ကိုဗစ်-၁၉ ရောဂါနဲ့ နောက်တစ်ဆင့်မြှင့်တင်ရတော့မယ့် တိုင်းရင်းဆေးအခန်းကဏ္ဍ

Type
5

 

ထက်မြတ်

(ယမန်နေ့မှအဆက်)


တရုတ်နိုင်ငံရဲ့တိုင်းရင်းဆေး


တရုတ်အစိုးရက      နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ပျံ့နှံ့ချိန်မှာ အဲဒီရောဂါကို ကုသဖို့အတွက် ဆေးဝါးကို တိုင်းရင်းဆေးတွေထဲကနေ အသုံးပြုဖို့ လမ်းညွှန်တိုက်တွန်းခဲ့ပါတယ်။


အစိုးရရဲ့  လမ်းညွှန်တိုက်တွန်းချက် ကြောင့်ပဲ များမကြာမီအချိန်အတွင်းမှာ ကိုဗစ်-၁၉    ရောဂါကို   ကုသနိုင်တဲ့ တိုင်းရင်းဆေးတွေ   အလျှိုလျှိုထွက်ပေါ် လာတာကို တွေ့ရပါတယ်။


အခုဆိုရင်        အစိုးရကိုယ်၌က တိုင်းရင်းဆေးအသုံးပြုပြီး   ကိုဗစ်-၁၉ ရောဂါကုသရေးအတွက်    စံပြုကုထုံး သုံးမျိုးကို         တရားဝင်အသိအမှတ်ပြု ပြဋ္ဌာန်းပေးထားပါတယ်။

 


အဲဒီကုထုံးသုံးမျိုးကတော့ လျန်းဟွာ ကျင်းဝေဆေးတောင့်၊ ကျင်းဟွာချင်းကန် ဆေးလုံးနဲ့ ရွှေးပီကျင်းထိုးဆေးတို့ပဲဖြစ် ပါတယ်။ အဲဒီဆေးသုံးမျိုးထဲကမှ တစ်မျိုး ချင်းစီရဲ့အကြောင်းကို ဆက်လက်တင်ပြ ပါရစေ။

 


လျန်းဟွာကျင်းဝေဆေးတောင့်


လျန်းဟွာကျင်းဝေ      ဆေးတောင့် (Lianhua Qingwen Capsule) ဟာ ပျားရည်စုပ်ပန်းနဲ့     ဒေါနချိုပန်းတို့ကို အဓိကပါဝင်ပစ္စည်းအဖြစ်  ထည့်သွင်း အသုံးပြုထားတာပါ။ ဒီဆေးကို ထုတ်လုပ် သူကတော့ လွန်ခဲ့တဲ့ ၁၇ နှစ်ကတည်းက စျေးကွက်ထဲမှာ   နေရာရထားပြီးဖြစ်တဲ့ ရှီကျားကျွောင်းယီလင်း       ကုမ္ပဏီဖြစ် ပါတယ်။

 


ဒီဆေးကိုတော့ ဆေးရုံ ၂၃ ခုမှာ တက်ရောက်ကုသမှုခံယူနေတဲ့  ကိုဗစ်-၁၉ လူနာ ၂၈၄ ဦးနဲ့ လက်တွေ့စမ်းသပ်ခဲ့ တာဖြစ်ပါတယ်။ လက်တွေ့စမ်းသပ်မှုရဲ့ ရလဒ်ကတော့ လူနာတွေထဲက ၈၃ ဒသမ ၈ ရာခိုင်နှုန်းဟာ အဆုတ်ဓာတ်မှန်ရိုက်ရာ မှာ တိုးတက်ကောင်းမွန်လာတဲ့လက္ခဏာ တွေကို တွေ့ရပါတယ်။ ၇၈ ဒသမ ၉ ရာခိုင်နှုန်းကတော့  ပကတိနီးပါး  နေပြန် ကောင်းလာပါတယ်။
ဒီဆေးမှာပါဝင်တဲ့ အမယ်တွေထဲက မှ တရုတ်ဆီးသီးအစေ့၊ ပျားရည်စုပ်ပန်း စတာတွေက ခန္ဓာကိုယ်တွင်းမှာ ကိုဗစ်-၁၉ ရောဂါပိုး ပြန့်ပွားမှုကို တားမြစ်ပေး နိုင်ပါတယ်။ ဒါ့အပြင် ကိုယ်တွင်းအင်္ဂါတွေ ရောင်ရမ်းမှုကို ဖြစ်စေတဲ့ ဆိုက်တိုကင်း ထုတ်လုပ်မှုကိုလည်း လျော့ကျစေနိုင် တယ်လို့  သုတေသနမှာ  တွေ့ရှိထားပါ တယ်။

 


ကျင်းဟွာချင်းကန်ဆေးလုံး


ကျင်းဟွာချင်းကန်        ဆေးလုံး (Jinhua Qinggan Granule) ကတော့ လျန်းဟွာကျင်းဝေ     ဆေးတောင့်နဲ့ အခြေခံပါဝင်ပစ္စည်းရော၊  ထိရောက်မှု အာနိသင်ရော    အတူတူနီးပါး ဖြစ်ပါ တယ်။ အဓိကကွာခြားချက်ကတော့ ဆေးတောင့်နဲ့   ဆေးလုံးပုံစံသာကွဲသွား တာပါ။  သူ့ကို   ထုတ်လုပ်ထားသူက ကျိရွှေချန်း ဆေးဝါးစက်ရုံဖြစ်ပါတယ်။

 


ဒီဆေးကို   ဝူဟန်နဲ့  ပေကျင်းမြို့မှာရှိ တဲ့ ကိုဗစ်-၁၉ လူနာ ၁ဝ၂ ဦးနဲ့ စမ်းသပ် ခဲ့တာပါ။ စမ်းသပ်မှုတွေအရဆိုရင် ရောဂါ ပြင်းထန်မှုမရှိတဲ့   လူနာတွေ၊  ရောဂါ အသင့်အတင့်သာ   ပြင်းထန်တဲ့လူနာ တွေမှာ  သူတို့အတွက်ရောဂါ    ဒီထက် ပြင်းထန်လာနိုင်ခြေကို   ၆၆  ရာခိုင်နှုန်း အထိ လျှော့ချပေးလိုက်နိုင်တာ  တွေ့ရ တယ်လို့ ဆိုပါတယ်။

 


ဒါ့အပြင်   ကိုယ်ခံအားစနစ်လုပ် ဆောင်ချက်တွေအပေါ်   သက်ရောက်မှု ရှိတဲ့ သွေးဖြူဥ၊ သွေးကလာပ်စည်းအဖြူနဲ့   ပြန်ရည်ကလာပ်စည်း အရေအတွက်တွေ  သိသာစွာ    မြင့်တက်လာတာကိုလည်း တွေ့ရပါတယ်။

 


ရွှေးပီကျင်းထိုးဆေး


ရွှေးပီကျင်းထိုးဆေး   (Xuebijing Injection)  ကတော့ ကိုဗစ်-၁၉ ရောဂါကို ပြင်းထန်စွာ    ခံစားရသူတွေအတွက် အဓိကရည်ရွယ်ပါတယ်။   သူ့ကို   ဆေးရုံ ၃၂ ခုမှာရှိတဲ့ လူနာ ၁၅၆ ဦးနဲ့စမ်းသပ်ခဲ့ တာဖြစ်ပြီး   အဲဒီလူနာတွေအားလုံးက လည်း    သေရေးရှင်ရေးတမျှဖြစ်ကာ သေမင်းနဲ့      စစ်ခင်းနေရသူတွေ   ဖြစ်ပါ တယ်။
စမ်းသပ်မှုရဲ့ရလဒ်ကလည်း  အလွန် ကောင်းမွန်ပြီး   အရေးပေါ်လူနာတွေ အနေနဲ့ အထူးကြပ်မတ် ကုသမှုခံယူရတဲ့ ကြာမြင့်ချိန်ကို   ကောင်းစွာလျှော့ချပေးနိုင်တာတွေ့ရပါတယ်။

 


အခုတော့   အဲဒီဆေးဟာ  ကိုဗစ်-၁၉ ရောဂါဖြစ်လို့         စိုးရိမ်ရတဲ့လူနာတွေ၊ ကိုယ်တွင်းအင်္ဂါတွေ    အလုပ်မလုပ်မှု ကြောင့် ခန္ဓာကိုယ်ရောင်ရမ်းမှုဖြစ်နေတဲ့ လူနာ တွေမှာ  အသုံးပြုလို့ရပြီဖြစ်ကြောင်း တရုတ်အစိုးရက ခွင့်ပြုလိုက်ပါပြီ။

 


မြန်မာ့ဆေးခါးကြီး


ကိုဗစ်-၁၉    ရောဂါကို  ကုသရေး အတွက်  ထိုင်းနိုင်ငံက    အသုံးပြုနေတဲ့ တိုင်းရင်းဆေးက ဆေးခါးကြီးကို အဓိက ထား ဖော်စပ်ထားတယ်ဆိုတာ သိခဲ့ရပြီး ပါပြီ။ ဒီတော့ ဆေးခါးကြီးဆိုတာဘာလဲ။ မြန်မာနိုင်ငံမှာရော ဆေးခါးကြီးအပင် တွေ   မရှိဘူးလားဆိုပြီး   မေးခွန်းတွေ မေးလာနိုင်ပါတယ်။
တကယ်တော့    မြန်မာနိုင်ငံထဲက လူကြီးသူမတွေဟာ ဆေးခါးကြီးဆိုတာ ကို   ကောင်းကောင်းသိကြပါတယ်။ အခုခေတ်      လူငယ်အများစုကသာ အနောက်တိုင်း ဆေးတွေရဲ့     လွှမ်းမိုးမှု ကြောင့် ဆေးခါးကြီးဆိုတာကို မေ့လျော့ လာကြတဲ့   သဘောရှိပါတယ်။ ဒါကြောင့် ဆေးခါးကြီးအကြောင်းကို အနည်းငယ် ရှင်းပြလိုပါသေးတယ်။

 


ဆေးခါးကြီးကို   ငရုတ်ခါးလို့လည်း ခေါ်ပါတယ်။   သူ့ရဲ့    ပုံသဏ္ဌာန်က တစ်နှစ်ခံ အပင်ပျော့အပင်ငယ်မျိုးဖြစ်ပြီး သုံးပေအထိ    အမြင့်ရှိတတ်ပါတယ်။ ပင်စည်ကပြောင်ချောပြီး လေးထောင့်ပုံစံ ရှိကာ အရွက်တွေကလည်း ဆိုင်ပြီးထွက် တဲ့ အပင်မျိုးဖြစ်ပါတယ်။ သူ့ရဲ့ အရွက် လေးတွေက လှံသွားပုံစံပါ။ အရွက်ရဲ့ထိပ် ပိုင်းနဲ့အရင်းပိုင်းတွေကတော့  ချွန်တယ်၊ ဒါမှမဟုတ်   သွယ်ပါတယ်။   အရွက်ရဲ့ အနားတွေကညီပြီး       အရွက်ပြားက ပြောင်ချောကာ  အရွက်ကြောကထင်ရှား ပါတယ်။

 


သူက    အပွင့်လည်း   ပွင့်ပါတယ်။ အပွင့်ရဲ့ပုံစံက  ခေါင်းလောင်းပုံသဏ္ဌာန် ရှိပြီး  သေးငယ်ကာ   အဖြူရောင်ပေါ်မှာ ခရမ်းရောင်၊ပန်းရောင်အပြောက်ကလေးများလည်း   ရှိပါတယ်။   အပွင့်ပွင့်ချိန်က တော့  တပေါင်းလနဲ့   တန်ခူးလပါ။
သူ့ရဲ့     အသီးလေးတွေဟာဆိုရင် လည်း   သေးငယ်ပြီး   အထဲမှာအခန်း နှစ်ခန်း ပါပါတယ်။ အသီးနုစဉ်မှာ အမွေး အနည်းငယ်ရှိပြီး        ရင့်သွားရင်တော့ ပြောင်ချောပါတယ်။   အသီးသီးချိန်က တော့  ဝါဆိုလနဲ့  ဝါခေါင်လပါ။   အခုလို မိုးများတဲ့ ရာသီပေါ့။

 


ပေါက်ရောက်လေ့ရှိတဲ့ နေရာဒေသ တွေကတော့ မြန်မာပြည်အောက်ပိုင်းမှာ အများဆုံး   ပေါက်ပါတယ်။  သဘာဝ အလျောက်ကို  ပေါက်တာပါ။ သိတတ် နားလည်တဲ့    လူကြီးသူမတချို့ကလည်း အဲဒီအပင်တွေကို       ဆေးဝါးအလို့ငှာ ခြံစည်းရိုးမှာ  စိုက်ထားလေ့ရှိပါတယ်။
သူ့ကို   အသုံးပြုလို့ရတဲ့   အပိုင်းက ပဉ္စငါးပါးလုံး      အသုံးပြုနိုင်ပါတယ်။ ပဉ္စငါးပါးဆိုတာ   အပင်တစ်ပင်ရဲ့ အမြစ်၊ အခေါက်၊  အရွက်၊  အပွင့်၊  အသီးတို့ကို ခေါ်တာပါ။ သူ့ရဲ့အရသာက အေးပြီးခါး သက်တဲ့  အရသာရှိပါတယ်။ အာနိသင် တွေကတော့ သလိပ်နဲ့  သည်းခြေကိုနိုင် တယ်။  အဆီမရှိ   လေကို  ပျက်စေတတ် တယ်။   ဝမ်းမီးကို   တောက်စေတယ်။ အဖျားကို ပယ်ဖျောက်စေတယ်။ ကလေး များအတွက်     အထူးကောင်းတယ်လို့ မြန်မာ့ဆေးကျမ်းတွေမှာ   ဖော်ပြထား ပါတယ်။

 


အသုံးပြုပုံအနေနဲ့ကတော့   သူ့ရဲ့ အရွက်ကိုဆိုရင်     အဖျားဖြတ်ဆေး၊ အဆိပ်ဖြေဆေး၊ သည်းခြေဆေး၊ လျှာ ပွတ်ဆေးတို့မှာ   ထည့်သွင်းအသုံးပြုနိုင် ပါတယ်။ ပဉ္စငါးပါးလုံးကိုတော့  အဖျား ကျဆေး၊  အားတိုးဆေး၊   လေကြေဆေး အဖြစ်      ဖော်စပ်အသုံးပြုကြလေ့ရှိပါ တယ်။ အရည်ကို ကျိုသောက်မယ်ဆိုရင် တော့  ခေါင်းကိုက်ခြင်း၊  အစာမကြေခြင်း၊ ဝမ်းသက်ခြင်း၊  ဝမ်းကိုက်ခြင်း၊  လေထိုး ခြင်းနဲ့   အဖျားရောဂါကို ပျောက်ကင်း စေပါတယ်။ 
ဆေးခါးကြီးအရည်ထဲကို   ဆီးဖြူ၊ ဖန်ခါး၊ သစ်ဆိမ့် သုံးမျိုးလုံးကို  အမှုန့် ပြုပြီး   ထည့်သောက်မယ်ဆိုရင်တော့ သွေးဖျဉ်း၊  လေဖျဉ်း၊  နူနာ၊  ခေါင်းကိုက်၊ ဇက်ထိုးနဲ့   မူးဝေတဲ့   ရောဂါတွေ ပျောက် တယ်လို့လည်း ဆိုပါတယ်။

 


ဒါတွေက   မြန်မာ့ဆေးကျမ်းထဲမှာ ဖော်ပြထားတဲ့ အချက်တွေပါ။ ရှေးယခင်  ကတည်းက မြန်မာ့တိုင်းရင်းဆေးဆရာကြီးတွေရဲ့    နည်းပညာပြည့်စုံမှုမရှိတဲ့ ကြားထဲက လုပ်ဆောင်ခဲ့တဲ့ သုတေသန တွေမှာတောင်မှ        ဒီလောက်အထိ ပြည့်စုံနေရင်   ဒီဘက်ခေတ်နည်းပညာတိုးတက်ထွန်းကားလာတဲ့   အချိန်မှာ သုတေသနတွေကို   အရင်ထက်ပိုပြီး စေ့စေ့ငုငုလုပ်ဆောင်နိုင်မှာပါ။
ယခင်မြန်မာ့တိုင်းရင်းဆေး ဆရာ ကြီးတွေရဲ့ သုတေသနတွေကို ကြည့်ခြင်း အားဖြင့်လည်း မြန်မာနိုင်ငံရဲ့ တိုင်းရင်း ဆေးဟာ အဆင့်အတန်းမနိမ့်ဘူးဆိုတာကိုမြင်မိပြီး  တကယ်ကို   ဂုဏ်ယူမိပါ တယ်။ ကျွန်တော်တို့  လိုအပ်နေတာက  ရှေးလူကြီးတွေ ချမှတ်ခဲ့တဲ့ အုတ်မြစ်ကို အခြေခံလို့ မြန်မာ့တိုင်းရင်းဆေးအခန်း ကဏ္ဍကို  တစ်ဆင့်ပြီး တစ်ဆင့် တိုးမြှင့် သွားဖို့ဖြစ်ပါတယ်။


တိုက်တွန်းချက်


အထက်မှာ ဖော်ပြခဲ့တဲ့ ထိုင်းနိုင်ငံတို့၊  တရုတ်နိုင်ငံတို့က ထုတ်တဲ့ဆေးဝါးတွေ က သူတို့ပြည်တွင်းမှာ သာမက ပြည်ပ ကိုပါ  တင်ပို့နိုင်နေပြီဖြစ်တဲ့  တိုင်းရင်း ဆေးဝါးတွေ   ဖြစ်ပါတယ်။ သူတို့လိုပဲ သက်ဆိုင်ရာ   နိုင်ငံအသီးသီးမှာ   အစွမ်း ထက်တဲ့ တိုင်းရင်းဆေးဝါးတွေ ရှိနေမှာပါ။
တချို့ကပြောကြတာ        ရှိပါတယ်။ တိုင်းရင်းဆေးတွေက  ဘေးထွက်ဆိုးကျိုး တွေ ရှိတယ်။  ငါတို့ကတော့  အနောက် တိုင်းဆေးတွေကိုပဲ ယုံကြည်တယ်ဆိုပြီး တော့ပါ။

 


တကယ်က  ကိုယ့်ရဲ့တိုင်းရင်းဆေး ဖြစ်စေ၊  တခြားနိုင်ငံက   တင်သွင်းတဲ့ အနောက်တိုင်းဆေးဖြစ်စေ  ဆေးမှန် သမျှဟာ   ဘေးထွက်ဆိုးကျိုးရှိစမြဲပါ။ ဘေးထွက်ဆိုးကျိုးနည်းတာနဲ့ များတာပဲ ကွာပါတယ်။
ဘေးထွက်ဆိုးကျိုး   အနည်းဆုံးဖြစ် စေဖို့ဆိုရင်   သုတေသနတွေကို  အရှိန် အဟုန်မြှင့်ပြီး  လုပ်ရပါမယ်။ ဥပမာအား ဖြင့်   ထိရောက်မှုရှိတဲ့   ဆေးပမာဏ အတိအကျကို    ထုတ်လုပ်ပေးနိုင်ခြင်း၊ လိုအပ်တဲ့ ပါဝင်ပစ္စည်းအရေအတွက်ကို ပြန်လည်ချိန်ညှိခြင်းတို့ လုပ်ဆောင်လိုက် ပြီဆိုရင် ဘေးထွက်ဆိုးကျိုး အနည်းဆုံး ဖြစ်လာမယ်လို့ ယူဆရပါတယ်။

 


ဒီနေရာမှာ   တစ်ခုလောက်မေတ္တာ ရပ်ခံချင်တာက  အထက်မှာ  ဖော်ပြခဲ့တဲ့ ဆေးတွေအားလုံးဟာ   ကိုယ့်သဘောနဲ့ ကိုယ်    အသုံးပြုရတာ     မဟုတ်ဘဲ  ကျွမ်းကျင်သူတွေရဲ့    လမ်းညွှန်ချက် အတိုင်း  အသုံးပြုရတာ   ဖြစ်တယ်ဆိုတဲ့ အချက်ကို သတိချပ်ကြစေဖို့ပါ။ နောက် တစ်ချက်က  ထိုင်းနိုင်ငံနဲ့  တရုတ်နိုင်ငံ ထုတ် တိုင်းရင်းဆေးတွေအကြောင်းကို ဖော်ပြသွားတာဟာ  အဲဒီဆေးတွေကို ဝယ်ယူအသုံးပြုစေချင်လို့ ကြော်ငြာပေး တဲ့ သဘောလည်း လုံးဝမဟုတ်ရပါဘူး။

 


သူများနိုင်ငံမှာတော့   ဒီလိုမျိုးတွေ တီထွင်စမ်းသပ်အသုံးပြုကာ တိုင်းရင်း ဆေးရဲ့  အခန်းကဏ္ဍကို   မြှင့်တင်နေပြီ ဆိုတဲ့  အကြောင်းရယ်၊  ကိုယ့်နိုင်ငံမှာ လည်း  အလားတူပဲ  ပြည်ပက  ထုတ်တဲ့ အနောက်တိုင်းဆေးတွေကို   မျှော်တ လင့်လင့်လုပ်နေရမယ့် အစား ကိုယ့်တိုင်း ရင်းဆေးကို    ကိုယ့်နည်းကိုယ့်ဟန်နဲ့ ထုတ်လုပ်ပြီး  တိုင်းရင်းဆေး အခန်း ကဏ္ဍကို မြှင့်တင်နိုင်ကြစေဖို့ရယ်ကိုသာ အဓိကရည်ရွယ်ပြီး   ဖော်ပြလိုခြင်းဖြစ် ပါတယ်။

 


နောက်ထပ်    သတိချပ်စေလိုတဲ့ အချက်ကတော့  ကျွန်တော်အစပိုင်းက ပြောခဲ့သလိုမျိုးပဲ အနောက်တိုင်းဆေးဝါး များသည်    ကိုယ့်နိုင်ငံအတွက်သာ အနောက်တိုင်း ဆေးဝါးဖြစ်ပေမယ့် ဆေး ထုတ်လုပ်တဲ့       နိုင်ငံအတွက်တော့ တိုင်းရင်းဆေးတွေ ဖြစ်တယ်ဆိုတာကို မမေ့ကြစေဖို့ပါပဲ။

 


တိုင်းရင်းဆေးဆိုတာ  အင်မတန်မှ အဖိုးတန်လှတဲ့   ဆေးတွေဖြစ်ပါတယ်။ လမ်းဘေးမှာ   အလေ့ကျပေါက်နေတဲ့ အပင်တွေက လူသားတွေ အပါအဝင် သတ္တဝါတွေအားလုံးအတွက်   အလွန် အသုံးဝင်တယ်ဆိုတာ သာမန်လူတွေက တော့ မသိနိုင်ပါဘူး။ ဒါပေမယ့် တိုင်းရင်း ဆေးပညာရှင်တွေကတော့  ဒီအပင်က ဘာအတွက်    အသုံးဝင်တယ်။   ဘယ် ရောဂါအတွက် ဘယ်အပင်က သင့်လျော် တယ်ဆိုတာကို     ကောင်းကောင်းကြီး သိရှိကြမှာပါ။


သိရှိကြတဲ့အတိုင်းလည်း  သုတေ သနတွေ   အခုထက်  များများလုပ်ပြီး ထိရောက်မှုရှိတဲ့ ဆေးအာနိသင်တွေကို ထုပ်ပိုးမှုပုံစံအသစ်၊ စွဲမက်ဖွယ်ကောင်း တဲ့ အသွင်အပြင်နဲ့ ထုတ်လုပ်ပေးနိုင်ကြ ရင်ဖြင့်    ကျွန်တော်တို့    မြန်မာနိုင်ငံရဲ့ တိုင်းရင်းဆေးအခန်းကဏ္ဍဟာ တစ်ဖန် ပြန်လည်ထွန်းလင်းလာမှာ ဖြစ်ပါတယ်။
နောက်တစ်ခုက  တစ်ကမ္ဘာလုံးကပ် ရောဂါဖြစ်နေတဲ့ အခုအချိန်ဟာ မြန်မာ့  တိုင်းရင်းဆေး             အခန်းကဏ္ဍကို နောက်ထပ်တစ်ဆင့်      တိုးမြှင့်ဖို့အတွက် အချိန်ကောင်းဖြစ်တာကြောင့်   ဒီအခွင့် အရေးကို အမိအရစွဲကိုင်အသုံးချနိုင်ကြစေဖို့    စိတ်ရင်းစေတနာ   အမှန်ဖြင့် အကြံပြု     တိုက်တွန်းလိုက်ရပါတယ် ခင်ဗျာ။      ။