အရှိန်အဟုန်မြှင့်နှိုးဆော်စည်းရုံး
မျက်မှောက်ကာလ မြန်မာ့အခြေအနေ၊ ကမ္ဘာ့အခြေအနေတို့အရ မြန်မာနိုင်ငံသားတိုင်း ကိုယ့်မြေ၊ ကိုယ့်ရေ၊ ကိုယ့်လူမျိုး၊ ကိုယ့် အချုပ်အခြာအာဏာကို ကာကွယ်ရန် အချိန်ကျရောက်လာပြီ ဖြစ်သည်။ သို့ဖြစ်သည့်အလျောက် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် အရန်တပ်ဖွဲ့ဥပဒေတို့ကို အာဏာတည်သက်ဝင်စေခဲ့ပြီးဖြစ်သည် ကို နိုင်ငံသူ၊ နိုင်ငံသားအားလုံးတို့ သိကြပြီးဖြစ်သည်။ ပြည်သူ့ စစ်မှုထမ်းဥပဒေအရ နိုင်ငံသားတစ်ဦး၏ တာဝန်အဖြစ် စစ်မှု ထမ်းဆောင်ခြင်းသည် နိုင်ငံတော်ကြီး အဓွန့်ရှည်တည်တံ့ခိုင်မြဲ ရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်နိုင်ရေးအတွက် မွန်မြတ်သောတာဝန်ကို ထမ်းဆောင် ခြင်းပင်ဖြစ်သည်။