
မြန်မာနိုင်ငံတွင် ကိုဗစ်ပထမလှိုင်းကို ၂၀၂၀ ပြည့်နှစ် မတ်လမှ စတင်ဖြတ်သန်းခဲ့သည်။ ပထမ လှိုင်းတွင် ကိုဗစ်- ၁၉ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ရာဂဏန်းနှင့် သေဆုံးသူ ခုဂဏန်းမျှသာရှိ၏။ ကူးစက်မှုဒုတိယလှိုင်းကို ၂၀၂၀ ပြည့်နှစ် သြဂုတ် လတွင် ထပ်မံကြုံတွေ့ခဲ့ရသည်။ ကျန်းမာရေး ဝန်ကြီးဌာန၏ထုတ်ပြန်ချက်များအရ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလကုန်အထိ မြန်မာနိုင်ငံ တွင် ကိုဗစ်ကူးစက်ခံရသည့်လူနာ ၁၂၄၂၇ ဦး၊ ကုသပျောက်ကင်းပြီး ဆေးရုံမှဆင်းခွင့်ရသူ ၃၃၉၁ ဦး၊ သေဆုံးသူ ၂၈၄ ဦးရှိပြီး ဆက်လက်ကုသမှုခံယူ သူ ၈၇၅၂ ဦးရှိသည်။
ပထမလှိုင်းနှင့် ဒုတိယလှိုင်း ကွာခြားချက်မှာ အဆ ၁၀၀ နီးပါးရှိ၍ စိုးရိမ်ပူပန်မှု မြင့်မားခဲ့သည်။ ပထမလှိုင်းတွင် ပိုးတွေ့လူနာ ပထမဆုံးတွေ့ခဲ့သည့် မတ်လ ၂၃ ရက်မှစ၍ ပိုးတွေ့လူနာ ၃၇၄ ဦးဖြစ်ရန် ၂၁ ပတ်ကြာသည်။ တစ်ပတ်လျှင် ၁၆ ဦးနှုန်း ပိုး တွေ့သည်။ ဒုတိယလှိုင်းစတင်ချိန် ပိုးတွေ့လူနာ ၃၇၅ ဦးမြောက်မှ ၉၉၉၁ ဦးဖြစ်ရန် တစ်လခွဲ ကြာသည်။
ထိုစဉ်က တစ်ရက်တာစစ်ဆေးမှုအရ ပိုးတွေ့ မှုနှုန်းသည် အနိမ့်ဆုံး ၁၅ ရာခိုင်နှုန်းရှိသည်။ အစိုးရ နှင့် ကျန်းမာရေးဝန်ထမ်းအားလုံးက ရေကုန်ရေခန်း အစွမ်းကုန်ကြိုးပမ်းခဲ့ကြသည်။ ဒုတိယလှိုင်းတွင် ရွေးကောက်ပွဲအောင်နိုင်ရေးနှင့် ကိုဗစ်ကွင်းဆက် ဖြတ်ရေး တပေါင်းတည်းပြုလုပ်ခဲ့ကြသည်။
အဆင့်လေးဆင့်သတ်မှတ်
ကိုဗစ်ရောဂါနှင့်ပတ်သက်၍ ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့၏သတ်မှတ်ချက်အရ ရောဂါဖြစ်ပွားမှု အခြေအနေကို အဆင့်လေးဆင့်သတ်မှတ်သည်။ အတည်ပြုလူနာမရှိလျှင် အဆင့်(၁)၊ လူနာတစ်ဦး သို့မဟုတ် တစ်ဦးထက်ပိုရှိလျှင် အဆင့်(၂)၊ အချိန် နေရာထိတွေ့မှုနှင့်အတူ အစုအဖွဲ့အလိုက် ကူးစက် မှုများရှိလျှင် အဆင့်(၃)နှင့် ကြီးမားသောပြည်တွင်း ကူးစက်မှုများရှိလျှင် အဆင့်(၄) ဟု သတ်မှတ်ထား သည်။ မြန်မာနိုင်ငံတွင် ၂၀၂၀ ပြည့်နှစ်က ဖြစ်ပွား ခဲ့သော ကိုဗစ်ပထမလှိုင်း၊ ဒုတိယလှိုင်းသည် ကမ္ဘာ့ သတ်မှတ်ချက်အရ အဆင့်(၃) ဖြစ်၍ အဆိုးရွားဆုံး အခြေအနေတော့မဟုတ်ပေ။
ယခုနှစ် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ဇူလိုင် လ၊ သြဂုတ်လ။
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် မေ ၂၇ ရက်မှ စတင်၍ ကိုဗစ်တတိယလှိုင်း ဖြစ်ပွားခဲ့သည်။ ဇူလိုင်လတွင် အမြင့်ဆုံးနှုန်းဖြစ်လာခဲ့သည်။
ကိုဗစ်တတိယလှိုင်းမဖြစ်ပွားမီ၊ ဒုတိယလှိုင်း ဆက်လက်ဖြစ်ပွားနေဆဲ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်၌ ရွေးကောက်ပွဲနှင့်ပတ်သက်၍ မရိုးမသား ပြုလုပ်မှု၊ နိုင်ငံတော်အာဏာကို အဓမ္မနည်းလမ်း ဖြင့် ရယူရန် ကြိုးစားမှုတို့ကြောင့် နိုင်ငံတော်တာဝန် ထိန်းသိမ်းမှုဖြစ်ပေါ်ခဲ့သည်။ ထိုအခါ အစိုးရ ဆန့်ကျင်ရေး ပထမဆုံး CDM ပြုလုပ်ခဲ့ကြသူများမှာ ကျန်းမာရေးဝန်ကြီးဌာနမှ ဆရာဝန်၊ သူနာပြုနှင့် ဆေးဘက်ဆိုင်ရာဝန်ထမ်းများဖြစ်သည်။ CDM ပြုလုပ်မှုကြောင့် ကျန်းမာရေးစနစ်ကြီး ပြိုလဲ သကဲ့သို့ ဖြစ်ခဲ့ရသည်။ ပထမလှိုင်း၊ ဒုတိယလှိုင်း ဖြစ်စဉ်က စေတနာထက်သန်စွာဖြင့် ပြည်သူတို့အား ရောဂါကာကွယ်ကုသ စောင့်ရှောက်မှုပေးခဲ့ကြသော ကျန်းမာရေးဝန်ထမ်းများမှာ တတိယလှိုင်း မဖြစ်မီ ပြည်သူတို့အား ကျောခိုင်းထွက်ခွာသွားခဲ့ကြသည်။
ကျန်းမာရေးဝန်ထမ်းအင်အား တစ်ဝက်နီးပါး CDM ပြုလုပ်ကြသောကြောင့် တာဝန်ကိုယ်စီလုပ်ကြ ရသောဆေးရုံများမှာ ပုံမှန်မလည်ပတ်နိုင်။ အချို့ ဆေးရုံတံခါးများ ပိတ်ထားခဲ့ကြပြီး အချို့ဆေးရုံများ မှာ လူနာကို လက်ခံနိုင်သော်လည်း ကုသပေးမည့် သူ အလုံအလောက်မရှိချေ။ ရောဂါဝေဒနာရှင်များ မှာ ကိုယ့်အသက်ကို ဖက်နှင့်ထုပ်ရမလို ဖြစ်ခဲ့ကြ သည်။ တတိယလှိုင်းအမြင့်ဆုံးဖြစ်သည့် ဇူလိုင်လ တွင် ရောဂါပြင်းထန်သူများ သေဆုံးမှုအမြင့်မား ဆုံးဖြစ်ခဲ့သည်ကို တွေ့ရသည်။ ဇူလိုင်လသည် စိတ် မချမ်းမြေ့ဖွယ်ရာအကောင်းဆုံးလတစ်လ ဖြစ်ခဲ့သည်။ ဖေဖော်ဝါရီလမှစ၍ ကျန်းမာရေးဝန်ထမ်းများမှာ ပြည်သူတို့အား ကျောခိုင်းထွက်ခွာခဲ့သော်လည်း ကျန်ရှိသည့် တာဝန်သိ ကျန်းမာရေးဝန်ထမ်းများနှင့် အတူ ဆေးဘက်ဆိုင်ရာ တပ်မတော်သားများက ပြည်သူတို့၏အသက်ကို အစွမ်းကုန်ကယ်တင်ပေး ခဲ့သည်။
အမျိုးသားရေးအဖြစ် ကြိုးပမ်း
နိုင်ငံတော်အစိုးရ၊ တပ်မတော်၊ ပြည်သူလူထုနှင့် တာဝန်ရှိသူများက ကိုဗစ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကို အမျိုးသားရေးအဖြစ် ကြိုးပမ်း ဆောင်ရွက်ကြသည်။ တာဝန်သိကျန်းမာရေးဝန်ထမ်း များ၊ တပ်မတော်မှ ဆရာဝန်များက ဆေးရုံများ ပြန်လည်ဖွင့်လှစ်နိုင်အောင် ကြိုးစားကြသည်။ ရောဂါ ကင်းဝေးရေးအတွက် ပြည်သူလူထုအား ကာကွယ် ဆေးထိုးပေးကြသည်။
NLD ထောက်ခံသော အချို့ဆရာဝန်များနှင့် ကျန်းမာရေးဝန်ထမ်းအချို့က CDM ပြုလုပ်ပြီး ကျန်းမာရေးစနစ်ယိုင်လဲအောင် ပြုလုပ်ကြသည်။ NLD ပါတီဝင်အချို့နှင့် ၎င်းတို့ကို ထောက်ခံသူ အစွန်းရောက်များက လှုံ့ဆော်မှု၊ ခြိမ်းခြောက်မှု၊ ဖျက်ဆီးမှု၊ သတ်ဖြတ်မှုများပြုလုပ်ကြသည်။ အမရ ပူရမြို့တွင် ကိုဗစ်ရောဂါ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်သည့် စေတနာ့ဝန်ထမ်းအဖွဲ့ကို ပစ်ခတ် တိုက်ခိုက်ခဲ့သည်။ စေတနာ့ဝန်ထမ်းအမျိုးသမီး တစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရခဲ့သည်။ မြောက် ဥက္ကလာဆေးရုံကြီးတွင် အောက်ဆီဂျင်ပိုက်လိုင်း များကို ထုရိုက်ဖျက်ဆီးခဲ့သည်။ မရမ်းကုန်းမြို့နယ် တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ကာကွယ်ဆေး ထိုးနှံစဉ် လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ကယား ပြည်နယ် ဖယ်ခုံမြို့၌ ကာကွယ်ဆေးထိုးနှံစဉ် ချိန်ကိုက်မိုင်းဖောက်ခွဲခဲ့၍ ရဲတပ်ဖွဲ့ဝင်တစ်ဦး ကျဆုံး ပြီး စေတနာ့ဝန်ထမ်းတစ်ဦး ဒဏ်ရာရခဲ့သည်။ ကိုဗစ် စစ်ဆေးရေးဂိတ်များကို ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ပုလဲမြို့ရှိ လူမှုကူညီရေးအသင်း အောင်ဆီဂျင် ဖြည့်တင်းရေးဆွေးနွေးစဉ် လက်ပစ်ဗုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့သည်။ အဆိုပါဖြစ်စဉ်မျိုး ၁၈ ကြိမ် ဖြစ်ခဲ့သည်။
အောင်မြင်မှုများအား ဂုဏ်ပြုကျေးဇူးတင်
မုဒိတာပွားများ
ကိုဗစ်တတိယလှိုင်းကြောင့် ပြည်သူတို့ သောက၊ ဒုက္ခများနေစဉ် အစိုးရနှင့် ပြည်သူလူထု အလုံးစုံဒုက္ခရောက်စေရန်အတွက် NLD အစွန်း ရောက်များနှင့် CRPH၊ NUG၊ PDF များက ယုတ်မာ ပက်စက်မှုများ အစွမ်းကုန်ပြုလုပ်ခဲ့ကြသည်။ ထိုသို့ ယုတ်မာရက်စက်မှုများကို တွန်းလှန်ဖယ်ရှား ပြီး ကိုဗစ်တတိယလှိုင်းစိန်ခေါ်မှုများကို အစိုးရ၊ တပ်မတော်၊ ပြည်သူလူထုနှင့် လူမှုရေးအသင်းအဖွဲ့ များက အရှိန်အဟုန်မလျှော့ဘဲ ပူးပေါင်းလက်တွဲ ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ ကြိုးပမ်းဆောင်ရွက်မှုများကြောင့် ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်း အရှိန်အမြင့်ဆုံး အချိန်အခါဖြစ်သည့် ဇူလိုင်လ တတိယပတ် ဇူလိုင် ၂၃ ရက်တွင် ကိုဗစ်ရောဂါပိုးတွေ့ရှိမှု ၄၀ ဒသမ ၈၂ ရာခိုင်နှုန်းရှိခဲ့ရာမှ ယခု ဩဂုတ် ၂၉ ရက်တွင် လူဦးရေ ၂၉၁၂၇ ဦးအား စစ်ဆေးခဲ့ရာ ၃၁၆၆ ဦး စစ်ဆေးတွေ့ရှိခဲ့သဖြင့် ၁၀ ဒသမ ၈၇ ရာခိုင်နှုန်း သာရှိသည်။ ယခင်မျှော်မှန်းခဲ့သည့် ၂၀ ရာခိုင်နှုန်း အောက် ကျဆင်းလာခဲ့သည်။
နိုင်ငံတော်ကို ဒီမိုကရေစီလမ်းကြောင်းပေါ် သို့ ပြန်လည်တည့်မတ်အောင် ကြိုးပမ်းဆောင်ရွက် နေချိန်တွင် ဝေဖန်မှုများ၊ နှောင့်ယှက်ဖျက်ဆီး တိုက်ခိုက်မှုအမျိုးမျိုးကြားမှ ပြည်သူလူထုကျန်းမာ ရေးစောင့်ရှောက်မှုလုပ်ငန်းများကို စေတနာ၊ မေတ္တာ၊ ကရုဏာစိတ်ထားများဖြင့် ကြိုးပမ်း ဆောင်ရွက်ခဲ့ကြသူများအားလုံးကို အသိအမှတ် ပြုရမည်ဖြစ်သည်။ ပြည်သူလူထုကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများတွင် ရှေ့တန်းမှ စွန့်လွှတ်စွန့်စားကြိုးစားပြီး တိုင်းပြည်နှင့် လူမျိုး အပေါ် အသိတရားရှိရှိ ကြိုးပမ်းဆောင်ရွက်ကြ သည့် ဆရာဝန်များ၊ ဆရာမများ၊ ကျန်းမာရေး ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ စေတနာ့ ဝန်ထမ်းအသင်းအဖွဲ့များ၊ ပြည်သူပြည်သား အားလုံးနှင့် တပ်မတော်ဆေးတပ်ဖွဲ့ဝင်များ အားလုံးတို့အား မှတ်တမ်းတင်ဂုဏ်ပြုလိုက်ရပါ သည်။ ပြည်သူပြည်သားအားလုံးတို့ကိုယ်စား ကျေးဇူးအထူးတင်ရှိပါသည်။ ကြိုးပမ်းအားထုတ် မှုများ၊ အောင်မြင်မှုများအား ပြည်သူတစ်ယောက် အနေဖြင့် မုဒိတာဖြစ်ရပါသည်။ ။
ကိုရေချမ်း
- Log in to post comments