
နေပြည်တော်ကောင်စီ
ကိုဗစ်-၁၉ ရောဂါသည် ကမ္ဘာပေါ်တွင် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှ စတင်ပျံ့နှံ့လာခဲ့ပြီး မြန်မာနိုင်ငံသို့ ၂၀၂၀ နှစ်ဆန်းပိုင်းမှ စတင်ဝင်ရောက်လာခဲ့ပါသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ၁၂-၃- ၂၀၂၀ ရက်နေ့တွင် ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါအဖြစ် သတ်မှတ်ကြေညာခဲ့ပါသည်။ ကိုဗစ်-၁၉ ရောဂါ သည် အသက်ရှူလမ်းကြောင်းမှတစ်ဆင့် ပျံ့နှံ့ ဖြစ်ပွားသည့်ရောဂါဖြစ်ပြီး ကမ္ဘာ့နိုင်ငံများ အားလုံး တွင် အဆိုပါရောဂါကို ကာကွယ်ကုသရန်အတွက် ကြိုးပမ်းနေကြသလို မြန်မာနိုင်ငံတွင်လည်း ကာကွယ်ကုသရေး လုပ်ငန်းစဉ်များကို စဉ်ဆက် မပြတ် ဆောင်ရွက်လျက်ရှိပါသည်။
တတိယလှိုင်းအတွက် ပူးပေါင်းဆောင်ရွက်
မြန်မာနိုင်ငံတွင် မျိုးရိုးဗီဇကွဲ ကိုဗစ်-၁၉ ရောဂါ ပိုးသည် ၂၀၂၁ ခုနှစ် မေလကုန် ဇွန်လဆန်းမှ စတင်ကာ ရောဂါဖြစ်ပွားမှုနှုန်း ပြန်လည်မြင့်တက် လာခဲ့ပြီး ဓာတ်ခွဲအတည်ပြုလူနာသစ်များ နေ့စဉ် တွေ့ရှိနေရပါသည်။ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်သည် တစ်နိုင်ငံလုံး၏ ပြည်သူလူထု အတွက် ကျန်းမာရေး၊ စီးပွားရေး၊ ပညာရေး၊ ဘာသာရေးနှင့် အခြားသောကိစ္စရပ်များ ဆောင် ရွက်ပေးရသော အစိုးရဌာနများ အဓိကရုံးစိုက်ရာ နေရာဖြစ်သည့်အတွက် ကိုဗစ်-၁၉ ရောဂါကူးစက် ဝင်ရောက်မှုမရှိစေရေးအတွက် ရောဂါကာကွယ် ရေးနှင့် ကုသရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ပါသည်။
ကိုဗစ်-၁၉ ရောဂါကူးစက်မှု ပြန့်ပွားမှုမရှိစေရေး အတွက် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း နေထိုင်သူများနှင့် နေပြည်တော်ပြင်ပမှ ဝင်ရောက် လာသူများအား ပူးပေါင်းပါဝင်ဆောင်ရွက်သွားရန် အသိပေးပန်ကြားချက်များကို ၂၀၂၁ ခုနှစ် ဇွန်လ ၁၈ ရက်နှင့် ၂၅ ရက်နေ့များတွင် ထုတ်ပြန်ခဲ့ပြီး ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟို ကော်မတီ၏ ညွှန်ကြားချက်များကိုလည်း ဆက်လက်အသိပေးဆောင်ရွက်ခဲ့ပါသည်။ ထို့ပြင် နေပြည်တော်ကောင်စီ Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီအနေဖြင့် ယခင်ကာလအတွေ့ အကြုံများကို အခြေခံ၍ သက်ဆိုင်ရာဌာနများနှင့် ကြိုတင်ပြင်ဆင် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်သည့် အပြင် တိုင်းဒေသကြီးနှင့် ပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ များနှင့်လည်း ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။
အသိပညာပေးလုပ်ငန်းများဆောင်ရွက်နိုင်
ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း ကိုဗစ်-၁၉ ကာကွယ်ရေးဆိုင်ရာ အသိပေးကြေညာ ချက်များ စိုက်ထူခြင်း၊ မြို့နယ်များသို့ ကားများဖြင့် လှည့်လည်ကြေညာခြင်း စသည့်အသိပညာပေး လုပ်ငန်းများကိုလည်း စဉ်ဆက်မပြတ် လုပ်ဆောင် ခဲ့သလို ပိုးတွေ့လူနာများပြားလာသဖြင့် နေအိမ် တွင် နေထိုင်ရေး (Stay at Home) အစီအစဉ်တွင် အကျုံးဝင်ကြောင်း သတ်မှတ်ကြေညာထားသည့် ဇမ္ဗူသီရိ၊ လယ်ဝေးနှင့် ပျဉ်းမနားမြို့နယ်များ တွင်လည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားရှိသော အမိန့်စာပါ အပိုဒ်(၃) အပိုဒ်ခွဲ (က) မှ (ဈ) အထိ စည်းကမ်းချက်များအတိုင်း ကြပ်မတ်ဆောင်ရွက်ခဲ့ပါသည်။
ဇမ္ဗူသီရိ၊ လယ်ဝေးနှင့် ပျဉ်းမနားမြို့နယ် သုံးမြို့နယ် ဖြတ်သန်းသွားလာမှု လက်မှတ်များ၊ ကျန်းမာရေး/ ဈေးဝယ်ထွက်ခွင့် ကတ်ပြားများ ပါရှိမှ ထွက်စေခြင်း၊ စစ်ဆေးရေးနေရာ Check Point (၂၇) ခု ထားရှိကာ ဌာနဆိုင်ရာများပူးပေါင်း၍ စစ်ဆေးဆောင်ရွက်ခြင်းနှင့် မြို့နယ်အသီးသီးတွင် ရပ်ကွက်/ကျေးရွာများ၌ ကြေညာမှုများကို နေ့စဉ် တစ်ကြိမ်မှ ၃ ကြိမ်ခန့်စီ ကြေညာခဲ့ရာ တစ်နေ့လျှင် ပျမ်းမျှစုစုပေါင်း အကြိမ်ရေ ၁၆၀ ခန့်အထိ ဆောင်ရွက်နိုင်ခဲ့ပါသည်။ ထို့ပြင် နှာခေါင်းစည်း မတပ်ဆင်သူများအတွက် အသိပညာပေးကာလ အတွင်း စစ်ဆေးပညာပေးမှုများ ပြုလုပ်ခဲ့သလို ပညာပေးကာလ ကုန်ဆုံးသည့်အချိန်တွင်လည်း ထပ်မံစစ်ဆေးကာ နှာခေါင်းစည်းများ စဉ်ဆက် မပြတ်တပ်ဆင်နိုင် ရေးကို ဆောင်ရွက်ပေးခဲ့ပါသည်။ တစ်ချိန်တည်းမှာပင် နှာခေါင်စည်းများ ဝေငှပေး သည့် Mask Campaign များလည်း ပြုလုပ် ဆောင်ရွက်နိုင်ခဲ့ပါသည်။ ထို့ပြင်လက်သန့်ဆေးရည် များလည်း ဖြန့်ဝေပေးနိုင်ခဲ့ပါသည်။
ကုသရေးလုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေ
ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန် ရေးကော်မတီကို နေပြည်တော်အဆင့်၊ ခရိုင်နှင့် မြို့နယ်အဆင့်များ ဖွဲ့စည်းထားရှိပြီး ကိုဗစ်-၁၉ ကာကွယ်/ကုသရေး စင်တာများကိုလည်း ထားရှိ ဆောင်ရွက်လျက်ရှိပါသည်။ ကျန်းမာရေးဝန်ထမ်း များ၊ ဓာတ်ခွဲကျွမ်းကျင် ဝန်ထမ်းများသာမက ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပရဟိတအသင်းအဖွဲ့များ ပူးပေါင်းပြီး ကိုယ်အပူချိန် တိုင်းတာခြင်း၊ ကိုဗစ်-၁၉ ရောဂါသံသယလက္ခဏာများ စိစစ်ခြင်း၊ သွေးတွင်း အောက်ဆီဂျင်တိုင်းတာခြင်း၊ လိုအပ်ပါက RDT Test Kit ဖြင့် စစ်ဆေးခြင်းများ မြို့အဝင်ဂိတ်များတွင် ဆောင်ရွက် ပေးလျက်ရှိပြီး ကိုဗစ်-၁၉ သံသယရှိသူများအနေ ဖြင့် ပေါင်းလောင်းအားကစားကွင်းနှင့် လယ်ဝေး အားကစားကွင်းများတွင် စစ်ဆေးနိုင်ရေး ဆောင် ရွက်ပေးလျက်ရှိပါသည်။
ကုသရေးအနေဖြင့် နေပြည်တော်ပြည်သူ့ ဆေးရုံကြီး ခုတင် (၁၀၀၀)၊ အမှတ် (၂) တပ်မတော် ဆေးရုံကြီး ခုတင်(၁၀၀၀)၊ ကလေးရောဂါအထူးကု ဆေးရုံကြီး၊ အရိုးရောဂါအထူးကု ဆေးရုံကြီး၊ သားဖွားမီးယပ်အထူးကုဆေးရုံကြီး၊ နေပြည်တော် ပြည်သူ့ဆေးရုံကြီး ခုတင်(၃၀၀)၊ ပျဉ်းမနားခုတင် (၂၀၀)ဆံ့ ပြည်သူ့ဆေးရုံ၊ လယ်ဝေးခုတင်(၁၀၀)ဆံ့ ဆေးရုံ၊ တပ်ကုန်း ခုတင်(၁၀၀)ဆံ့ဆေးရုံ၊ ဒက္ခိဏ သီရိ ခုတင် (၅၀) ဆံ့ဆေးရုံ၊ ပုဗ္ဗသီရိ ခုတင် (၅၀)ဆံ့ ဆေးရုံနှင့် ဇေယျာသီရိခုတင် (၅၀) ဆံ့ ဆေးရုံ များတွင်ဆောင်ရွက်လျက်ရှိပါသည်။
Positive Center အဖြစ် မဏိရတနာ ကျောက်စိမ်းခန်းမ၊ စည်ပင်ဧည့်ရိပ်သာ (၁)နှင့် (၂)၊ လယ်ဝေးမြို့နယ် မြို့နယ်အားကစားရုံတွင်လည်းကောင်း၊ Contact Person Quarantine အား ပျဉ်းမနားမြို့နယ် မင်္ဂလာဗျူဟာ သာသနာ့ဗိမာန် တွင်လည်းကောင်း၊ Stay at Home မြို့နယ်မှ လာရောက်သူများအား အမှတ်(၃)စစ်ကြောရေးနှင့် တည်းခိုရေးစခန်း (ရွာတော်) တွင် လည်းကောင်း၊ Facility Quarantine Center အဖြစ် နယူးဧရာ ဟိုတယ်နှင့် ဇမ္ဗူသီရိဟိုတယ်၊ Jade City ဟိုတယ် (အခမဲ့)၊ ဟိုတယ်ရွှေပြည်တော် တို့တွင်လည်း ကောင်း ထားရှိကုသနိုင်ရေး ဆောင်ရွက်ပေးလျက် ရှိပါသည်။
ကိုဗစ်-၁၉ လူနာများ အောက်ဆီဂျင်သုံးစွဲ နိုင်ရေးအတွက် အစိုးရပိုင် Oxygen Plant ကိုးခုနှင့် ပုဂ္ဂလိကပိုင် Oxygen Plant တစ်ခု ထုတ်လုပ်မှုမှ လည်းကောင်း၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်မှ နေ့စဉ်အောက်ဆီဂျင်အိုးများ လှူဒါန်းနေမှုအရ လည်းကောင်း၊ အောက်ဆီဂျင်အိုးပေါင်း ၆၅၇ အိုး၊ လီတာ ၂၆၂၈၀ ခန့်ထုတ်ယူ၍ ဖြန့်ဝေပေးလျက်ရှိပြီး ပုဗ္ဗသီရိမြို့နယ်ပြည်သူ့ဆေးရုံ (ခုတင်-၃၀၀)တွင် တစ်ရက်လျှင် လီတာ ၄၀ ဆံ့ ၁၄၄၀ အိုး ထုတ်ယူ သုံးစွဲနိုင်မည့် Oxygen Plant တစ်ခုလည်း ယခု ဇူလိုင်လကုန်တွင် ပြီးစီးရေး ထပ်မံတည်ဆောက် လျက်ရှိပါသည်။
လိုအပ်ချိန်တိုင်း ဆက်သွယ်ဆောင်ရွက်နိုင်
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများနှင့် ရောဂါ ကာကွယ်ရေးလုပ်ငန်း၊ ကုသရေးလုပ်ငန်းများကို နေပြည်တော်ကောင်စီ၊ နေပြည်တော်တိုင်းစစ်ဌာန ချုပ်၊ နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဌာနဆိုင်ရာများနှင့် ပရဟိတအဖွဲ့များ/ ပြည်သူ များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး မြို့နယ် အလိုက် Call Center များထားရှိလျက် ဆက်သွယ် ရန် ဖုန်းနံပါတ်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
- Log in to post comments