လူမှုရေး

လွတ်လပ်ရေး၏တန်ဖိုးနှင့်အနှစ်သာရကို မမေ့မလျော့ဘဲ

(၇၃) နှစ်မြောက်လွတ်လပ်ရေးနေ့ အကြိုဂုဏ်ပြုဆောင်းပါး

==================================

 

လွတ်လပ်ရေး၏တန်ဖိုးနှင့်အနှစ်သာရကို မမေ့မလျော့ဘဲ

=================================

 

မောင်ခိုင်မာ (အထက်မင်းလှ)

 

ရှေ့နေနှင့် နှစ်သစ်ခရီး

ဆောင်းပါး

=======

 

ရှေ့နေနှင့် နှစ်သစ်ခရီး

============

 

ဦးဟန်ညွန့် (ဥပဒေ)

 

နိဒါန်း

“ဆရာ”

“ဗျာ”

“ဒီတစ်ပတ်ဆောင်းပါးခေါင်းစဉ်ကဘာလဲဆရာ”

“ရှေ့နေနှင့် နှစ်သစ်ခရီးပါတဲ့”

“ဘာအဓိပ္ပာယ်လဲဆရာ”

“၂၀၂၁ ခုနှစ်ကိုကြိုဆိုတဲ့ အထိမ်းအမှတ်အဖြစ် ရေးချင် တာပါ”

“ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်ကို နှုတ်ဆက်တဲ့သဘောလား ဆရာ”

“ဟုတ်ပါတယ်၊ ၂၀၂၀ အကုန် ၂၀၂၁ ကို နှစ်သစ်အဖြစ် ကြိုဆိုကြရမှာဖြစ်ပါတယ်။ ဘယ်လိုကြိုဆိုရမယ်ဆိုတာ ကျွန်တော်တွေးမိရေးမိလို့ပါ”

“စိတ်ဝင်စားပါတယ်ဆရာ”

ခရီးသွားလုပ်ငန်းဖြင့် တိုးတက်လာမည့် လိုင်လင်းပီမြို့

ဆောင်းပါး

=======

 

ခရီးသွားလုပ်ငန်းဖြင့် တိုးတက်လာမည့် လိုင်လင်းပီမြို့

================================

 

မင်းလပြည့်(ဟားခါး)

 

‘လိုင်လင်းပီ’ ဟူသော အမည်က ထူးဆန်းသည်။ ချင်းပြည်နယ်တွင် နေထိုင်သူ များမှလွဲ၍ ကြားဖူးရန် ခက်ခဲနိုင်ပါသည်။ လိုင်လင်းပီ ဆိုသည်မှာ လိုင်လင်းလူမျိုး များ အများဆုံးနေထိုင်သော အမှတ်အသားကိုအစွဲပြု၍ ခေါ်ဆိုခြင်းဖြစ်သည်။ လိုင်လင်းပီမြို့ဖြစ်ပေါ်လာပုံမှာ စိတ်ဝင်စားဖွယ်ကောင်းသည်။

 

အောင်သပြေ ညောင်ရေလောင်းလို့

 

သိုက်စိုးထွန်း(နတ်ရွာ)

 

 

တိုင်ထိပ်ဖျားတွင် အလံတော်သည် ကြွားကြွားဝင့်ဝင့်ငွားငွားစွင့်စွင့် လွင့်ပျံ၍နေသည်။ မိုးကောင်းကင်အထိ ထိုးထွက်နေဘိသည့်အလား ကြီးမားခံ့ခိုင်သည့် ဖြူလွလွကျောက်တိုင် ကြီးသည်လည်း ဧည့်ပရိသတ်တို့ရှေ့တွင် မားမားမတ်မတ် ရပ်၍နေသည်။ ထိန်ထိန်ညီးသည့် မီးရောင်စုံတို့သည်လည်း အစွမ်းကုန်ထွန်းလင်းတောက်ပလျက်ရှိနေပြီ။ လောကဓာတ် တစ်ခွင်လုံးကား ဘေးမသမ်း အေးချမ်းခြင်း၏ အတိတ်နိမိတ်ကိုယူ၍ အေးချမ်းဆိတ်ငြိမ်စွာဖြင့် လှပရွှန်းတင့်အသရေမြင့်လျက် ရှိနေကြပါ၏။

 

 

ဆရာမကြီး ဒေါ်ခင်မျိုးချစ်နှင့် ‘သတင်းစာလောက’

ဆောင်းပါး

=======

 

ဆရာမကြီး ဒေါ်ခင်မျိုးချစ်နှင့် ‘သတင်းစာလောက’

=============================

 

မောင်ဖေလှိုင်

 

“ကျွန်ုပ်တို့ နံနက်တိုင်းဖတ်ရသည့် နေ့စဉ်သတင်းစာသည် အဘယ်ပုံစတင် ဖြစ်ပေါ်လာပါသနည်း။ နံနက်စောစော စားနေကျအစားအစာနှင့်ဖက်၍ ကျွန်ုပ်တို့ ယခုမြီးနေကျ သတင်းစာအစား ကမ္ဘာဦးသူတို့သည် ရှေးပဝေဏီက အဘယ်အရာကို မြီးကြပါသနည်း။ ဤသို့ ကရွတ်ကင်းလျှောက်တွေးကြည့် လိုက်ပါလျှင် သတင်းစာ၏ ဇာတိပဝတ္တိတို့ကို သိရှိရပေမည်။ စင်စစ် သတင်းစာ စတင်ဖြစ်ထွန်းခဲ့ပုံမှာ စိတ်ဝင်စားဖွယ်ကောင်းလှသည်။”

 

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မြန်မာနိုင်ငံလူငယ်ရေးရာမူဝါဒဆိုင်ရာအမျိုးသားအဆင့် မဟာဗျူဟာစီမံချက် (၂၀၂၀-၂၀၂၄) မိတ်ဆက်ဖြန့်ချိခြင်းအခမ်းအနားတွင် ပြောကြားသည့် အဖွင့်အမှာစကား

 

 

(၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ၂၈ ရက်)

 

 

ဒီကနေ့ကျင်းပပြုလုပ်တဲ့ မြန်မာနိုင်ငံလူငယ်ရေးရာမူဝါဒဆိုင်ရာ အမျိုးသား အဆင့် မဟာဗျူဟာစီမံချက် (၂၀၂၀-၂၀၂၄) မိတ်ဆက်ဖြန့်ချိတဲ့ Online အခမ်းအနားကို တက်ရောက်လာကြတဲ့ ဧည့်သည်တော်များအားလုံးနဲ့ မြန်မာနိုင်ငံတစ်ဝန်းက လူငယ်အားလုံးစိတ်ချမ်းသာ၊ ကိုယ်ကျန်းမာကြပါစေလို့ ဆုတောင်းမေတ္တာပို့ရင်းနဲ့ နှုတ်ခွန်းဆက်လိုက်ပါတယ်။

ဘေးအန္တရာယ်များနှင့်ရင်ဆိုင်ရချိန်တွင် အရေးကြီးသည့် ကြံ့ကြံ့ခံနိုင်စွမ်းအား

ဆောင်းပါး

=======

 

ဘေးအန္တရာယ်များနှင့်ရင်ဆိုင်ရချိန်တွင် အရေးကြီးသည့် ကြံ့ကြံ့ခံနိုင်စွမ်းအား

===========================================

 

ကောင်းမွန်

 

ယခုအချိန် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ရင်ဆိုင်နေရသည်မှာ ခက်ခဲလှသည့်အချိန်ပင် ဖြစ်သည်။ သို့ရာတွင် မိမိတို့သည် ယခုထက်ဆိုးရွားသည့်အချိန်၊ ယခုထက်ဆိုးရွားသည့်ဖြစ်ရပ်များကို ကြုံတွေ့ခဲ့ရသည်။ အထိတ်တလန့် မဖြစ်ကြဘဲ ရဲစွမ်းသတ္တိရှိရှိ တည်တည်ငြိမ်ငြိမ်နေကြပြီး တစ်ဦးအပေါ်တစ်ဦး အားထားမှီခိုကြခြင်းဖြင့်သာ ယင်းအခက်အခဲများကို ကျော်လွှားနိုင်မည် ဖြစ်သည်။

 

Subscribe to လူမှုရေး