မြန်မာ့အလင်းအယ်ဒီတာအာဘော်
မိမိအကျိုး၊ အများပြည်သူအကျိုးအတွက် တရားဝင်ရင်းနှီးမြှုပ်နှံမှုများဆောင်ရွက်
ကောလာဟလအမျိုးမျိုး နေ့စဉ်မပြတ်ထွက်ပေါ်နေသည့် မိမိတို့ နိုင်ငံတွင် နောက်ဆုံးထွက်ပေါ်လာသည့် ကောလာဟလမှာ ရွှေ ဈေးနှုန်းနှင့်ပတ်သက်၍ ထွက်ပေါ်လာခြင်းဖြစ်သည်။ တရားဝင် ရွှေလုပ်ငန်းကို လုပ်ကိုင်နေသည့် ရွှေလောကသားများမဟုတ်ဘဲ ပြင်ပမှ ဝိသမလောဘသမားက ကောလာဟလလွှင့်ထုတ်၍ ဈေးကစားကာ အမြတ်ရှာဖွေရန် ကြိုးပမ်းကြခြင်းသာဖြစ်ကြောင်း နှင့် ရွှေဈေး၊ ဒေါ်လာဈေး စသည်တို့ကို ကောလာဟလလွှင့်၍ ဈေးဆွဲတင်သည့်အလုပ်ကို နှစ်စဉ်လုပ်လေ့ရှိကြကြောင်း သိရ သည်။ ရိုးသားစွာဖြင့် လုပ်ငန်းထူထောင်ဆောင်ရွက်ခြင်းမရှိဘဲ တရားမဝင်ဖြတ်လမ်းနည်းဖြင့် ငွေရှာမှုများက ပုံမှန်စီးပွားရေးကို ထိခိုက်စေမည်ဖြစ်သည်။
သီးနှံနှင့် ဈေးကွက်
၂၀၁၉ ခုနှစ် သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံလူဦးရေ၏ ၄၅ ရာခိုင်နှုန်းခန့်သည် စိုက်ပျိုးရေးလုပ်ငန်းများနှင့် ဆက်စပ်နေသည့် လုပ်ငန်းများတွင် လုပ်ကိုင်နေကြသူများဖြစ်ကြပြီး နိုင်ငံ့စီးပွားရေး တွင် အရေးပါသူများဖြစ်ကြသည်။ စိုက်ပျိုးရေးလုပ်ငန်းများ တိုးတက်ဖွံ့ဖြိုးပြီး ကုန်ထုတ်လုပ်မှုတိုးတက်မြင့်မားမှသာ စိုက်ပျိုး ရေးလုပ်ငန်း၊ ၎င်းနှင့်ဆက်စပ်လုပ်ငန်း စသည်တို့တွင် အဓိက ဆောင်ရွက်နေကြသူများ၏ လူမှုဘဝများ တိုးတက်မြင့်မားနိုင်မည် ဖြစ်သည်။
နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့လျှော့ချရေး တောင်ယာမီး၊ တောမီးမရှို့ရန် တားဆီးပညာပေး
နှစ်စဉ် နွေဦးကာလသို့ ရောက်ရှိသည့်အခါတိုင်း တောင်ယာမီးရှို့ ခြင်းနှင့် တောမီးလောင်ခြင်းတို့ကြောင့် မီးခိုးမြူငွေ့များ ဖြစ်ပေါ် လေ့ရှိပြီး လာအို၊ မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယား စသည့်နိုင်ငံတို့တွင် လေထုညစ်ညမ်းမှုဒဏ်ကို ခံစားကြရသည်။ တောင်ယာမီး၊ တောမီးတို့ကြောင့် ထွက်ပေါ်လာသည့် မီးခိုးငွေ့များသည် တစ်နိုင်ငံ မှ တစ်နိုင်ငံသို့ အတားအဆီးမရှိ ဝင်ရောက်ပြီး ဒေသခံပြည်သူ တို့အပေါ် ကျန်းမာရေးအန္တရာယ်များ ဖြစ်ပွားစေခြင်းကြောင့် အဆိုပါနယ်စပ်ဖြတ်ကျော်မီးခိုးမြူများ (Transboundary Smoke) ကို ထိန်းချုပ်နိုင်ရန် သက်ဆိုင်ရာနိုင်ငံတို့က ကြိုးပမ်းနေကြရသည်။
နေ့စဉ်မပြတ် ဖတ်ရှုလေ့လာ ဗဟုသုတတိုးပွားဉာဏ်ပညာ
အပ္ပဿုတာယံ ပုရိသော၊ ဗလီဗဒ္ဒေါဝ ဇီရတိ။
မံသာနိတဿ ဝဎုန္တိ၊ ပညာ တဿ န ဝုဎုတိ။အကြားအမြင်နည်းသော ဤယောက်ျားသည် နွားလားကဲ့သို့ အချည်းအနှီး ကြီးထွားလာ၏။ ထိုယောကျ်ားအား အသားတို့သာ တိုးပွားကုန်၏၊ ပညာမူကား မတိုးပွား။ (ဓမ္မပဒ)
ရဲရေးရောက်သော် ရွံ့ကြောက်မဲ့တွန်၊ နိုင်ငံ့ဝန်၌
ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် ပြည်သူ့စစ်မှုထမ်းဥပဒေအာဏာ တည်သည့်နေ့ရက် သတ်မှတ်ပြီးသည့်နောက်ပိုင်း လုပ်ကြံဖန်တီး မှုများနှင့် ကောလာဟလပေါင်းစုံတို့ မြို့ရွာဒေသအသီးသီးတွင် အတောမသတ်နိုင်အောင် ပေါ်ထွက်လာသည်။ အဆိုပါလုပ်ကြံ ဖန်တီးမှုများနှင့် ကောလာဟလများ၏ ရည်ရွယ်ချက်များမှာ ပြည်သူလူထုအတွင်း စိုးရိမ်ထိတ်လန့်မှုများ ဖြစ်ပေါ်ရေး၊ အစိုးရ နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် ပြည်သူများက အထင်အမြင် လွဲမှားစေရေးနှင့် ဆန့်ကျင်သည့်စိတ်များ ဖြစ်ပေါ်လာစေရေး၊ လူငယ်လူရွယ်များ အကြမ်းဖက်လမ်းစဉ်သို့ လွဲမှားစွာ ရောက်ရှိ သွားစေရေး စသည်တို့ပင်ဖြစ်သည်။