ကြေးမုံ စာတည်းရှုထောင့်

ပြည်ထောင်စုအတွက် အမျိုးသားရေးကြိုးပမ်း

အယ်ဒီတာ့အာဘော်

==============

ပြည်ထောင်စုအတွက် အမျိုးသားရေးကြိုးပမ်း

=================================

 

 

နိုင်ငံဖွံ့ဖြိုးတိုးတက်မှ၊ ဓနဥစ္စာအင်အားကြွယ်ဝမှ၊ အရင်းအမြစ်ပေါများမှသာ နိုင်ငံ၏အရေးအရာကိစ္စမှန်သမျှ အလွယ်တကူ အချိန်မရွေးဖြေရှင်း ဆောင်ရွက်ပေးနိုင်မည် ဖြစ်သည်။ ထို့ကြောင့် နိုင်ငံများအနေဖြင့် မိမိတို့ နိုင်ငံ၏အမျိုးသားအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်နိုင်ရန်အတွက် နိုင်ငံတိုးတက်ရေး၊ ဥစ္စာဓနတောင့်တင်းခိုင်မာရေး၊ လူသားအရင်းအမြစ် ဖွံ့ဖြိုးရေးတို့ကို အစဉ်အမြဲကြိုးပမ်းအားထုတ်နေကြသည်။

 

နိုင်ငံ့အရေးအတွက် ကိုယ်စီတာဝန်သိ

အယ်ဒီတာ့အာဘော်

===========

 

နိုင်ငံ့အရေးအတွက် ကိုယ်စီတာဝန်သိ

 

======================

 

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာများနှင့် ထိတွေ့ခဲ့သူများအား စုံစမ်းရှာဖွေ ဖော်ထုတ်ခြင်း၊ ကာကွယ်၊ ထိန်းချုပ်ရေး စီမံဆောင်ရွက်ခြင်းတို့နှင့် စပ်လျဉ်း၍ စက်တင်ဘာလ ၂ ရက်နေ့က တာဝန်ရှိသူများနှင့် အပြန်အလှန် ဆွေးနွေးခဲ့သည်။ ဆွေးနွေးမှုတွင် ကိုဗစ်ရောဂါကူးစက်ခံရသည်ဟု မှန်းဆရ သည့်သူများ၏ အဆက်အသွယ်ကို လိုက်လံရှာဖွေခြင်းနှင့်ပတ်သက်ပြီး ပြည်သူများ၏ လက်ရှိအခြေအနေကို ထုတ်ဖော်ပြောကြားခဲ့သည်။

 

အမိန့်စည်းကမ်းများကို အလေးထားလိုက်နာ

အယ်ဒီတာ့အာဘော်

===========

 

အမိန့်စည်းကမ်းများကို အလေးထားလိုက်နာ

============================

 

မြန်မာနိုင်ငံတွင် သြဂုတ်လ ၃၁ ရက် ညပိုင်းနှင့် စက်တင်ဘာလ ၁ ရက် နေ့ နံနက်ပိုင်း နောက်ဆုံးဓာတ်ခွဲစစ်ဆေးချက်များအရ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူဦးရေ ၁၀၀ ပေါ်ထွက်ခဲ့ပြီး အတည်ပြုလူနာ စံချိန်ကျိုးခဲ့ ပါသည်။ ထို ၁၀၀ ထဲတွင် ၁၈ ဦးသည် သြဂုတ်လအတွင်း ရခိုင်ပြည်နယ်နှင့် ပြည်ပခရီးသွား ရာဇဝင်မရှိသူများ၊ ပိုးတွေ့အတည်ပြုလူနာနှင့် ထိတွေ့မှု မရှိသူများ ဖြစ်နေသည်။

 

ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့

အယ်ဒီတာ့အာဘော်

=============

ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့

===========================

 

မြန်မာတို့၏ ၁၂ လရာသီပွဲတော်များအနက် ဝါခေါင်လတွင် ဘာသာရေး ယဉ်ကျေးမှုအစဉ်အလာ စာရေးတံပွဲကို ကြည်ညိုသဒ္ဓါပွားဖွယ် ပြုလုပ်ကြ သည်။ ကာလရွေ့လျောလာသည်နှင့်အမျှ စာရေးတံပွဲကို သိနားလည်သူ နည်းပါးလာ၍ ထိုဘာသာရေးအစဉ်အလာကို မမေ့ပျောက်အောင် ထိန်းသိမ်း ထားသင့်သည်။ ဝါခေါင်လပြည့်နေ့တွင် ရဟန်းသံဃာတို့ကိုရည်မှန်း၍ စာရေး တံပွဲအပါအဝင် ကုသိုလ်အပေါင်းစုတို့ကို နိုင်ငံတစ်ဝန်း ပြုလုပ်ကြသည်။

 

မှန်ကန်မှုဖြင့် စည်းလုံးညီညွတ်မှုဆောင်

အယ်ဒီတာ့အာဘော်

============

 

မှန်ကန်မှုဖြင့် စည်းလုံးညီညွတ်မှုဆောင်

 

=======================

 

မြန်မာနိုင်ငံသည် ပြည်ထောင်စုနိုင်ငံဖြစ်၍ စည်းလုံးညီညွတ်ရေးသည် မြန်မာနိုင်ငံအတွက် အစဉ်အမြဲလိုအပ်နေသောအရာ ဖြစ်သည်။ မတူကွဲပြား သောဒေသများအကြား စည်းလုံးညီညွတ်မှု ပိုမိုခိုင်မာလာစေရန်အတွက် လိုအပ်ချက်များကို အဘက်ဘက်က ဖြည့်ဆည်းပေးနေသော်လည်း ယုံကြည်မှုနည်းပါးသူများ၊ အစွန်းထွက် အမြင်ရှိသူများ၏ အပြုသဘော မဆောင်ကွဲလွဲမှုများကြောင့် စည်းလုံးညီညွတ်မှုကို လျော့ပါးစေပါသည်။

 

ခိုင်မာသည့်သန္နိဋ္ဌာန်ဖြင့် စိန်ခေါ်မှုကျော်လွှား

အယ်ဒီတာ့အာဘော်

=============

 

 

ခိုင်မာသည့်သန္နိဋ္ဌာန်ဖြင့် စိန်ခေါ်မှုကျော်လွှား

==============================

 

မြန်မာနိုင်ငံတွင် အရေးကြီးကိစ္စပေါ်ပေါက်လာပါက ပြည်သူလူထုကို တင်ပြ ပြီး ပြည်သူနှင့်အတူ ပူးပေါင်းဆောင်ရွက်ခြင်းသည် အထိရောက်ဆုံး ဖြစ်သည်ဟု ပြည်သူ့အစိုးရက ယုံကြည်ထားသည်။ ထိုယုံကြည်ချက်ဖြင့် မျက်မှောက်ကာလ၌ ဖြစ်ပွားကြုံတွေ့လာရသော အရေးကိစ္စများအား နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြည်သူသို့ ချက်ချင်းလက်ငင်းဖြေရှင်း အစီရင်ခံတင်ပြနေသည်ကို မြင်တွေ့နေရသည်။

 

ဖြစ်ပေါ်လာနိုင်သည့်အန္တရာယ်ကို သတိမူ

အယ်ဒီတာ့အာဘော်

===========

 

ဖြစ်ပေါ်လာနိုင်သည့်အန္တရာယ်ကို သတိမူ

 

========================

 

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ဗိုင်းရပ်စ်ပိုးတွေ့ရှိမှု အခြေအနေမှာ သြဂုတ် ၁၅ ရက်နေ့က ၃၇၄ ဦးရှိရာမှ သြဂုတ် ၂၄ ရက်နေ့တွင် ၄၇၄ ဦး ရှိလာသည်။ တစ်ပတ်ကျော်ကာလအတွင်း ရောဂါပိုးတွေ့ရှိသူများ တိုးလာ သည်မှာ နိုင်ငံ၏ပကတိအနေအထားနှင့် လူဦးရေအရ ကူးစက်မှုမြန်နေသည်ဟု ဆိုရမည် ဖြစ်သည်။ အမှန်တွင် မြန်မာနိုင်ငံသည် ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်ထားနိုင်ခဲ့သည်။

 

ဒီမိုကရေစီစံနှုန်းနှင့် ရွေးကောက်ပွဲပြင်ဆင်

အယ်ဒီတာ့အာဘော်

=============

 

 

ဒီမိုကရေစီစံနှုန်းနှင့် ရွေးကောက်ပွဲပြင်ဆင်

=============================

 

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲပြုလုပ်ရန် ရက်ပေါင်း ၇၀ ကျော်သာလိုတော့သည်။ နိုင်ငံအတွက် အရေးကြီးသော ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို ၂၀၁၀ တွင် တစ်ကြိမ်၊ ၂၀၁၅ တွင် တစ်ကြိမ် နှစ်ကြိမ်ကျင်းပခဲ့ပြီး ယခု တတိယအကြိမ်အဖြစ် ပြုလုပ်တော့မည်ဖြစ်ရာ မြန်မာနိုင်ငံအနေဖြင့် ရရှိထားသော ရွေးကောက်ပွဲအတွေ့အကြုံများနှင့်အညီ ပိုမိုကောင်းမွန်စွာ ပြုလုပ်နိုင်တော့ မည်ဖြစ်သည်။

 

ပြည်သူများ လုံးဝ(လုံးဝ) မပေါ့ကြပါနှင့်

အယ်ဒီတာ့အာဘော်

=============

 

ပြည်သူများ လုံးဝ(လုံးဝ) မပေါ့ကြပါနှင့်

 

=========================

 

တိုင်းပြည်တွင် ဆောင်ရွက်နေသောအရေးကိစ္စများသည် ပြည်သူအတွက် ဖြစ်ပြီး ပြည်သူအတွက် ဆောင်ရွက်နေသောကိစ္စများသည် တိုင်းပြည်အတွက် ဖြစ်သည်။ တိုင်းပြည်နှင့် ပြည်သူအတွက်ဆောင်ရွက်ရာတွင် ပြည်သူသည်သာ အဓိကဖြစ်ပြီး ပြည်သူလူထု တာဝန်သိသိပါဝင်လာခြင်းမရှိပါက တိုင်းပြည် အတွက်လည်းကောင်း၊ ပြည်သူအတွက်လည်းကောင်း ဆောင်ရွက်ချက် များမှာ အချည်းနှီးဖြစ်မည်။ ပြည်သူများသည် တိုင်းပြည်အကျိုးပြုကိစ္စများ တွင် တာဝန်သိစွာဖြင့် ပါဝင်ဆောင်ရွက်ကြရမည်ဖြစ်သည်။

 

Subscribe to ကြေးမုံ စာတည်းရှုထောင့်