မြန်မာ့အလင်းအယ်ဒီတာအာဘော်

တစ်ဧကအထွက်နှုန်း ပန်းတိုင်ရည်မှန်းချက် ပြည့်မီအောင်ထွက်ရှိရေး ကြိုးပမ်းဆောင်ရွက်

 

စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍတို့ကို ဖွံ့ဖြိုးတိုးတက်အောင်  မြှင့်တင်ပေးခြင်းသည် နိုင်ငံ့လူဦးရေအများစုဖြစ်သော ကျေးလက် နေပြည်သူများ၏ဘဝများ   တိုးတက်လာစေရန်ဖြစ်သကဲ့သို့ နိုင်ငံ၏  အဓိကကုန်ထုတ်လုပ်ငန်းကို  မြင့်မားလာစေရန်လည်း ဖြစ်သည်။ အကျိုးဆက်အားဖြင့် နိုင်ငံ့စီးပွားတိုးတက်မြင့်မား လာစေရန်အတွက်ဖြစ်သည်။

နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်အောင် စိတ်ဓာတ်အားမာန်ဖြင့် လက်တွေ့စွမ်းဆောင်

 

လူ့အဖွဲ့အစည်းတစ်ရပ်တွင် လူတို့၏ တန်ဖိုးထားမှုစနစ်နှင့် စံများ  (Value System and Norms) က လူတို့၏ အပြုအမူများအပေါ် တွင်   လွှမ်းမိုးမှုရှိသည်ဟု  ပညာရှင်များကဆိုသည်။   လူ့အဖွဲ့ အစည်းအသီးသီးတို့တွင် လွှမ်းမိုးနေသော (အများက လက်ခံထား သော) လူတို့၏ အပြုအမူဆိုင်ရာစံ၊ ကိုယ်ကျင့်တရားစံနှင့် အရည် အသွေးစံများကိုလိုက်၍ လူတို့၏အပြုအမူများ ဖြစ်ပေါ်တတ်သည် ကို ဆိုခြင်းလည်းဖြစ်သည်။

အဆင်ခြင်မဲ့ယုံကြည်မိခြင်းကြောင့် လမ်းမှားကို မလျှောက်မိကြစေလို

 

ယနေ့မြန်မာနိုင်ငံတွင်  ပြည်သူအများစု  သတင်းရယူကြသည့် မီဒီယာဟုဆိုလျှင်   လူမှုကွန်ရက်များက   အဓိကဖြစ်နေသည်။ တရားဝင်ထုတ်ဝေထုတ်လွှင့် ဖြန့်ချိနေကြသည့် နိုင်ငံပိုင်မီဒီယာ များ၊ ပုဂ္ဂလိကပိုင်မီဒီယာများထက် အခြေအမြစ်မဲ့၊ အထောက် အထားမဲ့၊ ကျင့်ဝတ်မဲ့ ရေးသားဖော်ပြနေကြသည့် သတင်းတု၊ သတင်းမှားများက ပိုမို၍ လျင်လျင်မြန်မြန်၊ ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့နေကြသည်ကို တွေ့ရသည်။ ရည်ရွယ်ချက်ရှိရှိ ဖြန့်ဝေလိုက် သည့် သတင်းတု၊ သတင်းမှားများကို အဆင်ခြင်မဲ့ ယုံကြည်မိခြင်း ကြောင့် မှားယွင်းသည့် အတွေးအခေါ်၊ အယူအဆများ ဖြစ်ပေါ် စေနိုင်ပြီး ဆုံးဖြတ်ချက်များ၊ အပြုအမူများ လွဲမှားနိုင်သည်ကို သတိရှိကြရန်လိုသည်။

ဖွံ့ဖြိုးတော့မည့် ရခိုင်ပြည်နယ်အတွက် တည်ငြိမ်အေးချမ်းရေး ဝိုင်းဝန်းတည်ဆောက်

 

အီရတ်နိုင်ငံ  ဘဂ္ဂဒက်မြို့တွင်   အခက်အခဲကြုံတွေ့နေရသော မြန်မာနိုင်ငံသားများကို  အီရတ်အာဏာပိုင်များနှင့်  ညှိနှိုင်း၍ နိုင်ငံတော်အစီအစဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ဖေဖော်ဝါရီ ၂  ရက်နေ့က  ရန်ကုန်မြို့သို့   ပြန်လည်ရောက်ရှိလာကြသည်။ အီရတ်နိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်ကြရင်း အကျပ်အတည်း များတွင် ပိတ်မိနေခဲ့ကြသူများမှာ  ရခိုင်ပြည်နယ် စစ်တွေမြို့၊ ပုဏ္ဏားကျွန်းမြို့နှင့်     မြောက်ဦးမြို့တို့မှ     ရခိုင်တိုင်းရင်းသူ အမျိုးသမီးငယ်များ ဖြစ်ကြသည်။ 

စည်းလုံးခြင်းသည်အင်အား ပြည်ထောင်စု၏ စွမ်းပကား

 

ကမ္ဘာပေါ်တွင် လူမျိုးတစ်မျိုးမက အများအပြားစုပေါင်း နေထိုင် ကြသော  နိုင်ငံများစွာရှိသည်။   နိုင်ငံ၏ဖွဲ့စည်းတည်ဆောက် ပုံအရ  တစ်ပြည်ထောင်စနစ်ကျင့်သုံးသည့်  နိုင်ငံများရှိသလို ပြည်ထောင်စုစနစ်ကျင့်သုံးကြသည့် နိုင်ငံများလည်း ရှိကြသည်။ ပြည်ထောင်စုစနစ်ကျင့်သုံးကြရာတွင် ပြည်ထောင်စုအစိုးရ (ဝါ) ဗဟိုအစိုးရနှင့် ပြည်နယ်အစိုးရတို့အကြား  အခြေခံဥပဒေဖြင့် အာဏာပိုင်းခြားခွဲဝေသတ်မှတ်ပေးထားခြင်း ဖြစ်သည်။

နောက်ဆုံးပေါ် မူးယစ်မှောင်ခို

 

မူးယစ်မေ့လျော့စေတတ်သည့်အရာများ ရောင်းဝယ်ဖောက်ကားမှု ကို မိစ္ဆာဇီဝခေါ် မကောင်းသည့် အသက်မွေးဝမ်းကျောင်းလုပ်ငန်း အဖြစ် လူသားတို့ကိုးကွယ်ရာ ဘာသာကြီးများက သတ်မှတ်ထား ကြသည်။ ထို့အပြင် ရှေးခေတ်မှသည် မျက်မှောက်ခေတ်အထိ အုပ်ချုပ်သူ  မင်းအစိုးရအဆက်ဆက်တို့က  တရားမဝင်အဖြစ်  ပိတ်ပင်တားမြစ်ခဲ့ကြသော်လည်း  အကျိုးအမြတ်လွန်စွာကြီးမား လှသည့် မူးယစ်ဆေးဝါးရောင်းဝယ်ရေးလုပ်ငန်းများမှာ ရာစုနှစ် များ ကြာခဲ့ပြီဖြစ်သည့် ပစ္စုပ္ပန်ကာလတိုင် ပျောက်ပျက်မသွား။

ဒီမိုကရေစီရှေ့ခရီးအတွက် တည်ငြိမ်အေးချမ်းမှုကို မဖြစ်မနေတည်ဆောက်

 

(၁) စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာ ရေးနှင့် (၂) ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးတို့သည် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ စတင်ဖွဲ့စည်းစဉ်ကပင် ချမှတ်ဆောင်ရွက်ခဲ့သည့် နိုင်ငံရေးရည်မှန်းချက် နှစ်ရပ်ဖြစ်သည်။ ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်တို့သည်  တိုင်းရင်းသားပြည်သူအားလုံး၏ ဆန္ဒဖြစ်သည်နှင့် အညီ နိုင်ငံရေးရည်မှန်းချက်နှစ်ရပ်ကို အကောင်အထည်ဖော်ရာ တွင်    နိုင်ငံသားတိုင်း   ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းဖြင့်   ပိုမို လျင်မြန်စွာ ပြီးမြောက်အောင်မြင်နိုင်မည်ဖြစ်သည်။

Subscribe to မြန်မာ့အလင်းအယ်ဒီတာအာဘော်