမှာလည်း လေ့ကျင့်ခန်းတစ်မျိုးဖြစ်သည်။ အိမ်မှာနေသူများက   မနက်ပိုင်း      ဆယ်မိနစ်ခန့် လေ့ကျင့်ခန်းလုပ်ပြီးလျှင်   ခဏနားပြီး      မနက်စာ စားရပါမည်။လူကြီးပိုင်းအနေဖြင့် မနက်စာစားပြီး လုပ်သင့်သည်မှာ ဘုရား၊   တရားအလုပ် ဖြစ်သည်။ မိမိကိုးကွယ်ရာ   ဘာသာအလိုက် အချိန်နည်းနည်း ပေးပြီး  လုပ်သင့်သည်။  ဗုဒ္ဓဘာသာဝင်များက  ပန်း ရေချမ်း၊ ဆွမ်းကပ်ခြင်းများ  လုပ်နိုင်သည်။    အလုပ် သွားရသူများက  လမ်းခရီးမှာ    ထိုင်စရာရလျှင် တရားစာများကို   စိတ်မှတ်ဖြင့်  ရွတ်ဆိုသွားနိုင်ပါ သည်။ ဘာသာတရားအလုပ်ကို လေးလေးစားစား လုပ်ခြင်းသည် စိတ်ဖိစီးမှုကို   လျော့ကျစေသည့်             အပြင် ကိုယ်ခံအားကိုလည်း     တက်စေကြောင်း သိပ္ပံဆိုင်ရာ တွေ့ရှိချက်များ ရှိပါသည်။
လခစား အလုပ်လုပ်ရသူများအတွက် နေ့လယ်စာ စားချိန်သည် မွန်းတည့်၁၂ နာရီ ဖြစ်လေ့ ရှိပါသည်။ ထမင်းစားချိန်    တစ်နာရီမကုန်ပါ။  ထမင်းစားပြီး အချိန်တွင်း ဖြည်းဖြည်းမှန်မှန်    ခြေလှမ်းသုံးရာခန့် လမ်းလျှောက်သင့်သည်။    အချိန်ဆယ်မိနစ်ထက် ပိုပြီးမကြာပါ။  လမ်းလျှောက်ခြင်းကြောင့်    အစာ ကြေချက်စုပ်ယူမှု  အားကောင်းစေပါသည်။ စွမ်းအင် အသုံးပြုမှုအားကောင်းခြင်းကြောင့်   အဝလွန်ခြင်း နှင့် သွေးချို၊ ဆီးချို ဖြစ်နိုင်ခြေကို လျှော့ချပေးပါ လိမ့်မည်။   ကိုယ်ပိုင်အလုပ်လုပ်သူများနှင့်  အိမ်တွင် နေသူများသည်လည်း မနက် ၁၁ နာရီခွဲနှင့် ၁၂ နာရီ ကြားမှာ   နေ့လယ်စာ     စားသင့်သည်။ အချိန်မှန် အစာစားလေ့ရှိသူများတွင် အစာချေဖျက်မှု   ပို၍ အားကောင်းပါသည်။ ဤသူများလည်း စားပြီးလျှင်   လမ်းလျှောက်သင့်သည်။ အသက် ၅၀  ဝန်းကျင်    လူကြီးပိုင်းအနေဖြင့်   နေ့လယ်စာ    စားပြီးလျှင် တိုင်းရင်းအစာကြေဆေးတစ်မျိုးမျိုး    စားပေးခြင်းက   သင့်လျော်ပါသည်။  လူငယ်ပိုင်းရော    လူကြီးပိုင်းပါ   နေ့လယ်စာ  စားပြီးချိန်တွင် ဓာတ်စုံပါသော အနောက်တိုင်းအားဆေးတစ်မျိုးမျိုးကို စားနိုင်ပါသည်။ ယနေ့ခေတ်  စိုက်ပျိုးရေးပုံစံက အစာမှတစ်ဆင့် အဓိက အာဟာရဓာတ်များ လုံလောက်အောင်ရရန် ခက်ခဲလာသောကြောင့် ဖြစ်ပါသည်။ ညနေစာကိုမူ အိမ်ရှိလူများက    အိပ်ရာမဝင်မီ  သုံးနာရီခွာပြီး  စားပေးသင့်ပါသည်။  ဝန်ထမ်းလုပ်သူ၊    ကိုယ်ပိုင် အလုပ်လုပ်သူများလည်း ဤအတိုင်း ဖြစ်ပါသည်။ အပြင်ထွက်အလုပ်လုပ်ရပြီး    ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း  လုပ်လိုသူများအတွက် ညနေပိုင်းမှာ အားကစားရုံသွားပြီး နာရီဝက်ခန့် ကစားနိုင်သည်။ ညနေဘက် အချိန်ကြာကြာ လေ့ကျင့်ခန်းလုပ်ခြင်း မျိုးကို ခေတ်သိပ္ပံပညာက မထောက်ခံပါ။ ကျန်သည့် လူများလည်း ထိုနည်းအတိုင်း  ဖြစ်ပါသည်။
ညနေစာနှင့် ကျန်းမာရေး
ညနေစာကို  နည်းနည်းပဲ စားသင့်သည်ဟု    လူ အတော်များများ သိနေကြပါပြီ။ မဝဘူးဟုထင်လျှင် ဟင်းသီးဟင်းရွက်နှင့်  သစ်သီးဝလံတချို့ဖြည့်စွက် စားနိုင်သည်။ အပြင်ထွက်အလုပ်လုပ်သူရှိသော အိမ်တို့တွင် ညနေဘက်မှာ စားကောင်းသောက်ဖွယ် တွေ ဝယ်လာပြီး    တစ်ဝတစ်ပြဲ    စားလေ့ရှိကြပါသည်။ တစ်ခါတလေက ကိစ္စမရှိသော်လည်း ဤအကျင့်ကို မကြာခဏလုပ်ရန်  အားမပေးချင်ပါ။   ညနေစာ လျှော့စားသည့်အကျင့်မှာ ကြာလျှင် အကျင့်ရသွားပါ လိမ့်မည်။   မနက်ပိုင်းမှာ   ဘာသာတရားအလုပ် လုပ်ဖို့အချိန်မရသူများမှာ ညနေဘက်တွင် လုပ်နိုင် ပါသည်။ စိတ်ဖိစီးမှုလျော့ပြီး အိပ်ပျော်ရန်လွယ်ကူ စေပါမည်။ ကျန်းမာရေးကောင်းစေရန်အတွက် အရေး မကြီးဟု ထင်ရသော်လည်း အရေးကြီးသည့် အလုပ် တစ်ခုမှာ သင့်လျော်သော လူမှုဆက်ဆံရေး အဝန်း အဝိုင်းတစ်ခု  ထူထောင်ရန် ဖြစ်ပါသည်။ မိတ်ဆွေ ကောင်းတို့ဆီက အကြံဉာဏ်အပြင် အကူအညီ လည်း    ရနိုင်သည်။   တစ်ကိုယ်တည်း   အထီးကျန် နေတတ်သူတို့မှာ ချူချာလေ့ရှိပါသည်။ လူမှုဆက်ဆံ ရေးကို  အပြင်မှာပဲလုပ်လုပ်၊  ဖုန်းပေါ်ကပဲ လုပ်လုပ်၊ အင်တာနက်ပေါ်ကပဲလုပ်လုပ်  လုပ်ရန်ပဲ လိုပါသည်။ မိမိ၏ တစ်နေ့တာဘဝမှာ ဤမျှလောက် နေထိုင် စားသောက်တတ်ပြီဟုဆိုလျှင်    ဆေးရုံဆေးခန်း ပြေးရသည့်    အကြိမ်ရေ    နည်းသွားပါမည်။ အပို ကုန်ကျစရိတ်နည်းလျှင် ခေါင်းကိုက်သက်သာပါ မည်။ မိမိ၏  ကျန်းမာရေးဆိုသည်မှာ  ဆေးဆရာ လက်ထဲထည့်ထားရသောအရာမဟုတ်ပါ။  ကိုယ်တိုင် တာဝန်ယူရသောအရာ  ဖြစ်ပါသည်။     ။