
သူရိန်သော်
=====
လေထုထဲကနေ ပျံ့နှံ့ကူးစက်တဲ့ ကိုဗစ်- ၁၉ ရောဂါကို တစ်ကမ္ဘာလုံး ရင်ဆိုင်တွေ့ကြုံနေရပါတယ်။ မိမိတို့နိုင်ငံမှာတော့ လေထုထဲက ရောဂါပိုးကို ကာကွယ်နေကြရတဲ့အပြင် လေလှိုင်းပေါ်က အစိုးရအမည်ခံ အကြမ်းဖက်အဖွဲ့ကြောင့် စိတ်အနှောင့်အယှက်ဖြစ်နေကြရပါတယ်။
အကွက်ကျကျစီမံ
ဥပဒေရေးရာခုံရုံးတွေမှာ စစ်ဆေးခံနေရဆဲ NLD ပါတီဝင်အချို့နဲ့ တရားမဝင် ပြည်ပကို ထွက်ပြေးခိုလှုံနေရသူတွေဟာ သူတို့ကိုယ်သူတို့ NUG အစိုးရလို့ ခံယူခဲ့ကြပါတယ်။ ပြည်ပမှာရှိတဲ့ မြန်မာ့နိုင်ငံရေးကို ခြယ်လှယ်လိုတဲ့ အဖွဲ့အစည်း တွေရဲ့ အထောက်အပံ့ရယူပြီး ပြည်ဖျက်စီမံကိန်း တွေကို လုပ်ဆောင်နေကြပါတယ်။ ပြည်ပအဖွဲ့ အစည်းတွေရဲ့ ထောက်ပံ့မှုကို ရယူထားတဲ့ ပြည်ပအခြေစိုက်အကြမ်းဖက်အစိုးရအဖွဲ့ NUG ဟာ ယခု လဆန်းပိုင်းက ပြည်သူတွေကို လေလှိုင်းပေါ်ကနေ D Day ကြေညာခဲ့ပါတယ်။ လှည်းနေလှေအောင်း မြင်းဇောင်းမကျန် တော်လှန်ကြပါဆိုတဲ့ မြှောက် လုံး၊ ခြောက်လုံးတွေအပြည့်နဲ့ မိန့်ခွန်းဆိုတာကို အကွက်ကျကျ စီမံပြောကြားခဲ့ပါတယ်။
D Day ဟာ ရရာလက်နက်စွဲကိုင်ပြီး လက်ရှိ အစိုးရကို တော်လှန်ကြဖို့ ပြည်သူတွေကို တပ်လှန့် လိုက်တာဖြစ်ပါတယ်။ အကြမ်းဖက်အဖွဲ့ရဲ့ အစွယ် အပွားတွေနဲ့ အမှန်ကိုမမြင်နိုင်၊ မသိနိုင်တဲ့ လူတစ်စုလောက်ကလွဲပြီး ပြည်သူစစ်စစ်တွေက တော့ D Day အပေါ် စိတ်ဝင်စားမှုမရှိသလောက် ဆိုတာကို လက်ရှိမှာ ပြည်သူတွေ ငြိမ်းငြိမ်းချမ်းချမ်း နဲ့နေ့စဉ်ဘဝ ပုံမှန်ဖြတ်သန်းနေတာကိုကြည့်ပြီး သုံးသပ်နိုင်မှာဖြစ်ပါတယ်။
ထို့အတူ အကြမ်းဖက်အဖွဲ့တွေရဲ့ အစွယ် အပွားတွေ၊ PDF တွေကိုလည်း အစိုးရနဲ့ပြည်သူတွေ ပူးပေါင်းဖော်ထုတ်မှုတွေကြောင့် နေ့စဉ်နဲ့အမျှ ဖမ်းဆီးရမိနေတာတွေကိုလည်း မြင်တွေ့ရပါ တယ်။ NUG ဘက်က ဘယ်လောက်ပဲ မြှောက်ပင့် ပေးပေး ပြည်သူမရွေ့တော့ဘူးဆိုတာကို မြင်တွေ့ လာရတဲ့အခါ အကြမ်းဖက်သူတွေဟာ ဖုန်း တာဝါတိုင်တွေ မိုင်းခွဲဖျက်ဆီးတာ၊ အပြစ်မဲ့ပြည်သူ တွေကို ဒလန်ဆိုပြီး သတ်ဖြတ်တာတွေကို ပိုမို ဖိအားပေး လုပ်ဆောင်လာကြတာကို စိတ်မသက် သာဖွယ် မြင်တွေ့ရပါတယ်။ ဆက်သွယ်ရေး တာဝါတိုင်တွေ ပျက်စီးမှုဟာ ပြည်သူတွေရဲ့ နစ်နာ ဆုံးရှုံးမှု၊ အပြစ်မဲ့ပြည်သူတွေကို သတ်ဖြတ်တာ မြန်မာ့သမိုင်းအတွက် အကျည်းတန်မှုဆိုတာ တွေကို လျစ်လျူရှုပြီး မှန်ကန်တဲ့လုပ်ရပ်လို့ ယနေ့တိုင် ကမ္ဘာကို လိမ်လည်နေဆဲပဲ ဖြစ်ပါ တယ်။
တိုင်းပြည်ရဲ့လောက်ကောင်
ပြည်သူတွေ နိုင်ငံတွင်းမှာ မတည်မငြိမ်ဖြစ် အောင် လှုံ့ဆော်နေကြသူတွေက ပြည်ပနိုင်ငံတွေမှာ ခိုလှုံပြီး ပြည်ပကြိုးကိုင်သူတွေအလိုကျ ရုပ်သေးရုပ် အစိုးရဖြစ်တယ်ဆိုတဲ့ အထောက်အထားတွေကို လည်း တစ်နေ့တခြား မြင်တွေ့လာရပြီ ဖြစ်ပါ တယ်။ အပြစ်မဲ့တဲ့ပြည်သူတွေကို ဒလန်စွပ်စွဲပြီး သတ်ဖြတ်တာ၊ လုယက်မှုတွေကျူးလွန်တာ၊ မိုင်းခွဲ ဖျက်ဆီးတာစတဲ့ဖြစ်စဉ်တွေအားလုံးမှာ အကြမ်း ဖက်ခြင်းကို တော်လှန်ခြင်းဆိုပြီး အမည်တပ် အားရ ကျေနပ်နေကြသူတွေကို ပြည်သူတွေရဲ့ အဆိပ် အတောက်၊ တိုင်းပြည်ရဲ့ လောက်ကောင်တွေ အဖြစ် သတ်မှတ်ကြဖို့ လိုအပ်နေချိန်ဖြစ်ပါ တယ်။
ပြည်ပအထောက်အပံ့တွေ ဖောဖောသီသီ ရယူ ထားတဲ့ NUG၊ PDF စတဲ့ အကြမ်းဖက်အဖွဲ့တွေ အနေနဲ့ တိုင်းပြည်နဲ့လူမျိုးရဲ့ မျက်နှာကိုမှ မထောက်ထားဘဲ ပြည်သူတွေ ဆင်းရဲတွင်းနက် အောင် ကြံဆောင်နေမှုတွေ၊ လက်နက်မျိုးစုံနဲ့ ရွက်ကုန်လွှင့်ကာ နိုင်ငံတော်ကို ဖျက်ဆီးနေမှုတွေ ဟာ ရုပ်လုံးပေါ်လာခဲ့ပါပြီ။ ကျွမ်းကျင်သူတွေရဲ့အဆို အရ ပဲခူး PDF အဖွဲ့ဆိုပြီး အင်းတကော်မြို့က ဘဏ် တစ်ခုမှာ လုယက်မှုလုပ်ဆောင်တဲ့ဖြစ်စဉ်မှာ သုံးစွဲ သွားတဲ့ လက်နက်အမျိုးအစားဟာ ၂၀၂၀ ပြည့်နှစ် တွေမှာ အမေရိကန်က အာဖဂန်နစ္စတန်နဲ့ အီရတ် စစ်ပွဲတွေမှာ အသုံးပြုခဲ့တဲ့ MK 12 Special Purpose ရိုင်ဖယ်အမျိုးအစားဖြစ်တယ်လို့ သိရပါတယ်။ ဒီလိုလက်နက်တွေကို အာဖဂန်ကနေ အမေရိကန်တပ် ဆုတ်ခွာတဲ့အခါ ပြန်ယူဆောင်မသွားဘဲ ထားခဲ့ တယ်ဆိုတဲ့ဖြစ်စဉ်ကို ဆက်စပ်တွေးတောကြည့်မယ် ဆိုရင် အကြမ်းဖက်သူတွေကို ထောက်ပံ့ပေးနေသူ တွေဟာ မည်သူတွေဆိုတာနဲ့ တာလီဘန်လက်နက် တွေ ဘာကြောင့် ပြည်တွင်းရောက်ရှိနေရသလဲ ဆိုတာကို ပြည်သူတွေ သတိပြုနိုင်မှာ ဖြစ်ပါ တယ်။
အွန်လိုင်းကနေသင်ကြား
ထို့အတူ ယခုလဆန်းပိုင်းက နိုင်ငံတကာ သတင်းတစ်ပုဒ်မှာ အမေရိကန်နိုင်ငံသား လက်နက် ကျွမ်းကျင်တဲ့ ဝါသနာရှင်တစ်ဦးက မြန်မာအစိုးရကို ဆန့်ကျင်တဲ့ ပြောက်ကျားတပ်ဖွဲ့ဝင်(PDF)တွေကို လက်လုပ်ဗုံးနဲ့ လက်နက်ပြုလုပ်နည်းအချို့၊ အကြမ်းဖက်တိုက်ခိုက်မှု နည်းလမ်းတွေကို အွန်လိုင်းကနေ သင်ကြားပေးခဲ့တယ်ဆိုတာကို ဖော်ထုတ်ရေးသားထားတာ ဖတ်လိုက်ရပါသေး တယ်။
အကြမ်းဖက်သင်တန်းကို NUG အစိုးရအဖွဲ့ဝင်၊ ပြည်ပကို ထွက်ပြေးတိမ်းရှောင်နေတဲ့ ဝရမ်းပြေး ဒေါက်တာဆာဆာ လာရောက်ပြီးထောက်ခံအားပေး ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ဒီလို အကွက်ချစီစဉ်မှု တွေကြောင့် NUG အနေနဲ့ D Day လို့ကြေညာခဲ့တာ ဖြစ်ပြီး တကယ်တမ်းမှာ သူတို့မျှော်မှန်းချက်မပြည့်ဝ ခဲ့တာကိုလည်း မြင်တွေ့ရပါတယ်။ မြန်မာ့အရေး သုံးသပ်သူအချို့ကလည်း ယခုကဲ့သို့ အကြမ်း ဖက်မှုတွေဟာ ပြည်သူတွေ ဆင်းရဲဒုက္ခအတွက် ဖြေရှင်းပေးမယ့် လုပ်ရပ်မှန်မဟုတ်ဘူးဆိုတာကို သုံးသပ်ခဲ့ကြပါတယ်။ ထို့အတူပဲ အကြမ်းဖက် လမ်းစဉ်ကို အားမပေးခဲ့ဘူးဆိုတဲ့ ဒေါ်အောင်ဆန်း စုကြည်က လေလှိုင်းပေါ်က အကြမ်းဖက်အစိုးရရဲ့ စစ် ကြေညာမှုအပေါ်ကို မှတ်ချက်တစ်စုံတစ်ရာ မပေးတာ၊ မတားဆီးတာကိုလည်း အချို့သော မြန်မာ့နိုင်ငံရေးဝေဖန်သူတွေက မေးခွန်းထုတ် လာကြတာကို နိုင်ငံတကာမီဒီယာအချို့မှာ မြင်တွေ့ရပါတယ်။
အရှိတရားကိုလက်ခံ
လက်ရှိမှာတော့ ပြည်သူတွေဟာ အစိုးရနဲ့ ပူးပေါင်းပြီး ကိုဗစ်- ၁၉ တတိယလှိုင်းအန္တရာယ်ကို တွန်းလှန်နေကြပါပြီ။ ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမို ကရေစီအထွေထွေရွေးကောက်ပွဲရဲ့ မဲမသမာမှုတွေ ကို ပွင့်လင်းမြင်သာစွာနဲ့ ဖော်ထုတ်နိုင်ခဲ့ပါပြီ။ ကိုဗစ် ကြောင့် ယိုင်နဲ့သွားရတဲ့ ပြည်သူတွေရဲ့ လူမှုစီးပွား ဘဝတွေကို စုပေါင်းအားနဲ့ ပြန်လည်ထူမတ် နေကြပါပြီ။ မကြာခင်မှာ မြန်မာ့လူဦးရေရဲ့ ထက်ဝက်ကျော်ဟာ ကိုဗစ်- ၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံပြီးစီးကြပါတော့မယ်။ တိုင်းပြည်တည်ငြိမ် လာတာနဲ့အမျှ အားလုံးပါဝင်တဲ့ ရိုးသားပြီးမျှတတဲ့ ရွေးကောက်ပွဲကြီးကျင်းပဖို့ ပြင်ဆင်ကြရပါတော့ မယ်။ ဒါက ပြည်သူတွေနဲ့ မြန်မာနိုင်ငံရဲ့ ပကတိ အရှိတရား၊ မြေပြင်ပေါ်က အမှန်တရားပဲ ဖြစ် ပါတယ်။ တစ်ပါတီကြီးစိုးခြင်းထက် လွှတ်တော် အတွင်း နိုင်ငံရေးပါတီစုံ ပါဝင်လာတော့မှာမို့ အတွေးသစ်၊ အမြင်သစ်၊ ရှုထောင့်သစ်တွေနဲ့ တိုးတက်ကောင်းမွန်လာနိုင်မယ်ဆိုတာ အသေ အချာပဲဖြစ်ပါတယ်။
ပြည်ပအထောက်အပံ့တွေရယူ၊ ပြည်ပမှာ အခြေစိုက်တဲ့ NUG ကတော့ ရှေ့ကပြည်ပြေးတွေရဲ့ လမ်းစဉ်အတိုင်း တစ်နေ့တခြား လုံးပါးပါးလို့ လေထဲကအစိုးရ လေထဲမှာပဲ လွင့်ပြယ်သွားရမှာပဲ ဖြစ်ပါတယ်။
ပြည်ပက မြှောက်ပင့်ပေးသမျှ လိုက်ပါလုပ် ဆောင်နေရတဲ့ PDF တွေအတွက်လည်း ပြည်သူနဲ့ အစိုးရရဲ့ပူးပေါင်းဖော်ထုတ်မှုတွေကြောင့် မီးစမီးန တွေ မကြာမီငြိမ်းအေးသွားတော့မှာပဲ ဖြစ်ပါတယ်။ မြန်မာ့အနာဂတ်ဟာ မြန်မာနိုင်ငံသားတွေရဲ့ လက်ထဲမှာပဲရှိပါတယ်။ အေးချမ်းမှု၊ တည်ငြိမ်မှု၊ တရားမျှတမှုနဲ့ သာယာတဲ့လူ့ဘောင်တည်ဆောက် ဖို့ တစ်ဖက်မှာကြိုးစားကြရင်း အကြမ်းဖက်သမား တွေကို မြေပေါ်ကရော မမြင်ရတဲ့ လေလှိုင်းပေါ်က ပါ အပြီးသတ်ပျောက်ကွယ်သွားအောင် ဝိုင်းဝန်း ကြိုးပမ်းကြပါစို့လို့ တိုက်တွန်းလိုက်ရပါတယ်။ ။
- Log in to post comments