မလေးရှားနိုင်ငံတွင် ကိုဗစ် - ၁၉ ကာလ အသွားအလာပိတ်ဆို့ကန့်သတ်မှုကို အချိန်တိုးမြှင့်ကာ အကူအညီများပေးသွားမည်

Type
၅

 

 

ကေကေစိုး

 

မလေးရှားနိုင်ငံတွင် ကိုဗစ်-၁၉ ကြောင့် ထုတ်ပြန်ထားရသည့် တစ်နိုင်ငံလုံးအနှံ့ အသွားအလာပိတ်ဆို့မှုမှာ ဇွန် ၂၈ ရက်တွင် သက်တမ်းကုန်ဆုံးသွားပြီ ဖြစ်သော်လည်း ကူးစက်မှုများမှာ ဆက်လက်များပြားနေဆဲဖြစ်သည့်အတွက် အသွားအလာပိတ်ဆို့ကန့်သတ်မှုရက်ကို တိုးချဲ့လိုက်သည်ဟု ဝန်ကြီးချုပ် မူရီဒင်ယာဆင်းက ပြောသည်။ 
စီးပွားရေးကို ထပ်မံထိခိုက်မည်
တစ်နိုင်ငံလုံးအနှံ့ နေ့စဉ်ကူးစက်မှု နှုန်းမှာ ၄၀၀၀ အောက် မကျမီ အချိန် အထိ တစ်နိုင်ငံလုံးအနှံ့ အသွားအလာ ပိတ်ဆို့ကန့်သတ်မှုကို ထားရှိဦးမည်ဟု ဇွန် ၂၇ ရက်တွင် မလေးရှားဝန်ကြီးချုပ် က ပြောကြားခဲ့သည်။ ဇွန် ၂၈ သို့မဟုတ် ဇွန် ၂၉  ရက်မှစတင်ကာ   လူမှုအသိုက် အဝန်းတစ်ခုလုံးအတွက်   ဘက်စုံအကူ အညီပေးရေး  အစိုးရဘက်မှ   ကြေညာ သွားလိမ့်မည်ဟုလည်း ကာကွယ်ဆေး ထိုးပေးရာ စင်တာသို့ လာရောက်ရင်း ၎င်းက ပြောကြားခဲ့သည်။ အသွားအလာ ပိတ်ဆို့ကန့်သတ်မှုအချိန်ကို တိုးချဲ့လိုက် သည့်အတွက်   မလေးရှားနိုင်ငံ၏ စီးပွား ရေးကို ထပ်မံထိခိုက်မည်ဖြစ်သည်။ 
အဟန့်အတားတစ်ခုဖြစ်
မလေးရှားအစိုးရသည်   စီးပွားရေး ပြန်လည်ဦးမော့လာရေး   မျှော်မှန်းထား သော်လည်း တစ်နိုင်ငံလုံးအနှံ့ အသွား အလာ      ပိတ်ဆို့ကန့်သတ်ထားမှုက အနှောင့်အယှက် အဟန့်အတားတစ်ခု ဖြစ်မည်ဖြစ်သည်။    ဇွန်  ၂၃   ရက်တွင် ကမ္ဘာ့ဘဏ်က မလေးရှားနိုင်ငံ၏ ဖွံ့ဖြိုး တိုးတက်မှုနှုန်းကို ၄ ဒသမ ၅ ရာခိုင်နှုန်း မှ ၆ ရာခိုင်နှုန်းအထိ   ခန့်မှန်းထား ခဲ့သည်။ ပိတ်ဆို့ကန့်သတ်မှုများကြောင့် ဖွံ့ဖြိုးတိုးတက်မှုနှုန်းကို ၆ ရာခိုင်နှုန်းမှ ၇ ဒသမ ၅ ရာခိုင်နှုန်းအထိဟု မလေးရှား အစိုးရက ယခုလအတွင်း ခန့်မှန်းထား သည်။ မရှိမဖြစ် လုပ်ကိုင်ရမည့်လုပ်ငန်း များမှလွဲ၍ ကျန်လုပ်ငန်းများ ပိတ်ထား ရသည့်အတွက်        မလေးရှားရင်းဂစ် ၁ ဘီလီယံ   ကုန်ကျစရိတ်ရှိသည်ဟု ပြန်လည်သက်သာချောင်ချိရေး      အစီ အစဉ်ကို မကြေညာမီ ပြီးခဲ့သည့် သီတင်း ပတ်အတွင်းက မူရီဒင်က ပြောကြားခဲ့ သည်။ 
မလေးရှားဝန်ကြီးချုပ်သည် မေလ ကုန်ပိုင်းက    မလေးရှားရင်းဂစ်  ၄၀ ဘီလီယံတန်ဖိုးရှိသည့်       ပြန်လည် ထူထောင်ရေး အစီအစဉ်ကို ကြေညာခဲ့ သည်။ 
၁၀ ရာခိုင်နှုန်းကို  ကိုဗစ် - ၁၉ ကာကွယ် ဆေးထိုးပေးပြီးဖြစ်
မလေးရှားနိုင်ငံတွင်  နောက်ထပ် ကိုဗစ် - ၁၉ ကူးစက်မှုများမှာ ဆက်လက်  များပြားနေဆဲဖြစ်ပြီး ဇွန် ၂၆ ရက်တစ်ရက် တည်းတွင် နောက်ထပ်ကူးစက်မှုပေါင်း ၅၈၀၃ ဦး တွေ့ရှိခဲ့သည်။ မလေးရှားနိုင်ငံ သည် သက်သာချောင်ချိရေး အစီအစဉ် ဒုတိယအဆင့် မစတင်မီ ကူးစက်မှုနှုန်းမှာ  ၄၀၀၀ အောက် လျော့ကျသွားရန် မျှော် မှန်းထားသည်။   မလေးရှားနိုင်ငံတွင် တိုင်းပြည်လူဦးရေ၏ ၁၀ ရာခိုင်နှုန်းကို ကိုဗစ် - ၁၉ ကာကွယ်ဆေးထိုးပေးပြီးဖြစ် သည်။ 
အင်ဒိုနီးရှားနိုင်ငံ၏ 
ကူးစက်မှုအခြေအနေ
အင်ဒိုနီးရှားနိုင်ငံတွင်လည်း ဇွန် ၂၇ ရက်က နေ့စဉ်ကူးစက်မှု အများဆုံးအဖြစ်  စံချိန်တင်ခဲ့သည်ဟု သိရသည်။ ဇွန် ၂၇ ရက်တွင်  ကိုဗစ် - ၁၉  နေ့စဉ်ကူးစက်မှု ၂၁၀၀၀  ကျော်  ရှိခဲ့သည်။  ဂျကာတာရှိ  ဆေးရုံများတွင် လူနာများနှင့် ပြည့်နှက်  နေခဲ့ပြီး ကိုဗစ်-၁၉ ရိုက်ခတ်မှုကို အဆိုး ရွားဆုံး ရင်ဆိုင်နေရသည်။ အင်ဒိုနီးရှား နိုင်ငံအတွင်း ကိုဗစ် - ၁၉  ကူးစက်မှုပေါင်း မှာ ၂  ဒသမ  ၁   သန်းကျော်  ရှိလာပြီး သေဆုံးသူ စုစုပေါင်းမှာ ၅၇၁၃၈ ဦးရှိ လာသည်။ သို့သော်လည်း ဆေးစစ်ပေးနိုင်မှုနည်းပါးသည့်အတွက် အမှန်တကယ် ကူးစက်မှုနှုန်းမှာ ယခုပမာဏထက်ပို၍များပြားနိုင်သည်ဟု  ယူဆရသည်။ 
ကူးစက်မှုအများဆုံး ဖြစ်လာလိမ့်မည်
မေလအတွင်း         အင်ဒိုနီးရှားနိုင်ငံ အတွင်း လူပေါင်းသန်းနှင့်ချီ၍ ခရီးသွား လာမှုများ  ပြုလုပ်ခဲ့သည့်အတွက်  မကြာ သေးမီ သီတင်းပတ်များအတွင်း ကိုဗစ်- ၁၉ ကူးစက်မှုမှာ အဆမတန်များပြား လာခဲ့သည်။ ကူးစက်မြန်   ဗီဇပြောင်း ကိုဗစ် - ၁၉ ကူးစက်မှုများ ရှိလာသည်ဟု လည်း  အင်ဒိုနီးရှားအာဏာပိုင်များက  အတည်ပြုခဲ့သည်။  ကူးစက်မှုများ များ ပြားလာမည်ဟု     ခန့်မှန်းထားကြောင်း ကိုဗစ်-၁၉ တိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ စီတီနာဒီယာ တာမီဇီ က ပြောသည်။    လာမည့်သီတင်းပတ် နှစ်ပတ်မှ  သုံးပတ်အတွင်း    ကူးစက်မှု အများဆုံးဖြစ်လာလိမ့်မည်ဟုလည်း ၎င်း က ဆက်လက်ပြောကြားခဲ့သည်။ 
စိုးရိမ်နေကြ
ကူးစက်မှုများ      များပြားနေသည့် အတွက် အင်ဒိုနီးရှားနိုင်ငံ၏ ကျန်းမာရေး စနစ်    ပြိုလဲသွားမည်ကို  စိုးရိမ်နေကြ သည်။  ဆေးရုံများတွင်   လူနာများ များပြားနေသည့်အတွက်   နောက်ထပ် လူနာများကို     လက်မခံနိုင်တော့သည့် အနေအထားသို့      ရောက်နေကြောင်း သတင်းပေးပို့မှုများ ရှိလာသည်။ 
ကိုဗစ် -၁၉ ကူးစက်မှုဒဏ်ကို အလူး အလဲခံနေရသည့်       ဂျကာတာမြို့နှင့် အနောက်ဂျာဗား၊ ဂျာဗားအလယ်ပိုင်းတို့ ၌ ဆေးရုံများတွင် လူနာများနှင့်ပြည့်နှက် နေပြီဖြစ်သည်။    ကူးစက်မှုများတွင် အိန္ဒိယ၌    ပထမဆုံးတွေ့ရသည့်   ဗီဇ ပြောင်းဒယ်တာ    ကူးစက်မှုများကိုလည်း တွေ့လာရသည်။    ကပ်ရောဂါနှင့် ပတ် သက်၍  လုံလောက်သည့် ပြင်ဆင်မှုများ မရသည့်အတွက်   အစိုးရကို  ဝေဖန်မှုများ ရှိလာသည်။ 
ရည်ရွယ်ထား
သို့သော်လည်း အခြားသော  နိုင်ငံ များ ကဲ့သို့တင်းကျပ်သည့် ပိတ်ဆို့ကန့် သတ်မှုများ    ပြုလုပ်ခြင်း   မရှိသေးပေ။ အင်ဒိုနီးရှားနိုင်ငံသည်       လာမည့်နှစ် အတွင်း လူဦးရေသန်း ၂၇၀ ရှိသည့်အနက် သန်း ၁၈၀ ကို  ကိုဗစ် - ၁၉ ကာကွယ်ဆေး ထိုးပေးရန်  ရည်ရွယ်ထားသည်။ သို့သော် လည်း   ယခုအချိန်အထိ   တိုင်းပြည် လူဦးရေ၏ ၅ ရာခိုင်နှုန်းကိုသာ ကိုဗစ်-၁၉  ကာကွယ်ဆေး အပြည့်အဝထိုးပေး ရသေးသည်။
ဇွန် ၂၆ ရက်တွင် အစိုးရ၏ ရည်မှန်း ချက်ဖြစ်သည့် တစ်ရက်အတွင်း လူပေါင်း တစ်သန်းနီးပါးကို ကိုဗစ် - ၁၉ ကာကွယ် ဆေးထိုးပေးနိုင်ခဲ့သည်ဟု သိရသည်။
ခြိမ်းခြောက်လျက်ရှိ
ယခုအခါ   ဗီဇပြောင်း  ကိုဗစ် - ၁၉ ဗိုင်းရပ်စ်က တစ်ကမ္ဘာလုံးကို ခြိမ်းခြောက် လျက်ရှိရာ ကာကွယ်ဆေးများက ဗီဇ ပြောင်း ကိုဗစ် - ၁၉ ကို ကာကွယ်ပေး နိုင်ခြင်း  ရှိ   မရှိကို   သိရှိလိုကြသည်။ ဂျပန်နိုင်ငံ လေ့လာမှုတစ်ခုအရ ဖိုက်ဇာ ကိုဗစ် - ၁၉ ကာကွယ်ဆေးမှာ ဗီဇပြောင်း ကိုဗစ် - ၁၉ ကို   ကာကွယ်ရာတွင် သက် ရောက်မှုရှိသည်ဟု တွေ့ရှိကြောင်း သိရ သည်။  ကာကွယ်ဆေး    နှစ်ကြိမ်တိုင် ထိုးပြီးသည့် လူပေါင်း ၁၀၀ ကို သုတေသီ များက လေ့လာမှုများ ပြုလုပ်ခဲ့ကြသည်။  အဆိုပါ  လေ့လာမှုကို  ယိုကိုဟားမားမြို့ တက္ကသိုလ်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ မတ်လနှင့် ဧပြီလအတွင်း ကာကွယ်ဆေးထိုးနှံမှုခံယူခဲ့ကြသည့် ကျန်းမာရေးလုပ် သား   ၁၀၅   ဦးထံမှ သွေးနမူနာများကို စစ်ဆေးခဲ့ကြသည်။
လေ့လာဆန်းစစ်မှုများ ပြုလုပ်သွားမည်
ဒုတိယအကြိမ် ကာကွယ်ဆေးထိုးပြီး နောက် ၉၄   ရာခိုင်နှုန်းမှာ လုံလောက် သည့် ပဋိပစ္စည်းများ ထွက်ရှိခဲ့ပြီး ဗီဇ ပြောင်းအယ်ဖာကို    ကာကွယ်ပေးနိုင် သည်ဟု သိရသည်။ ဗီဇပြောင်းဗီတာကို  ကာကွယ်ပေးနိုင်မှု ၉၀ ရာခိုင်နှုန်းရှိပြီး ဗီဇပြောင်းဂမ်မာကို ကာကွယ်ပေးနိုင်မှု ၉၄ ရာခိုင်နှုန်းရှိသည်ဟု သိရသည်။ 
ဗီဇပြောင်းဒယ်တာကို    ၉၇   ရာခိုင် နှုန်း ကာကွယ်ပေးနိုင်ပြီး မူလ ကိုဗစ် -၁၉ ကိုမူ ၉၉ ရာခိုင်နှုန်း ကာကွယ်ပေးနိုင် သည်ဟု သိရသည်။ သုတေသနအဖွဲ့ကို ဦးဆောင်သည့်  ပါမောက္ခ   ရာမာနာကာ တာကီ ဟာရူက နောက်တစ်ဆင့်စမ်းသပ် မှုများပြုလုပ်ရာတွင် ယခုအရေအတွက် ထက် များပြားသည့်      အရေအတွက်ဖြင့် လေ့လာဆန်းစစ်မှုများ ပြုလုပ်သွားမည် ဟု ပြောသည်။ 
ကိုးကား -  အေအက်ဖ်ပီ ၊ အင်န်အိတ်ချ်ကေ