ဆေးလိပ်သောက်သုံးမှုနှင့် ကိုဗစ်-၁၉ အန္တရာယ်

Type

ပေါက်ပေါက်
======

ဆေးရွက်ပင်ရာဇဝင်


ဆေးရွက်ကို တောင်အမေရိကတိုက်တွင် ဘီစီ ၆၀၀၀ ခန့်က စတင်စိုက်ပျိုးပြီး ဆေးရွက်အသုံးပြု ခြင်းကို ဘီစီ ၅၀၀၀ ခန့်တွင် စသုံးလာကြသည်။ ဥရောပတိုက်တွင်    ခရစ္စတိုဖာကိုလံဘတ်စ်က တောင်အမေရိကတိုက်နှင့်   ဆေးရွက်ပင်တို့ကို အေဒီ ၁၅ ရာစုတွင် ရှာဖွေတွေ့ရှိခဲ့သည်။ ဦးစွာပထမ ဆေးရွက်ပင်စိုက်ပျိုးခြင်းကို အေဒီ ၁၅၃၁ တွင် စတင်စိုက်ပျိုးခဲ့သည်။ ကမ္ဘာပေါ်တွင် ပထမဦးဆုံး ဆေးလိပ်သောက်သူမှာ ပြင်သစ်နိုင်ငံသား Jean Nicot ဖြစ်ပြီး ထိုကာလမှာ အေဒီ ၁၅၆၀ ပြည့်နှစ် ဖြစ်ကြောင်း သိရသည်။   သူ့အမည်ကို  အစွဲပြု၍ ဆေးလိပ်ငွေ့ထဲတွင်  လူကိုစွဲလမ်းစေတတ်သော Adict (ခေါ်)        ပါဝင်ဓာတ်ပစ္စည်းတစ်မျိုးကို “Nicotine” ဟု အမည်ပေးခဲ့ကြသည်။


ဆေးလိပ်၏ဆိုးကျိုးများ


ဆေးလိပ်ငွေ့ထဲတွင် ဆေးလိပ်ကို စွဲလမ်းစေ နိုင်သော  နီကိုတင်းအပြင် အခြားဓာတ်ပစ္စည်း ၇၀၀၀ ခန့်ပါရှိသည်။ ထိုပါဝင်ဓာတ်ပစ္စည်းအချို့က အသက်ရှူလမ်းကြောင်း   (လေပြွန်ချောင်းများ)၊ Cilia ( ခေါ် ) အသက်ရှူလမ်းကြောင်းတစ်လျှောက် မလိုလားအပ်သည်များကို ရှင်းလင်းဖယ်ရှားပေး သည့်  အမွေးအမင်များ၊    Alveoli (ခေါ်) လေကို ခေတ္တသိုလှောင်ပေးသည့် လေအိတ်ငယ်လေးများ၊ အဆုတ်ထဲရှိ Macrophage သွေးဥများကို ပျက်စီး စေခြင်း၊ ၎င်းတို့၏လုပ်ငန်းကို ဟန့်တားနှောင့်ယှက် ခြင်းတို့ကြောင့်   အဆုတ်အတွင်း ရောဂါပိုးဝင်ခြင်း၊ တီဘီရောဂါ အပါအဝင် ပန်းနာရင်ကျပ်ဖြစ်စေခြင်း၊ နာတာရှည် လေပြွန်ချောင်းရောင်ခြင်း၊ အဆုတ် လေအိတ်လေးများ ပျက်စီးပြီး အဆုတ်ပွဖောင်းလာ ခြင်းကြောင့် နာတာရှည် အသက်ရှူလမ်းကြောင်း ပိတ်/ကျဉ်း ရောဂါဖြစ်ခြင်းနှင့်   ၆၉ မျိုးသော ဓာတ်ပစ္စည်းများကြောင့် အဆုတ်ကင်ဆာ အပါ အဝင် ကင်ဆာရောဂါများဖြစ်ခြင်း စသည့်ဆိုးကျိုး တွေ ပေးနိုင်သည်။


အီးစီးကရက်၏ ဘေးထွက်ဆိုးကျိုးများ


ဆေးလိပ်ဖြတ်ချင်သူများ၊ ဆေးရွက်ကြီးနှင့် ဖန်တီးထားသော ဆေးလိပ်မသောက်ချင်သူများကို ရည်ရွယ်ကာ အီးစီးကရက် (E-cigarette) သည် ၂၀၀၀ ပြည့်နှစ်ဝန်းကျင်ကစ၍ ဈေးကွက်အတွင်း နေရာယူခဲ့သည်။ ၎င်းစီးကရက်ကို တခြားနိုင်ငံများ တွင် Vaporizer ဟု လူသိများသည်။ ဘက်ထရီအား ကိုသုံးပြီး နီကိုတင်း၊ အမွှေးရနံ့နှင့် ပါဝင်ဆေးရည် တွေကို အငွေ့(ဆေးလိပ်မီးခိုး)အဖြစ် ရှူရှိုက်ခြင်း ဖြစ်သည်။  ဦးနှောက်အတွင်း  စွဲလမ်းမှုဟော်မုန်း Dopamine ကို အီးစီးကရက်က ထုတ်လွှတ်ပေးပြီး စွဲလမ်းသောခံစားမှုဖြစ်စေသည်။   ထို့ကြောင့် ဆေးလိပ်ကဲ့သို့ပင်    စွဲလမ်းဟော်မုန်းထုတ်လုပ်မှု တူညီပြီး အီးစီးကရက်သုံးခြင်းကြောင့် ခေါင်းကိုက်၊ အော့အန်၊   မူးဝေ၊   စိတ်ဂနာမငြိမ်ဖြစ်စေခြင်း၊ မျက်လုံးနှင့် အသက်ရှူလမ်းကြောင်း အားနည်းစေ ခြင်း၊ နှလုံးနှင့် သရက်ရွက်တို့ကို ထိခိုက်ခြင်းများ အပြင် ကင်ဆာရောဂါများလည်း ဖြစ်စေနိုင်သည်။ အီးစီးကရက်ထဲရှိ    Lithiumion   အသေးစား ဘက်ထရီကို ဗို့အားအချိန်ကြာကြာ သွင်းမိခြင်းနှင့် ဆေးလိပ်ထဲ အပူများများ သောက်မိခြင်းများကြောင့် လည်း ပေါက်ကွဲမှုဖြစ်စေသည်။


ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့


ဆေးလိပ်ကို       စွဲလမ်းစွာသောက်ခြင်းက ကင်ဆာရောဂါအမျိုးမျိုးကို ဖြစ်စေနိုင်ကြောင်း၊ ဆယ်ကျော်သက်နှင့် သက်လတ်ပိုင်းအရွယ်ကတည်း ကစ၍ ဆေးလိပ်သောက်သုံးသူများသည် ဆေးလိပ် (လုံးဝ) မသောက်သူထက် အသက် ၂၄ နှစ် ပိုတို နိုင်ကြောင်း၊ ဆေးလိပ်ငွေ့သည် ကာဗွန်မိုနောက် ဆိုက်ဖြစ်ပြီး    ၎င်းသည်   အဆိပ်ငွေ့ဖြစ်ကြောင်း၊ ကမ္ဘာတစ်ဝန်းတွင် ဆေးလိပ်ကြောင့် သေဆုံးသူ ဦးရေသည် တစ်နှစ်လျှင် လေးသန်းကျော်ခန့်ရှိ ကြောင်း၊ တစ်ဆင့်ခံ ဆေးလိပ်ငွေ့ရှူရှိုက်ခြင်းက လည်း       ဆေးလိပ်ကိုယ်တိုင်သောက်သကဲ့သို့ ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်ကြောင်း စသည့် ဆိုးကျိုးများကြောင့် ကျန်းမာရေးသုတေသီ များက မကြာခဏဆိုသလို အသိပညာပေး နှိုးဆော် လျက်ရှိသည်။ ယနေ့ကမ္ဘာတွင် ခြောက်စက္ကန့်တိုင်း မှာ လူတစ်ဦးနှုန်း ဆေးလိပ်၊ ဆေးရွက်ကြီးထွက် ပစ္စည်းများကြောင့် သေဆုံးနေကြသည်။ ထို့ကြောင့် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများက ဆေးလိပ် နှင့် ဆေးရွက်ကြီး သုံးစွဲမှုလျော့ကျရန် အခွန်တိုးမြှင့် ခြင်းနှင့်အတူ    အသိပညာပေးလုပ်ငန်းများကို လည်း   မီဒီယာဘက်ပေါင်းစုံဖြင့်   နှိုးဆော်မှုများ ပြုလုပ်နေကြသည်။ 


ဆေးလိပ်နှင့် တီဘီ


ကမ္ဘာ့တီဘီရောဂါဖြစ်သူများ၏   ၄၅-၈၅ ရာခိုင်နှုန်းသည်  ဆေးလိပ်သောက်သူများဖြစ်ပြီး ဆေးလိပ်သောက်သူများသည်   မသောက်သူများ ထက် တီဘီရောဂါဖြစ်နိုင်ခြေအလားအလာ ၂ ဒသမ ၆ ဆ မြင့်မားခြင်း၊ ဆေးလိပ်ကြောင့် လူများတွင် တီဘီကူးစက်မှု၊    ရောဂါဖြစ်ပွားမှု၊      ရောဂါ ပြင်းထန်မှုနှင့် သေဆုံးမှုမြင့်မားခြင်းတို့ ရင်ဆိုင်နေ ကြရသည်။


ဆေးလိပ်ငွေ့ရှူမိခြင်း


ဆေးလိပ်ကိုယ်တိုင်  မသောက်သော်လည်း ဆေးလိပ်ငွေ့ရှူမိသူကို second hand smoke (second smoker) ဟု ခေါ်သည်။ အိမ်သာ(Toilet) ထဲတွင်လည်းကောင်း၊ အိမ်ခန်းအတွင်းမှာသော် လည်းကောင်း ဆေးလိပ် သောက်သူတစ်ဦးရှိနေပါက ဆေးလိပ်ငွေ့သည် လေထဲတွင် ငါးနာရီခန့်ကြာသည် အထိ      ပျံ့လွင့်နေတတ်သည်။   ထိုအငွေ့ကို ကျန်မိသားစုများက second smoker အဖြစ် ရှူရှိုက် ကြရသည်။    လေ့လာမှုမှတ်တမ်းများအရ  ယနေ့ ကမ္ဘာတွင် တစ်နှစ်လျှင် လူဦးရေ ခြောက်သန်းခန့် ဆေးလိပ်သောက်ခြင်းကြောင့် စောစီးစွာ သေဆုံး နေရပြီး ဆေးလိပ်မသောက်သော်လည်း တစ်ဆင့်ခံ ဆေးလိပ်ငွေ့ရှူမိသူ (second smoker)မှာ  ၁၀ ရာခိုင် နှုန်း  (လူဦးရေ ခြောက်သိန်း)ခန့် သေဆုံးနေကြ ရသည်။ ထိုနှုန်းအတိုင်း ဆက်ဖြစ်နေပါက ၂၁ ရာစု နှစ်အတွင်း  ဆေးလိပ်ကြောင့်  လူသန်းတစ်ထောင်   သေဆုံးမည်ဟု   ကမ္ဘာ့ကျန်းမာရေးအဖွဲ့က  ခန့်မှန်း ထားသည်။    

 


ကိုယ်ဝန်ဆောင်မိခင်နှင့် ဆေးလိပ်အန္တရာယ်


ကိုယ်ဝန်ဆောင်မိခင်များကိုယ်တိုင် ဆေးလိပ် သောက်၍ဖြစ်စေ၊   ကိုယ်ဝန်ဆောင်စဉ်   second smoker အဖြစ် နီကိုတင်းဓာတ်ကို    မကြာခဏ ရှူရှိုက်မိ၍ဖြစ်စေ မိခင်ရော သန္ဓေသားပါ အောက်ပါ ဆိုးကျိုးများကို ခံစားရနိုင်သည်။ ကိုယ်ဝန်ပျက်ကျ ခြင်း (သို့မဟုတ်) သန္ဓေသားဘဝကပင် သေဆုံးခြင်း၊ လမစေ့ဘဲမွေးဖွားခြင်း၊   မွေးစကလေး ပေါင်ချိန် မပြည့်ခြင်း၊ သန္ဓေသားဘဝကတည်းက အဆုတ်ကြီး ထွားမှုနှင့် အဆုတ်၏လုပ်ငန်းများ နှေးကွေးကျဆင်း ခြင်း၊    မီးတွင်းကာလ   ကလေးတွင် အဆုတ်ပိုး ဝင်ရောက်ခြင်း၊ အဆုတ်ရောင်ခြင်း၊ ရုတ်တရက် ကလေးသေဆုံးမှုရောဂါစု (Sudden Infant Death Syndrome – SIDS)နှင့် ကလေးသူငယ်ဘဝမှာ အဆုတ်ရောင်ခြင်း၊    ပန်းနာရင်ကျပ်ကဲ့သို့ ရောဂါ မကြာခဏဖြစ်ခြင်း၊ မီးတွင်းကလေးသေဆုံးနှုန်းမှာ ဆေးလိပ်မသောက်သော မိခင်ထက် ၁၅ ရာခိုင်နှုန်း များနေခြင်း၊ လူသားဖြစ်လာပြီးနောက် ကလေးဘဝ၊ လူငယ်၊ လူကြီးဘဝမှစ၍ လူ့သက်တမ်းမှာလည်း ဆေးလိပ်လုံးဝမသောက်သူ မိခင်မှမွေးဖွားလာသော သူများထက် အသက် ၁၀ - ၁၈ နှစ် ပိုတိုခြင်း စသည့် ဆိုးကျိုးများစွာကို ရင်ဆိုင်ရနိုင်သည်။

 


နီကိုတင်းဓာတ်ဟာ လူကို စွဲလမ်းစေတတ် သော ဂုဏ်သတ္တိရှိပြီး စိတ်ကိုပါပြောင်းလဲစေတတ် သည်။   လေ့လာမှုမှတ်တမ်းများအရ နီကိုတင်း စွဲလမ်းမှုဟာ အရက်ကိုစွဲလမ်းမှုထက် ခြောက်ဆမှ ရှစ်ဆအထိ ပိုကြောင်း သိရသည်။ ဒါကြောင့်လည်း နီကိုတင်းကို သုံးစွဲမိသွားသူများမှာ ၉၅ ရာခိုင်နှုန်းမှ ၁၀၀ ရာခိုင်နှုန်းအထိ ဖြစ်သွားကြသည်။ ဆေးလိပ် သောက်ခြင်းကြောင့် ခုခံအားကျအရေပြားရောဂါ၊ မျက်စိအတွင်းတိမ်စွဲရောဂါ၊    မျက်ဝန်းတစ်ဝိုက် အရေပြားတွန့်ခြင်း၊ မျက်စိနီခြင်း၊ နှုတ်ခမ်းမည်းခြင်း၊ သွားဝါခြင်း၊    ဆံပင်ကျွတ်ခြင်း၊  လက်ညှိုးနှင့် လက်ခလယ် အရောင်ပြောင်းသွားခြင်း၊ အကြား အာရုံချို့တဲ့ရောဂါ၊ သွားပိုးစား၊ သွားပုပ်ရောဂါနှင့် ခံတွင်းရနံ့ ဆိုးရွားခြင်း၊ အဆုတ်လေအိတ်များတွင် လေခိုပြီး အဆုတ်ပွအဆုတ်ပျက်ရောဂါ၊ အသက်ရှူ မဝခြင်း၊ အရိုးပွ အရိုးပါးရောဂါနှင့် အရိုးကျိုးလွယ် ခြင်း၊ လေကြောင်းပိတ်ဆို့သော အဆုတ်ရောဂါ၊ သွေးကြောများကျုံ့၍    ကျဉ်းလာခြင်း၊    နှလုံး သွေးကြောရောဂါများနှင့်      နှလုံးခုန်မမှန်ခြင်း၊ သွေးကြောငယ်များကျဉ်းသွားကာ ခြေပုပ်လက်ပုပ် ရောဂါ၊ သွေးတိုးရောဂါ၊ အစာအိမ်မှ အစာခြေရည် အက်စစ် အထွက်များလာခြင်း၊  အမျိုးသားများ သုတ်ရည်မအောင်တော့ဘဲ သားသမီးမရနိုင်ခြင်း၊ အိမ်ထောင်ရေးသုခ အပြည့်အဝမခံစားနိုင်ခြင်း၊ DNA ပျက်စီးစေခြင်း၊ အမျိုးသမီးများ သားအိမ်ခေါင်း ကင်ဆာနှင့်   သားလျှောသားပျက်ခြင်း၊  လမစေ့ ပေါင်ချိန်မပြည့်သော ကလေးမွေးဖွားခြင်း၊ ကလေး အသေမွေးခြင်းများ    ဖြစ်စေနိုင်သည်။ ထို့ပြင် ဆေးလိပ်ထဲတွင်    Carcinogen  ဟုခေါ်သည့် ကင်ဆာဖြစ်စေတတ်သော ဓာတ်ပေါင်း ၄၃ မျိုး ပါဝင်နေခြင်းကြောင့် မေးရိုး၊ အဆုတ်၊ နှာခေါင်း၊ လည်ချောင်း၊ လေပြွန်၊ အသံအိုး၊ ခံတွင်း၊ အစာမျို ပြွန်၊    အူ၊  ရင်သား၊  ကျောက်ကပ်၊ ပန်ကရိယ၊ ဆီးအိတ် စသည့် ကင်ဆာများအပြင် အချို့သူများမှာ သွေးကင်ဆာဖြစ်လာစေနိုင်သည်။        ထိုမျှမက ဆေးလိပ်သောက်သူ၏ ရုပ်ရည်သည် ဆေးလိပ် လုံးဝမသောက်သူနှင့် နှိုင်းယှဉ်ပါက ပို၍အိုစာသွား ကာ အသားအရေညစ်ထေးပြီး အရေပြား ဇရာကြို ရောဂါဖြစ်သည့် အရွယ်မတိုင်ခင် အရေးအကြောင်း တွေ ပေါ်လာစေနိုင်သည်။

 


လူတချို့က    ဆေးလိပ်၏    ဆိုးပြစ်များကို သိနားလည်လာ၍  ဆေးလိပ်ဖြတ်ချင်သော်လည်း စိတ်ဆန္ဒပြင်းပြခြင်းကို ချိုးနှိမ်ရန် လွန်စွာခဲယဉ်း နေသဖြင့် အချို့သူများမှာ ခဏတာမျှသာ ဆေးလိပ် ပြတ်ကြပြီး  အချို့ကလည်း  လုံးဝဖြတ်မရဖြစ်နေ ကြသည်။  မည်သူမျှ  မွေးကတည်းက ဆေးလိပ် မသောက်တတ်ကြပေ။ အဓိကအချက်မှာ ချိုးနှိမ်ရန် ခက်ခဲသောစိတ်ကို မိမိစိတ်ဖြင့်သာ အနိုင်ယူရမည် ဖြစ်၍ စိတ်ဓာတ်စစ်ဆင်ရေးကိုသုံးကာ အောက်ပါ နည်းလမ်းအသွယ်သွယ်တို့ဖြင့် ကြိုးစားကြည့်စေ လိုပါသည်။

 


အချိန်ဆွဲပါ


 ဆေးလိပ်သောက်ချင်စိတ် ဖြစ်လာသည့်အခါ၊ သောက်ချင်စိတ်ကို  ချိုးနှိမ်ပြီး   ၁၀ မိနစ်လောက် အောင့်ထားပါ။ ထို ၁၀ မိနစ်အတွင်း အာရုံပြောင်း သွားအောင် တစ်ခုခုကို စိတ်နှစ်ထားပါ။ ၁၀ မိနစ် ပြည့်သည့်အခါ    “သြော် ငါနေနိုင်သားပဲ”   ဆိုပြီး စိတ်ကိုလျှော့၍        ဆေးလိပ်မသောက်ပါနှင့်။ နောက်ထပ် ၁၀ မိနစ် အချိန်ထပ်ဆွဲပါ။



နောက်ထပ်တစ်လိပ်ထဲပါကွာ မလုပ်မိပါစေနဲ့ 


ဆေးလိပ်သောက်သည့်ပမာဏကို တဖြည်း ဖြည်းချင်းလျှော့ပါ။ တစ်လိပ်သောက်ပြီးသောအခါ “နောက်ထပ်တစ်လိပ်ထဲပါကွာ” ဆိုပြီး မိမိကိုယ်ကို အလိုမလိုက်ပါနှင့်။        ဆေးလိပ်သောက်ဖော် သောက်ဖက် မိတ်ဆွေများက သင့်ကို ဆေးလိပ်ကမ်း လာခဲ့ပါလျှင်လည်း အားနာရှက်ရွံ့ခြင်းဖြစ်မနေဘဲ ဆေးလိပ်ဖြတ်ဖို့        ကြိုးစားနေပြီဖြစ်ကြောင်း ပွင့်ပွင့်လင်းလင်း ပြောပြပါ။


ကိုယ်လက်လှုပ်ရှားမှု တစ်ခုခုထလုပ်လိုက်ပါဦး 
ဆေးလိပ်သောက်ချိန်မှာ   မသောက်ရ၍ စိတ်ထဲ တစ်ခုခုလိုနေသလို ခံစားရလေ့ရှိသည်။ ထိုအခါ    ငြိမ်ထိုင်မနေဘဲ   ခေတ္တခဏ ၁၅ မိနစ် လောက် လမ်းထလျှောက်ပါ (သို့မဟုတ်) အလုပ် တစ်ခုခု ရှာလုပ်နေပါ။ 


လေ့ကျင့်ခန်းယူပါ 
အသက်ပြင်းပြင်းရှူခြင်း၊ ကြွက်သားလေ့ကျင့် ခန်း၊ ယောဂ၊ အိပ်မွေ့ချခြင်း၊ အနှိပ်ခံခြင်း စသည် တို့က ဆေးလိပ်သောက်ချင်သောစိတ်ကို ပြေပျောက် သွားအောင်  တစ်ဖက်တစ်လမ်းက ကူညီပေးနိုင် သည်။


ဆေးလိပ်ဖြတ်ခြင်း၏ ကျန်းမာရေးကောင်းကျိုးကို အမြဲသတိရနေပေးပါ 
သင် ဆေးလိပ်သောက်တတ်အောင် မည်သူ ကမျှ  သင်ပေးခြင်းမဟုတ်ပါ။  မိမိသာလျှင်ဆရာ၊ မိမိသာလျှင် တပည့်ပါ။ နှစ်ရှည်လများ ဆေးလိပ်စွဲ နေခဲ့ပြီဖြစ်၍    ဆေးလိပ်ဖြတ်နေစဉ်  စဦးပိုင်း ကာလများမှာ   ကသိကအောင့်၊  စိတ်အလိုမကျ ဖြစ်နေတတ်သည်။ သို့သော် ဆေးလိပ်သောက်ခြင်း ကြောင့် ကျန်းမာရေးဆိုးကျိုးများ၊ ငွေကို မီးရှို့နေ ခြင်း၊     မိမိပတ်ဝန်းကျင်       လေထုညစ်ညမ်း၍ တစ်ဆင့်ခံ ဆေးလိပ်ရနံ့ရှူရှိုက်နေသူများအတွက် ပရဟိတစိတ် စသည့် ကောင်းကျိုးအထွေထွေကို စဉ်းစားသုံးသပ်ပါ။


ဘဝတူချင်းမိတ်ဖွဲ့ပါ 
မိမိကဲ့သို့ပင်      ဆေးလိပ်ဖြတ်သူများနှင့် မိတ်ဆွေဖွဲ့၍ သူတို့ရော ဘယ်လိုကြိုးစားနေသည်ကို နည်းနာယူပါ။ မိမိ၏ ကြိုးစားမှုကိုလည်း ထပ်ဆင့် မျှဝေပေးပါ။ ဆေးလိပ်လုံးဝပြတ်သွားပြီးသူများ၏ နည်းစနစ်များကို မေးမြန်းစူးစမ်းဖို့ ဝန်မလေးပါနှင့်။ ထိုသူများ၏ အတွေ့အကြုံများသည် သင့်အတွက် များစွာအထောက်အကူ ဖြစ်စေနိုင်သည်။
နီကိုတင်းဓာတ် အစားထိုးမှီဝဲပါ 
လက်ဖက်ခြောက်ခတ်ထားသော   ရေနွေးပူပူ၊ ပူရှိန်းဓာတ်ပါသော ပီကေ (သို့မဟုတ်) သကြားလုံး များ၊ ပူရှိန်းငုံဆေးပြားတို့က ဆေးလိပ်သောက်ချင် စိတ်ကို ချိုးနှိမ်ကာ ခံတွင်းချဉ်ခြင်းမှလည်း သက်သာ စေသည်။ နီကိုတင်း အစားထိုး ရှူဆေးတောင့်သုံးပါ။ ဆေးလိပ်ဖြတ်ခြင်းကို    အထောက်အကူပြုသည့် bupropion (Zyban)နှင့် varenicline (Chantix) စသော ဆေးဝါးများ မှီဝဲသောက်သုံးပါ။


အာသာပြေ တစ်ခုခုစားပါ 


စိတ်သက်သာရာရအောင်   သကြား(အချို)ဓာတ်မပါသော ပီကေဝါးပါ။ ပဲကြီးလှော်၊ နေကြာစေ့ လှော်စားပါ။ 
မိမိကိုယ်ကိုယုံကြည်မှုရှိနေပါစေ 


ဆေးလိပ်ဖြတ်လိုက်သည့်အတွက် အပိုငွေ မကုန်တော့ဘဲ ၎င်းငွေကို စုဆောင်းနိုင်သလို အလှူ ဒါနပြုရာမှာ  သုံးနိုင်သည်။  ဆေးလိပ်ဖြတ်လိုက်၍ အနံ့အာရုံနှင့် အရသာခံအာရုံများ ပို၍ ကောင်းသွား ပါသည်။ သွား၊ နှုတ်ခမ်းများလည်း မည်း၍မနေတော့ ဘဲ နီကိုတင်းဓာတ်ကြောင့် ခံတွင်း၊ ဆီး၊ ချွေးရနံ့ဆိုး တွေပါ ပျောက်ကင်းသွားစေနိုင်သည်။ အရေးကြီး သော အချက်ရှိပါသည်။ ၎င်းမှာ ဆေးလိပ်စွဲနေသော အကျင့်ကို    လုံးဝဖြတ်နိုင်သဖြင့်    မိမိကိုယ်မိမိ ယုံကြည်မှုပိုရှိလာစေသည်။ 


“မူးယစ်အစ ဆေးလိပ်က”ဖြစ်၍ အထူးသဖြင့် လူငယ်လူရွယ်များ   ဆေးလိပ်ကို    အစလုပ်၍ပင် မသောက်သင့်ပေ။ ဆေးလိပ်သောက်သူ လူငယ်များ စာသင်ကြားမှုကို ထိခိုက်စေနိုင်ပြီး အမောမခံနိုင်၊ သက်လုံ ချို့ယွင်းလာစေနိုင်သဖြင့် လူကြီး၊ လူရွယ်၊ လူငယ်အားလုံး ဆေးလိပ်ဖြတ်သင့်သည်။ ဆေးလိပ် သောက်သူများတွင် အိပ်ရခြင်း၊ စိတ်ဓာတ်ကျလွယ် ခြင်းများ    ပိုမိုခံစားရနိုင်ပြီး  ဆေးလိပ်တစ်လိပ် သောက်လျှင် ငါးမိနစ် အသက်တိုစေကာ ပျမ်းမျှ သက်တမ်း အသက် ၁၀ နှစ် ပို၍ တိုတောင်းသွားစေနိုင်ကြောင်းကိုလည်း    နိုင်ငံတကာသုတေသီ များက သတိပေးထားကြသည်။ ဆေးလိပ်ဖြတ်ခြင်း ကြောင့် ရောဂါခံစားရမှုမှာ ဆေးလိပ်ဆက်သောက် နေသူထက် လျော့နည်းသွားကြောင်းနှင့် ဆေးလိပ် ဖြတ်ခြင်း   ၁၀ နှစ်အကြာတွင်  အဆုတ်ကင်ဆာ ဖြစ်ပွားမှု ၅၀ ရာခိုင်နှုန်း ကျဆင်းသွားပါကြောင်း အသိရှိစေလိုပါသည်။


အချုပ်အားဖြင့် ယခုအချိန်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုကြောင့် သေဆုံးမှုများဖြစ်ပွားရာ၌ အများစုသည် အဆုတ်ပျက်စီးမှုကြောင့် ဖြစ်သည်။ အထူးသတိပေးလိုသည်မှာ    ကိုဗစ်-၁၉ ရောဂါ ဗိုင်းရပ်စ်ပိုး၏     ဦးတည်ချက်သည်  အဆုတ်ထဲရှိ လေအိတ်များကို ဖျက်ဆီးပစ်ရန်ဖြစ်သည်။ ဆေးလိပ် ၏ နီကိုတင်းဓာတ်က အဆုတ်ကို အမာရွတ်ဖြစ်စေ သည်။ အကယ်၍ ဆေးလိပ်စွဲလမ်းသောက်သုံးသူမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပါက အမာရွတ်များ ရှိနေသော ထိုအဆုတ်ကို ဗိုင်းရပ်စ်ပိုးက အလွယ် တကူ ဖျက်ဆီးနိုင်ပါသည်။   သတိထားသင့်သည်မှာ ဆေးလိပ်သောက်သူသည် ဆေးလိပ်ကိုင်ထားသော မသန့်ရှင်းသည့် လက်နှင့် ပါးစပ်ကို အမြဲထိတွေ့ နေခြင်းက ဗိုင်းရပ်စ်ပိုးများ အသက်ရှူလမ်းကြောင်း တစ်လျှောက် အလွယ်တကူဝင်လာရန် တံခါးဖွင့် ထားသလိုဖြစ်နေသည်။   ထို့ကြောင့်  ဆေးလိပ် သောက်သုံးသူများမှာ ပြင်းထန်သော ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှင့် သေဆုံးမှုဖြစ်နိုင်ခြေ အန္တရာယ် ပိုများနေပါသည်။ သို့ပါ၍ ဆေးလိပ်သောက်သုံးမှုကို ရှောင်ကြဉ်ကြပါရန် တိုက်တွန်းလိုက်ရပါသည်။    ။