လူသားအားလုံး အသက်ကယ်တင်ရေး ဝိုင်းဝန်းကူညီ
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး စီမံဆောင်ရွက်ထားမှုများနှင့်ပတ်သက်၍ “Positive လူနာတွေနဲ့ပတ်သက်ပြီး နေရာပေါင်း ၁၁၁၄ နေရာမှာ ၄၅၉၀၀၊ ၄၆၀၀၀ ခန့်ဝင်ဆံ့တဲ့အင်အားရှိပါတယ်။ လောလောဆယ် ၆၂ ရာခိုင်နှုန်းပဲ Positive လူနာထားတဲ့နေရာမှာရှိပါတယ်။ ကုသရေး Center ပေါင်း ၅၆၀ လောက် လုပ်ထားတဲ့နေရာမှာ ဝင်ဆံ့တာက ၂၅၅၀၀ ခန့်ရှိပါတယ်။ ၉၂ ဒသမ ၂ ရာခိုင်နှုန်း ရှိပါတယ်။ သူကတော့ ပိုများပါတယ်။ ကုသရေး Center မှာရှိတဲ့လူနာတွေနဲ့ပတ်သက် ၍ တချို့ကလည်း Positive လူနာထားတဲ့နေရာဘက်သို့ ရွှေ့သင့်ရင် ပြန်ရွှေ့ရမှာပဲ။ ဒါကတော့ လက်ရှိအခြေအနေမှာ မဖြစ်သေးပါဘူး။