ကလေးတွေမှာ ဖြစ်ပွားမှု၊ ရောဂါပြင်းထန်မှုနဲ့ သေဆုံးမှုနှုန်းလူကြီးတွေထက်စာရင် နည်းတယ်ဆိုပေမယ့် ကလေး တွေက ကာကွယ်ဆေးထိုးပြီး ကာကွယ်ထားဖို့ လိုအပ်ပါတယ်

Type

ဒေါက်တာစောသက်ခိုင်

==============

ကလေးများတွင်  ဖြစ်ပွားတတ်သည့် ကိုဗစ်ရောဂါအကြောင်းနှင့် ကိုဗစ်၏နောက်ဆက်တွဲရောဂါတစ်မျိုးဖြစ်သည့် MIS-C (Multisystem Inflammatory Syndrome in Children) နှင့်ပတ်သက်ပြီး   သတိထားသင့်သည့်  အကြောင်းအရာများကို ကျန်းမာ‌ရေးဝန်ကြီးဌာန ရန်ကုန်ကလေးဆေးရုံကြီးမှ ကလေးအထူးကုဆရာဝန် ဒေါက်တာစောသက်ခိုင်နှင့် ရန်ကင်းကလေးဆေးရုံကြီးမှ ကလေးအထူးကုဆရာဝန် ဒေါက်တာရဲကျော်သူတို့က  ဆွေးနွေးပြောကြားခဲ့သည်။ 
မေး    ။    ။    ကလေးတွေမှာ  တွေ့ရတတ် 
            တဲ့   ကိုဗစ်ရောဂါလက္ခဏာ တွေနဲ့ပတ်သက်ပြီး  ပြောကြားပေးပါဦး။
ဒေါက်တာစောသက်ခိုင်    ။     ။    ကိုဗစ်ရောဂါ 
             က  လူကြီး တွေမှာပဲ ဖြစ်တာမဟုတ်ပါဘူး။ ကလေး တွေမှာဖြစ်တာကို    တွေ့ရပါတယ်။ မွေးကင်းစကလေးတွေမှာ  လူကြီးတွေလို ကိုဗစ်ရောဂါဖြစ်ပွားတာတွေ့ရပြီး သူတို့ တွေကနေတစ်ဆင့်  ပြန်ကူးစက်နိုင်တာ တွေ့ရပါတယ်။ ကလေးတွေမှာ ကိုဗစ်- ၁၉ ရောဂါပိုး    ဝင်ရောက်နေပေမယ့် အများစုက   လက္ခဏာမပြတတ်ပါဘူး။ လက္ခဏာတွေအနေနဲ့  လူကြီးတွေမှာ ဖြစ်သလို   နှာစေးမယ်၊  ချောင်းဆိုးမယ်၊ ဖျားမယ်။ ဒါပေမဲ့ ကလေးတွေမှာ ပိုဖြစ် တတ်တာက ဝမ်းသွားတာ၊ အန်တာတွေ ဖြစ်တတ်ပါတယ်။  ကလေးအကြီးအရွယ် တွေဆိုရင်  အစားအသောက်ပျက်တာနဲ့ အနံ့ပျောက်တာတွေဖြစ်တတ်ပါတယ်။ 
မေး    ။    ။    ကလေးတွေမှာ  ကိုဗစ်ရောဂါ 
            ဖြစ်ပွားမှုနဲ့ သေဆုံးမှုနှုန်းတွေ က ဘယ်လောက်ရှိတယ်ဆိုတာကို  သိရှိ လိုပါတယ်။ 
ဒေါက်တာစောသက်ခိုင်    ။     ။     ရန်ကင်း                                                  ကလေး ဆေးရုံနဲ့  ရန်ကုန်ကလေးဆေးရုံကြီးတို့ရဲ့ အချက်အလက်တွေအရ   ကိုဗစ် - ၁၉ စဖြစ်ချိန် ပထမလှိုင်းမှာ ကလေး ကိုဗစ်- ၁၉ ရောဂါ  အတည်ပြုလူနာ  မတွေ့ခဲ့ရပါ ဘူး။  ဒုတိယလှိုင်းမှာ တစ်နိုင်ငံလုံးအနေနဲ့ ၄၈၄၈ ဦး   တွေ့ခဲ့ရပါတယ်။  ရန်ကင်း ကလေးဆေးရုံနဲ့  ရန်ကုန်ကလေးဆေးရုံ ကြီး   နှစ်ခုပေါင်းက  လူနာဦးရေ ၁၀၀၀ ကျော်ရှိခဲ့ပါတယ်။      တတိယလှိုင်းမှာ ဗဟိုကူးစက်ရောဂါ   တိုက်ဖျက်ရေးဌာန ခွဲက    တင်ပြတဲ့အချက်အလက်အရ  ၁၈ နှစ်အောက် ဖြစ်ပွားမှုနှုန်းက ၁၀၀ မှာ ခုနစ်ဦးတွေ့ရပါတယ်။    သေဆုံးမှုနှုန်းက တစ်နိုင်ငံလုံးအနေနဲ့  တတိယလှိုင်းမှာ  သုည ဒသမ ၀၂ ရာခိုင်နှုန်း  တွေ့ရပါတယ်။ ရန်ကင်းကလေးဆေးရုံနဲ့    ရန်ကုန်ကလေး ဆေးရုံကြီး နှစ်ခုပေါင်းမှာ ဖြစ်ပွားမှုနှုန်းက တတိယလှိုင်းမှာ   ၃၄  ဦးရှိခဲ့ပါတယ်။ သေဆုံးမှုနှုန်းက ဆေးရုံနှစ်ခုပေါင်းကို ငါး ဦးရှိခဲ့ပါတယ်။ 
မေး    ။    ။    ကလေးတွေမှာ  ကိုဗစ် - ၁၉ 
            ရောဂါ    မဖြစ်ပွားအောင် ဘယ်လိုနည်းလမ်းတွေနဲ့ နေထိုင်ဆောင် ရွက်ရမယ်ဆိုတာကိုလည်း  ပြောကြားပေး စေလိုပါတယ်။
ဒေါက်တာစောသက်ခိုင်။             ။ကိုဗစ် - ၁၉ 
                ရောဂါဖြစ်မှ ကုသတာထက်စာရင်     ကျန်းမာရေး   ဝန်ကြီးဌာနက ချမှတ်ထားတဲ့ ကိုဗစ် - ၁၉ စည်းကမ်းတွေကို လိုက်နာရမှာဖြစ်ပါ တယ်။ လက်ကို  စက္ကန့် ၂၀ ကြာအောင် ဆေးရပါမယ်။   အပြင်သွားရင်  ပါးစပ်၊ နှာခေါင်းစည်း (Mask)ကို  တပ်ရမယ်။ လူထူထပ်တဲ့နေရာတွေကို သွားလာတာ ရှောင်ရှားရမယ်။ တစ်ဦးနဲ့တစ်ဦး ခြောက် ပေအကွာကနေ    ပြောဆိုဆက်ဆံရမယ်။ အထိရောက်ဆုံးနည်းလမ်းက ကာကွယ် ဆေးအကြိမ်ပြည့်ထိုးနှံမှု  ခံယူခြင်းဖြစ် ပါတယ်။ 
မေး    ။    ။    အခြားဖြည့်စွက်ပြောကြား
            လိုတာရှိရင် ပြောကြားပေးပါ။
ဒေါက်တာစောသက်ခိုင်    ။        ။ ကိုဗစ်  -
                       ၁၉ရောဂါ  က    ကုသခြင်းထက်  ကာကွယ်ခြင်းက အဓိကကျပါတယ်။   ကျန်းမာရေးဝန်ကြီး ဌာနက    ချမှတ်ထားတဲ့   ကိုဗစ် - ၁၉ ကာကွယ်ရေး     စည်းကမ်းချက်တွေကို ကလေးတွေသာမက    လူကြီးတွေပါ အားလုံးက   လိုက်နာဖို့လိုအပ်ကြောင်း ပြောကြားလိုပါတယ်။ 
မေး    ။    ။    ကလေးတွေ     ကိုဗစ် - ၁၉ 
            ရောဂါ     ဖြစ်ပွားပြီးရင် နောက်ဆက်တွဲ    ရောဂါတစ်ခုဖြစ်တဲ့ MIS-C နဲ့ပတ်သက်ပြီး   ပြောကြားပေး စေလိုပါတယ်။
ဒေါက်တာရဲကျော်သူ။             ။        ကလေး 
                    တွေမှာ ကိုဗစ်ဖြစ်ပွားပြီးရင်    နောက်ဆက်တွဲ ရောဂါတစ်ခုအနေနဲ့    Multisystem Inflammatory Syndrome in Children (MIS-C) ဆိုပြီး တစ်ကိုယ်လုံးရောင်ရမ်းတဲ့ ရောဂါဖြစ်ပါတယ်။ ကလေးတွေမှာ ကိုဗစ် - ၁၉   ဖြစ်ပွားပြီး  အချို့တွေက  ကောင်း သွားကြတယ်။ ရက်သတ္တ     နှစ်ပတ် ကျော်    အထူးသဖြင့်  သုံးပတ်နဲ့ ခြောက် ပတ်အကြားမှာ    တစ်ကိုယ်လုံးရောင်ရမ်း တဲ့ ‌ရောဂါဖြစ်လာနိုင်ပါတယ်။ 
မေး    ။    ။    ကလေးတွေမှာ         MIS-C 
            ဖြစ်ပွားမှုနှုန်းက ဘယ်လောက် ရှိတယ်ဆိုတာ   ပြောကြားပေးပါဦး။
ဒေါက်တာရဲကျော်သူ။      ။    ကိုဗစ် - ၁၉ 
                က ၂၀၁၉ ခုနှစ်   ဒီဇင်ဘာလကစတင်ဖြစ်ပွားလာပြီး ကမ္ဘာအနှံ့ပျံ့နှံ့လာပါတယ်။ ၂၀၂၀ ပြည့် နှစ်  ဧပြီလလောက်မှာ  MIS-C နဲ့တူတဲ့ ရောဂါလက္ခဏာတွေကို  အခြားဥရောပ နိုင်ငံတွေမှာ   စပြီးသတိထားမိပါတယ်။ ဒါပေမဲ့ MIS-C လို့ မသိကြဘူး။ ယခင် တုန်းက   ဖြစ်ခဲ့ဖူးတဲ့   သွေးကြောတွေ ရောင်ရမ်းတဲ့    ရောဂါလက္ခဏာတွေနဲ့ တော်တော်တူတယ်။  ဧပြီလလောက်မှာ ထူးထူးခြားခြား လေး၊ ငါးဦးလောက်ကို    စတွေ့ခဲ့ပါတယ်။    ဒါက ကိုဗစ်ရဲ့ နောက်ဆက်တွဲ     ရောဂါတစ်ခုဖြစ်တဲ့ MIS-C လို့ ကမ္ဘာက  စပြီးသိသွားပါတယ်။ 
အမေရိကန်ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် ကုသရေးဗဟိုဌာန (CDC) ရဲ့အချက် အလက်အရ အစပိုင်းမှာ သိပ်မများပါဘူး။ ကလေးပေါင်း ၁၀၀၀ လောက်ပဲ ရှိသေး တယ်။ ဒါပေမဲ့   ပထမလှိုင်း၊  ဒုတိယ လှိုင်း၊ တတိယလှိုင်းဆိုပြီး  အဖြစ်များလာ တဲ့အခါ ၂၀၂၁ ခုနှစ် အောက်တိုဘာ ၄ ရက် အချက်အလက်တွေအရ ကလေး ၅၂၁၇ ဦးရှိတာ သိရပါတယ်။ ဒီထဲမှာ ၄၆ ဦး   သေဆုံးတာကို   သိရပါတယ်။ မြန်မာနိုင်ငံမှာ    ဇူလိုင်လ   တတိယလှိုင်း ဖြစ်ပွားတဲ့အချိန်လောက်ကစပြီး MIS-C တွေ   ပြန်ပြီးများလာပါတယ်။  ဇူလိုင်လ နောက်ဆုံးပတ်ကနေ  ဩဂုတ်လအတွင်း မှာ ၁၈  ဦးရှိပြီး    ကလေးတစ်ဦး ဆုံးပါးခဲ့ရပါတယ်။ စက်တင်ဘာလမှာ ၁၀ ဦးဖြစ်ပွားပြီး တစ်ဦးဆုံးပါးခဲ့ရပါ တယ်။   ယခင်ဖြစ်ပွားမှုနည်းတယ်ဆို ပေမယ့်   အခုလို  အစုလိုက်အပြုံလိုက် ဖြစ်ပွားပြီးနောက်ပိုင်းမှာ   ခပ်စိပ်စိပ် တွေ့လာရပါတယ်။ 
မေး    ။    ။    ကလေးတွေမှာ      MIS-C 
            ဖြစ်ပွားရင် ဘယ်လိုလက္ခဏာ တွေ   ပြတယ်ဆိုတာကို  ပြောကြားပေး ပါဦး။
ဒေါက်တာရဲကျော်သူ။             ။     MIS - C   
                    က  ကိုဗစ်ရဲ့ နောက်ဆက်တွဲ         ရောဂါတစ်ခုဖြစ်တဲ့ အတွက် ကလေးကိုယ်တိုင်က ကိုဗစ်-၁၉ ရောဂါဖြစ်ပွားခဲ့တာ    ဖြစ်နိုင်ပါတယ်။ ကလေးတွေကို    နှာခေါင်းတို့ဖတ်နဲ့ စစ်ဆေးရတာခက်ခဲတော့       သေသေ ချာချာမသိခဲ့ဘူး။ ဒါပေမဲ့ မိသားစုလိုက် တစ်အိမ်လုံးဖြစ်ပွားတဲ့အခါ ကလေးက လည်း    ဖျားတယ်ဆိုတဲ့ရောဂါသမိုင်း ကြောင်းတွေရှိခဲ့တယ်။   ဒါကလည်း လက္ခဏာတစ်ချက်ပါ။ ကလေးဖြစ်ရမယ်။ ပြီးတော့ မိသားစုအတွင်းမှာ ကိုဗစ် - ၁၉ ရောဂါဖြစ်ထားသူရှိမယ်။   ကလေးက သူကိုယ်တိုင်ဖြစ်ခဲ့ရင်ဖြစ်ခဲ့၊  မဖြစ်ခဲ့ရင် ကိုဗစ် - ၁၉ ရောဂါ   ဖြစ်ထားသူတွေနဲ့ ထိတွေ့မှုရှိခဲ့တာဆိုရင်   ဒီရောဂါဖြစ်နိုင် ပါတယ်။
ကလေးတွေမှာ အဖျားက ၁၀၀ ဒီဂရီ ဖာရင်ဟိုက်လောက်နဲ့ စပြီးဖျားကြတယ်။ တောက်လျှောက်ဖျားပြီး       မကျဘူး။ နောက်ပြီး    ခန္ဓာကိုယ်အတွင်းမှာရှိတဲ့ အူတွေ၊ အစာအိမ်တွေပါ ရောင်လာတဲ့အခါ ကလေးတွေက  ဗိုက်အောင့်တယ်၊  အန် တယ်၊  ဝမ်းတွေလျှောလာတယ်။  ဒါတွေ လည်း ဖြစ်တတ်ပါတယ်။ ဦးနှောက်ရောင် ရမ်းမှုတွေဖြစ်ခဲ့ရင် ခေါင်းကိုက်တတ်ပါ တယ်။  တချို့ကလေးငယ်တွေက  ဂျီကျ တတ်ပါတယ်။  အရေပြားရောင်ရမ်းမှုတွေ ဖြစ်တတ်တဲ့အတွက် ခန္ဓာကိုယ်မှာ အဖု အပိမ့်တွေ ပေါ်လာတတ်ပါတယ်။ နောက် ပြီး  မျက်လုံးမှာ  သွေးကြောမျှင်လေးတွေ ပေါ်တတ်ပါတယ်။  ခန္ဓာကိုယ်တစ်ခုလုံး ဖြစ်တဲ့အတွက်    အချို့ကလေးတွေမှာ ကျောက်ကပ်ကိုထိတာ၊   အသည်းကိုထိ တာ၊ ဆိုးဆိုးရွားရွား နှလုံးတွေရောင်ရမ်း သွားပြီဆိုရင်    သွေးပေါင်ကျတဲ့အထိ ဖြစ်နိုင်ပါတယ်။  ဒီလို  လက္ခဏာတွေနဲ့ လာတတ်ပါတယ်။ 
မေး    ။    ။    MIS-C ရဲ့    အရေးပေါ်အခြေ 
            အနေမှာ  ဘယ်လိုလက္ခဏာ တွေ ဖြစ်တတ်ပါသလဲ။
ဒေါက်တာရဲကျော်သူ    ။      ။       မိဘတွေ 
            အနေနဲ့  သိ ထားသင့်တာက ကလေးအဖျားမကျဘူး၊ အလွန်မှိန်းနေမယ်၊  သတိလစ်မယ်၊ အချို့ ကလေးတွေဆိုရင် တက်သွားတယ်၊ အစာ မဝင်တော့ဘူး၊   ဝမ်းလျှောမယ်၊  ဗိုက် အလွန်အောင့်မယ်၊  အဖုအပိမ့်တွေ  ခန္ဓာ ကိုယ်မှာ  ပေါ်မယ်၊ မျက်သားတွေ ရဲမယ်၊ အဆိုးဆုံးက ကလေးကို ကိုင်ကြည့်လိုက် မယ်ဆိုရင် လက်ဖျား၊ ခြေဖျားတင်မကဘဲ ခန္ဓာကိုယ်တစ်ခုလုံး အေးစက်နေတယ်၊ ဖြူဖျော့နေတယ်၊   နှုတ်ခမ်းတွေ၊  လက် သည်းတွေ  ပြာနေမယ်။ ဒီလိုအနေအထား ဆိုရင်    နီးစပ်ရာဆေးရုံကို  ချက်ချင်း အရောက်သွားဖို့  အရေးကြီးပါတယ်။ 
မေး    ။    ။    ဖြည့်စွက်ပြောကြားလိုတာ 
            ရှိရင်    ပြောကြားပေးစေလို ပါတယ်။
ဒေါက်တာရဲကျော်သူ    ။     ။အဓိက ကိုဗစ် 
                -  ၁၉ ရောဂါ မိသားစုထဲမှာ ဖြစ်ထားတယ်၊ ဒီလိုကလေး တစ်ဦး     ဖျားပြီဆိုရင်  ခုနပြောကြား ခဲ့တဲ့     အချက်တွေကို     သတိထားပြီး မျက်ခြည်မပြတ်           စောင့်ကြည့်ပေးဖို့  လိုအပ်ပါတယ်။  ကလေးက   အလွန်မှိန်း မယ်၊ အစာမဝင်ဘူး၊ ဗိုက်အလွန်အောင့် မယ်၊ ခန္ဓာကိုယ်တစ်ခုလုံး    အေးစက်မယ်၊ ပြာနှမ်းလာမယ်၊   ဖြူဖျော့မယ်၊  အချို့ ကလေးကြီးတွေဆိုရင် ပြောတတ်တယ် ရင်ကျပ်လာမယ်၊ မောလာမယ်၊ ရင်တုန် မယ်  ဒီလိုဆိုရင် ချက်ချင်းနီးစပ်ရာဆေးရုံ ဆေးခန်းကိုပြသဖို့     အရေးကြီးပါတယ်။ 
မေး    ။    ။    ကလေးတွေမှာ  ကိုဗစ် - ၁၉ 
            ရောဂါ   ဖြစ်ပွားလာပြီဆိုရင် ဘယ်လိုကျန်းမာအောင်  နေထိုင်ရမယ် ဆိုတာကို  ပြောကြားပေးစေလိုပါတယ်။ 
ဒေါက်တာစောသက်ခိုင်    ။      ။ ကလေးတွေ 
           မှာ    ကိုဗစ် ရောဂါဖြစ်ပွားပြီဆိုရင်  များသောအားဖြင့် လက္ခဏာမပြတတ်ဘူး။   လက္ခဏာပြရင် လည်း   လူကြီးလောက်  မပြင်းထန်ဘူး။ နှာစေးချောင်းဆိုးတယ်ဆိုရင်  နှာစေး ချောင်းဆိုးပျောက်ဆေးပေးတယ်။ ဖျား ရင် ကိုယ်ပူကျဆေးပေးတယ်။ အဓိကက ပြည့်ပြည့်ဝဝအနားယူရမယ်။    အစား အသောက်ကို ပုံမှန်ထက်ပိုပြီး စားရမယ်။ ရေများများသောက်ရမယ်။  တစ်ကိုယ် ရေသန့်ရှင်းရေးက  အရေးကြီးပါတယ်။  ကိုဗစ်-၁၉ ရောဂါဖြစ်လာရင် နောက်ဆက် တွဲရောဂါတွေမဖြစ်‌အောင် ပြုစုနေထိုင်ရ မယ့်နည်းလမ်းတွေဖြစ်ပါတယ်။ 
မေး    ။    ။    ကလေးတွေမှာ  ကိုဗစ် - ၁၉ 
            ကာကွယ်ဆေးထိုးနှံရေးအစီ အစဉ်နဲ့  ပတ်သက်ပြီး  ဖြေကြားပေးစေလို ပါတယ်။ 
ဒေါက်တာစောသက်ခိုင်    ။    ။    ကလေး 
                တွေမှာ ဖြစ်ပွားမှု၊ ရောဂါပြင်းထန်မှုနဲ့ သေဆုံးမှု နှုန်း  လူကြီးတွေထက်စာရင်  နည်းတယ် ဆိုပေမယ့်  ကလေးတွေက ကာကွယ်ဆေး ထိုးပြီး ကာကွယ်ထားဖို့ လိုအပ်ပါတယ်။ ကလေးတွေ ကာကွယ်ဆေးထိုးထားတယ် ဆိုရင်   ကျောင်းတွေပြန်လည်ဖွင့်လှစ် တဲ့အခါ     နေမကောင်းဖြစ်ပွားမှုမရှိတဲ့ အတွက်     ပညာရေးကို    အနှောင့်အယှက် မရှိဘဲ ပညာသင်ကြားနိုင်မှာဖြစ်ပါတယ်။ ကာကွယ်ဆေးထိုးထားခြင်းဖြင့်  ဖြစ်ပွား မှုနှုန်းကို  လျော့ကျစေနိုင်သလို သူတို့က တစ်ဆင့်    အိမ်မှာရှိတဲ့   ကာကွယ်ဆေး မထိုးရသေးတဲ့အခြားသူတွေကို ကူးစက် နိုင်မှုကို လျော့ကျစေနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့်  ကာကွယ်ဆေးထိုးနှံထားသင့် ပါတယ်။ ကျေးဇူးတင်ပါတယ်။