အချိန်တန်ပါပြီ ...
မောင်သိဒ္ဓိ
လူ့ဘဝရရှိလာပြီဆိုရင် လူတိုင်းလိုလို (အတိတ်ကံအားနည်းသူမှ အပ)ဟာ အဆင့်မြင့်တဲ့ ဦးနှောက်ပါရှိကြပြီး ကျိုးကြောင်းဆီလျော်စွာ ဆင်ခြင်နိုင်စွမ်း၊ စကားပြောနိုင်စွမ်း၊ ပြန်လည်သုံးသပ်နိုင်စွမ်း၊ ပြဿနာဖြေရှင်းနိုင်စွမ်းနဲ့ စိတ်ခံစားနိုင်စွမ်းတွေ ရှိကြပါတယ်။ အဲဒီအပြင် လူသားတွေအားလုံးမှာ တစ်ပြေးညီ ရရှိထားတာကတော့ အချိန်ပါပဲ။ အချိန်ကို စုဆောင်းဖို့ မဖြစ်နိုင်သလို ကုန်လွန်အောင် လုပ်ဖို့ကျ သိပ်ကိုလွယ်ကူလွန်းလှပါတယ်။ အချိန်ဆိုတာ အသက် တမျှ အရေးကြီးပြီး လူ့အသက်သေဆုံးသွားရင် ပြန်မရနိုင်တော့သလို အချိန်တွေ ကုန်ဆုံးသွားရင်လည်း ပြန်လည်ရယူဖို့ မည်သို့မျှမဖြစ်နိုင် တော့ပေ။
- Read more about အချိန်တန်ပါပြီ ...
- Log in to post comments