ကြေးမုံ စာတည်းရှုထောင့်
မြို့ပြခေတ်မီဖွံ့ဖြိုးတိုးတက်ရေးနှင့် သန့်ရှင်းသာယာလှပရေးကြိုးပမ်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများ လိုက်ပါ၍ မေ ၂ ရက် နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်အပါအဝင် ရန်ကုန်မြို့အတွင်း မြို့ပြဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့် မြို့ပြသန့်ရှင်းသာယာလှပရေးလုပ်ငန်းများ ဆောင်ရွက်ထားမှုများကို လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့သည်။
မိုးကြိုကာလရာသီဥတုပြောင်းလဲမှု ကြိုတင်ကာကွယ်သတိပြုဆင်ခြင်
အနောက်တောင်မုတ်သုံလေသည် မေလ ၁၃ ရက်နေ့မှ ၁၈ ရက်အတွင်း မြန်မာနိုင်ငံတောင်ပိုင်းဒေသများ သို့လည်းကောင်း၊ မေလ ၁၉ ရက်နေ့မှ ၂၄ ရက်နေ့ အတွင်း မြစ်ဝကျွန်းပေါ်ဒေသများသို့လည်းကောင်း၊ မေလ ၂၅ ရက်နေ့မှ ၃၀ ရက် နေ့အတွင်း မြန်မာနိုင်ငံအလယ်ပိုင်းဒေသများသို့လည်းကောင်း၊ မေလ ၃၁ ရက်နေ့မှ ဇွန်လ ၅ ရက်နေ့အတွင်း မြန်မာနိုင်ငံ မြောက်ပိုင်းဒေသများသို့လည်းကောင်း အသီးသီး ဝင်ရောက်နိုင်သည်ဟု မိုးလေဝသနှင့်ဇလဗေဒညွှန်က
ပြည်နယ်အလှကို ပြန်လည်ထိန်းသိမ်း အကြမ်းဖက်အန္တရာယ်အပြီးတိုင်ဖယ်ရှား
04/28/2026
တောင်ဇလပ်ပန်းတို့ပွင့်လန်းရာ၊ အောက်ချင်းငှက်တို့ပျော်စံရာ ချင်းပြည်နယ်သည် သာယာလှပသော ပြည်နယ်တစ်ခုဖြစ်သည်။ သာယာလှပသော ပြည်နယ် တစ်ခုဖြစ်သော်လည်း တောင်တန်းထူထပ်ပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲသောကြောင့် ဖွံ့ဖြိုးတိုးတက်မှုအနိမ့်ဆုံးဖြစ်နေသည်။ ထို့ကြောင့် အစိုးရအဆက်ဆက်တို့က ချင်းပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားဆောင်ရွက်ပေးခဲ့သည်။ သို့သော် အကြမ်းဖက်သောင်းကျန်းသူများလက်ချက်ကြောင့် ပြည်နယ်၏ လှပမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့သည် အကျည်းတန်အရုပ်ဆိုးဖြစ်ခဲ့သည်။
နှစ်နိုင်ငံရှိရင်းစွဲချစ်ကြည်ရင်းနှီးမှု အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အနေဖြင့် နိုင်ငံတကာဆက်ဆံရေးနှင့်ပတ်သက်၍ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)တွင် ပြဋ္ဌာန်းထားသည့် “နိုင်ငံတော်သည် လွတ်လပ်၍တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးသည်၊ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက် ပေါင်းဖက်ဆက်ဆံရေးကို ရှေးရှုသည်၊ နိုင်ငံအချင်းချင်း ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူများကို စောင့်ထိန်းသည်” ဆိုသည့်အတိုင်း ရပ်တည်ဆောင်ရွက်လျက်ရှိသည်။
ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး ရပ်တည်ချက်ဖြင့် ဆက်ဆံဆောင်ရွက်
မြန်မာနိုင်ငံသည် နိုင်ငံတကာဆက်ဆံရေးနှင့်ပတ်သက်၍ ကမ္ဘာပေါ်ရှိ မည်သည့်နိုင်ငံနှင့်မဆို ချစ်ခင်ရင်းနှီးစွာ ဆက်ဆံဆောင်ရွက်လျက်ရှိသည်။ ထိုသို့ဆက်ဆံရာတွင် မိသားစုစိတ်ဓာတ်ဖြင့် ဆက်ဆံသည့်နိုင်ငံများ၊ အပြုသဘောဆောင် အကောင်းမြင်သည့် မိတ်ကောင်းဆွေကောင်းနိုင်ငံများ၊ မြန်မာနိုင်ငံအပေါ် အကောင်းမမြင်သည့်နိုင်ငံများ စသည်ဖြင့် အမျိုးမျိုးရှိကြသည်ကို တွေ့ရမည်ဖြစ်သည်။ မည်သို့ရှိသည်ဖြစ်စေ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံအားလုံးအပေါ်တွင် ချစ်ခင်ရင်းနှီးစွာ မိတ်ဝတ်မပျက် ဆက်ဆံဆောင်ရွက် လျက်ရှိသည်။