ရောဂါကာကွယ်ရန် ကာကွယ်ဆေးထိုးနှံ
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါအခြေအနေမှာ အရှိန်အဟုန်ဖြင့် ဖြစ်ပွားနေဆဲ ဖြစ်သည်။ ရာသီဥတုအခြေအနေအရလည်းကောင်း၊ ဖြစ်ပွားနှုန်းအရလည်းကောင်း ဆက်လက်မြင့်တက်နေဦးမည်ဖြစ်သည်။ ရောဂါသည် ပြည်သူလူထုကြားတွင် ကူးစက်ပြန့်ပွားနိုင်သဖြင့် နှာခေါင်း၊ ပါးစပ်၊ မျက်စိတို့ကို အကာအကွယ်ပြုလုပ်ခြင်း၊ လူအများကို ဝေးဝေးရှောင်၍ ခပ်ခွာခွာနေထိုင်ခြင်း၊ လက်ကို မကြာခဏဆေးကြော ခြင်းတို့ကို အစဉ်ပြုလုပ်နေရမည့်အပြင် ကာကွယ်ဆေးပါ ထိုးနှံထားခြင်းဖြင့် ရောဂါကူးစက်မှုအတွက် အတော်အတန်စိတ်ချနိုင်မည်ဖြစ်သည်။