ထုတ်ကုန်အရည်အသွေးကောင်းမွန်ရေး နည်းပညာများကို အသုံးပြုထုတ်လုပ်
နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ကုန်ထုတ်လုပ်မှုကဏ္ဍ ကို နိုင်ငံတော်က အားပေးမြှင့်တင်လျက်ရှိရာတွင် စိုက်ပျိုး မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေး ကို ပထမဦးစားပေးအဖြစ်လည်းကောင်း၊ အသေးစား၊ အငယ် စား၊ အလတ်စားစီးပွားရေးလုပ်ငန်း(MSME) များ ဖွံ့ဖြိုးတိုးတက် ရေးကို ဒုတိယဦးစားပေးအဖြစ်လည်းကောင်း ဆောင်ရွက်လျက် ရှိသည်။ နိုင်ငံ့စီးပွားရေးတွင် MSME များသည် အဓိကမောင်းနှင် အားဖြစ်သကဲ့သို့ နိုင်ငံ၏ စက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးဆောင်ရွက်ရာတွင်လည်း အသေးစား၊ အငယ်စား မှ စတင်အခြေတည်ကာ အလတ်စားနှင့် အကြီးစားလုပ်ငန်း များအဖြစ်သို့ ဆက်လက်ဖွံ့ဖြိုးတိုးတက်သွားရ