အပြစ်ကြီးမား မုသာဝါဒအလိမ်အညာစကား
အမ္ဗလဋ္ဌိက ရာဟုလောဝါဒသုတ် (မ-၂၊ ၇၈) တွင် “ချစ်သားရာဟုလာ မုသားဆိုရင် ရယ်ဖွယ်အဖြစ်တောင်မပြောနဲ့၊ လိမ်ဝံ့တဲ့သူဟာ မလုပ်ရဲသော အကုသိုလ်ဟူ၍မရှိ၊ မှောက်ထားသောရေခွက်မှာ ရေတစ်စက်မှမကျန်၊ ဘာမျှမရှိတော့သလို ထိုလိမ်ဝံ့ သူ၌ အရည်အချင်းကောင်းဟူသမျှ ဘာမျှမရှိနိုင်တော့ချေ” ဟု မြတ်စွာဘုရားရှင်က သျှင်ရာဟုလာအား ဆုံးမသွန်သင်ထားသည်။ မုသာဝါဒမလုံခြုံသူသည် မည်သည့် ပြစ်မှုမျိုးကိုမဆို အလွယ်တကူ ကျူးလွန်နိုင်သူဖြစ်၍ အထူးသတိပြုဆင်ခြင်ရှောင်ရှား ရမည်ဖြစ်သည်။