ပြည်ထောင်စုငြိမ်းချမ်းရေးတွင် ပူးပေါင်းပါဝင်
ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးအတွက် အထူးလိုအပ်သည်မှာ ငြိမ်းချမ်းရေး ဖြစ်သည်။ လွတ်လပ်ရေးနှင့်အတူ ပေါ်ပေါက်လာသော သဘောထားအမြင်ကွဲပြား မှုများကြောင့် မငြိမ်းချမ်းသောအခြေအနေများမှာ နှစ်ပေါင်း ၇၀ ကျော်ကြာခဲ့ပြီ ဖြစ်သည်။ ရလဒ်မှာ မငြိမ်းချမ်းသောဒေသများတွင် မဖွံ့ဖြိုးသောအကျိုးဆက်များ ရှိလာသည်ကို အားလုံးသိမြင်နားလည်လာကြပြီဖြစ်သည်။ နိုင်ငံရေး၊ ဝါဒရေး၊ လူမျိုးရေး၊ ဘာသာရေးအယူအဆမတူမျှမှုများနှင့် နယ်မြေဒေသအခြေအနေများအရ တစ်ဦးအပေါ်တစ်ဦး နားလည်မှုဖြင့်ရပ်တည်လျက်ရှိသည်။