ကြေးမုံ စာတည်းရှုထောင့်

နယ်စပ်ကုန်သွယ်စီးပွားရေး ကြိုးပမ်းမြှင့်တင်ရွက်ဆောင်

ကိုဗစ်-၁၉ ရောဂါကြောင့် ခေတ္တပိတ်ထားခဲ့သည့် တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေးဂိတ်များကို   ပြန်လည်ဖွင့်လှစ်ပေးလိုက်ပြီဖြစ်သည်။ ပြည်ပကုန်သွယ် စီးပွားလုပ်ငန်းများကိုပြုလုပ်ရာတွင် အများအားဖြင့်   တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေးကို အဓိကအားပြုလျက်ရှိပြီး  လွန်ခဲ့သောကာလများက တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးကို      ခေတ္တပိတ်ထားလိုက်သဖြင့်    မြန်မာနိုင်ငံမှ စိုက်ပျိုးထုတ်လုပ်သူနှင့်ကုန်သည်များ ထိခိုက်နစ်နာမှုများစွာဖြစ်ခဲ့ရသည်။ 

နိုင်ငံတိုးတက်ရေး ပညာတတ်ပေါများရေး ကြိုးပမ်း

“နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာတတ်များ ပေါများရန်လိုအပ် သဖြင့်  ပညာတတ်များပေါများစေရေး   ပညာရေးကဏ္ဍမှ   တာဝန်ရှိသူများက ကြိုးပမ်းဆောင်ရွက်ပေးရန်လိုကြောင်း”  ဇန်နဝါရီ ၁၇ ရက်က  ပြုလုပ်သည့် အဆင့်မြင့်ပညာကဏ္ဍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်       ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။

ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်

ကမ္ဘာပေါ်တွင် ကိုဗစ်-၁၉ ရောဂါနှင့်  မျိုးရိုးဗီဇပြောင်းရောဂါပိုးသစ် ဖြစ်ပွား နေဆဲဖြစ်သည်။ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကို တက်ညီလက်ညီကြိုးပမ်းဆောင်ရွက်လျက် ရှိသောကြောင့် ရောဂါဖြစ်ပွားနှုန်းမြင့်တက်လာခြင်းမရှိဘဲ ထိန်းချုပ်နိုင်သည့်အဆင့်တွင် ရှိနေ သည်။ မျိုးရိုးဗီဇပြောင်းရောဂါပိုးသစ်နှင့်ပတ်သက်၍လည်း ဂရုတစိုက်အလေးထား စောင့်ကြည့်ဆောင်ရွက်လျက်ရှိသည်။

ဆီစားသုံးမှုကိုလျှော့ချ ဆီထွက်သီးနှံတိုးတက်စိုက်ပျိုး

နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူများကျန်းမာရေးကို အလေးထားရှေးရှု ကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ် မှူးကြီးမင်းအောင်လှိုင်က ပြည်သူများ ကိုယ်စီကျန်းမာသောဘဝကို ပိုင်ဆိုင်ကာ နိုင်ငံအတွက်လည်း နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချနိုင်ရေးအတွက် စားသုံးဆီနှင့် ပတ်သက်၍ မကြာခဏလမ်းညွှန်မှာကြားလျက်ရှိသည်။

ပြည်သူများ လျှပ်စစ်မီးရရှိရေးကြိုးပမ်းဆောင်ရွက်

မြန်မာနိုင်ငံတွင် မှီတင်းနေထိုင်ကြသောပြည်သူများ လျှပ်စစ်မီးအသုံးပြုရန် လျှပ်စစ်ဓာတ်အား  အပြည့်အဝရရှိရေးကို   မျှော်မှန်းဆောင်ရွက်လျက်ရှိသည်။ နိုင်ငံအတွင်းရှိ အိမ်ထောင်စုဦးရေ  စုစုပေါင်း ၁၀ ဒသမ ၉ သန်းရှိသည့်အနက် လက်ရှိတွင် အိမ်ထောင်စု ၆ ဒသမ ၆ သန်းခန့်မှာ နိုင်ငံတော်ဓာတ်အားစနစ်မှ  လျှပ်စစ်ဓာတ်အားများ ရယူသုံးစွဲလျက်ရှိသည်။ ပြည်သူများ လျှပ်စစ်ဓာတ်အားရရှိရန် အဓိကအားဖြင့် ရေအားလျှပ်စစ်မှထုတ်လုပ်ပြီး ထပ်မံလိုအပ်သည်များကို သဘာဝ ဓာတ်ငွေ့သုံးနှင့် အခြားဓာတ်အားပေးစနစ်များဖြင့် ထုတ်လုပ်ပေးလျက်ရှိသည်။

နိုင်ငံ့စီးပွားမြင့်မားတိုးတက်ရေး အားသွန်ကြိုးပမ်း

နိုင်ငံတော်က ချမှတ်ထားသော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဦးတည်ချက် များကို စေ့ငုကြည့်ပါက တိုင်းပြည်သာယာဝပြောရေးနှင့် စားနပ်ရိက္ခာဖူလုံပေါများ ရေးအတွက် ရှေးရှုဆောင်ရွက်ထားသည်ကို တွေ့ရမည်ဖြစ်သည်။ နိုင်ငံတော်၏ ဦးတည်ချက်များနှင့်အညီ နိုင်ငံတော်အစိုးရက ပြည်သူအားလုံး၏ စားဝတ်နေမှုဖူလုံ ရေး၊ ကျေးလက်ဒေသနှင့် မြို့ပြဖွံ့ဖြိုးမှုကွာဟချက် ကျဉ်းမြောင်းရေးနှင့် ဆင်းရဲမှု လျှော့ချနိုင်ရေးတို့ကို ဦးစားပေးဆောင်ရွက်လျက်ရှိသည်။

အမျိုးသားရေးစိတ်ဓာတ်ဖြင့် ကာကွယ်စောင့်ရှောက်

ယနေ့အချိန်အခါသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံတော်၏ တာဝန်အရပ်ရပ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ထိန်းသိမ်းဆောင်ရွက်လျက် ရှိသည်။  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည်   ရှေ့လုပ်ငန်းစဉ်  (၅)   ရပ်နှင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဦးတည်ချက်(၉)ရပ်တို့ကို ချမှတ်လျက် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တိုင်းရင်းသားပြည်သူများ၏ လူမှု စီးပွားဖွံ့ဖြိုးတိုးတက်ရေးကို  ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့   အစွမ်းကုန်ကြိုးပမ်း လုပ်ဆောင်လျက်ရှိသည်။

သဘာဝအခြေခံခရီးသွားလုပ်ငန်း မြှင့်တင်ဆောင်ရွက်

ယခုအခါ ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ ပြည်တွင်းခရီးသွားလာမှုများ များပြားလာသည်။ ပြည်သူများမှာ တစ်နှစ်တာ ပင်ပန်းနွမ်းနယ်သမျှ ခရီးသွားလာ ခြင်းဖြင့် အပန်းဖြေလေ့ရှိသည်။  ပြည်သူများ  စိတ်နှလုံးချမ်းမြေ့လျှင်   ပေါ့ပါး လန်းဆန်းကျန်းမာခြင်းသုခကို ရစေနိုင်သဖြင့် စိတ်နှလုံးချမ်းမြေ့စေသော ခရီးသွား လုပ်ငန်းများကို ကိုဗစ်-၁၉ ရောဂါ ကျန်းမာရေးစည်းကမ်းများနှင့်အညီ မြှင့်တင် ဆောင်ရွက်ပေးလျက်ရှိသည်။

အာဆီယံတူညီဆန္ဒ (၅) ချက်ကို အကောင်အထည်ဖော်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ဖိတ်ကြားချက်အရ ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ်  ဆမ်ဒက်  အာခါ  မိုဟာ  ဆီနာ  ပါတိုင်း  တဲ့ချို ဟွန်ဆင်သည် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၇ ရက်မှ ၈ ရက်အထိ မြန်မာနိုင်ငံသို့ အလုပ်သဘောခရီးစဉ် လာရောက်ခဲ့သည်။ ကမ္ဘောဒီးယားဝန်ကြီးချုပ်၏ မြန်မာ နိုင်ငံခရီးစဉ်သည် နှစ်နိုင်ငံအကြား အပြုသဘောဆောင်သည့် ကောင်းသောအကျိုး ရလဒ်များကို ဆောင်ကြဉ်းခဲ့သည်။

လူမှုစီးပွားဘဝအဆင်ပြေရေး လျှပ်စစ်ကိုခြိုးခြံချွေတာ

မိုးရာသီကျော်လွန်၍ ဆောင်းအကုန် ပွင့်လင်းရာသီရောက်ရှိလာတော့မည် ဖြစ်သည်။ ပူပြင်းခြောက်သွေ့သောကာလတွင် ရေခန်းခြောက်လာတတ်၍ ရေအား လျှပ်စစ်ကဏ္ဍတွင် ဓာတ်အားလျော့နည်းလာတတ်သည်။ နိုင်ငံတော်အနေဖြင့် လျှပ်စစ်ကဏ္ဍကို အလေးထားဆောင်ရွက်ပေးမှုကြောင့် ရှေးကာလများနှင့်မတူ ပြည်သူများ လျှပ်စစ်ဓာတ်အားကို ပုံမှန်ရရှိနေသည်။ သို့သော် ယခုရက်ပိုင်းတွင် လျှပ်စစ်ဓာတ်အားများ ပြတ်တောက်မှုရှိသည်ကို တွေ့ရသည်။

Subscribe to ကြေးမုံ စာတည်းရှုထောင့်