မြန်မာ့အလင်းအယ်ဒီတာအာဘော်

ကျောင်းသားကျောင်းသူ၊ လူငယ်နှင့် စာဖတ်ရှိန်မြှင့်တင်ရေး

 

လူ့ဘဝဟူသည် ဆယ်စုနှစ်အနည်းငယ်မျှသော ကာလအပိုင်း အခြားလေးတစ်ခုသာ  ဖြစ်သည်။   မျက်မှောက်ခေတ်တွင် လူဖြစ်လာသူတစ်ဦးသည် ဘဝသက်တမ်း၏ သုံးပုံတစ်ပုံနီးနီး ကို စာပေ၊ အတတ်ပညာ စသည်တို့ သင်ကြားရန်အတွက် မဖြစ် မနေအသုံးပြုကြရသည်။ ဆက်လက်ရှင်သန်ရမည့်ဘဝအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့်   ပညာသင်ကြားကြရခြင်းဖြစ် သည်။ မိမိတို့အလေးအနက်သတိပြုကြရမည်မှာ အခြေခံပညာ၊ အဆင့်မြင့်ပညာ စသည်ဖြင့် ကျောင်းပညာများ သင်ယူကြခြင်း သည်  လေ့လာသင်ယူစရာများပြားလှသည့်  လူ့ဘဝတစ်သက် တာ၏ အစသာလျှင်ဖြစ်ပြီး  ဆက်လက်၍  လေ့လာသင်ယူနေ ကြရဦးမည်ဟူ၍ပင်ဖြစ်သည်။

လမ်းပေါ်မတော်တဆမှုများ ကျဆင်းရေး ယာဉ်/လမ်းစည်းကမ်းများ အလေးထားလိုက်နာ

 

အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်  ကင်းရှင်းရေးကောင်စီ  (NRSC)    က    လစဉ်ပြုစုထုတ်ပြန်သည့်    ယာဉ်တိုက်ခိုက်မှု ကိန်းဂဏန်းအချက်အလက်များ၊   နှစ်ချုပ်အစီရင်ခံစာများအရ ၂၀၁၈ ခုနှစ်ကစပြီး  ယာဉ်တိုက်မှု၊  ဒဏ်ရာရ၊  သေဆုံးမှုစာရင်း များ    တောက်လျှောက်လျော့နည်းကျဆင်းလာခဲ့သော်လည်း ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်တွင် လတစ်လချင်းအလိုက် အနည်းငယ် ပြန်လည်မြင့်တက်လာခဲ့သည်။  ၂၀၂၀၊ ၂၀၂၁ နှင့် ၂၀၂၂ ခုနှစ် တို့တွင် ကိုဗစ် - ၁၉  ကပ်ရောဂါကူးစက်ပျံ့နှံ့မှု ကာကွယ်ရေး အတွက်    အသွားအလာများ   ကန့်သတ်ခဲ့ခြင်းက  လမ်းပေါ် မတော်တဆဖြစ်မှုများအပေါ်တွင်ပါ သက်ရောက်ခဲ့ခြင်းဖြစ်သည်။

တရားသောစစ်အောင်မြင်ရေး ပြည်သူအားလုံးဝိုင်းဝန်းပေး

 

ကယားပြည်နယ်    လွိုင်ကော်မြို့တွင်    တည်ငြိမ်အေးချမ်းမှု တိုးတက်ရရှိလာသည်နှင့်အမျှ   ဒေသဖွံ့ဖြိုးရေးနှင့်  ပြန်လည် ထူထောင်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက် လျက်ရှိသည်ကို သတင်းများတွင် တွေ့မြင်ရသည်။

 

လက်နက်ကိုင် သောင်းကျန်းမှုများ၊ အဖျက်အမှောင့်လုပ်ရပ်များက ဒေသတွင်း တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေး ကို အဟန့်အတားဖြစ်စေသည်။ ဒေသခံပြည်သူများ၏ လူမှု စီးပွားဘဝများ၊ အသက်အိုးအိမ်စည်းစိမ်များကို ထိခိုက်ပျက်စီး ဆုံးရှုံးစေသည်။

ခိုင်ခိုင်မာမာပေါ်ပေါက်လာမည့် တစ်ဆက်တစ်စပ်တည်း မြန်မာ့သမိုင်းစဉ်

 

‘‘ မြန်မာဘယ်ကစ ’’     ဟူသည့်     ခေတ်ဦးမြန်မာ့သမိုင်းနှင့် စပ်လျဉ်း၍  ငြင်းချက်နှစ်ခုရှိသည်။  တစ်ခုက  မြန်မာတို့သည် မြန်မာ့မြေပေါ်တွင်ပင် ပေါက်ဖွားရှင်သန်လာကြကာ အဆင့်ဆင့် တိုးတက်ထွန်းကားလာခြင်းဖြစ်သည်ဟူ၍  ဖြစ်ပြီး နောက်တစ်ခု ကမူ မြန်မာတို့သည် အခြားဒေသမှ အချိန်တိုတိုအတွင်း ဒုန်းစိုင်း ဝင်ရောက်လာကြသူများဖြစ်သည်ဟူ၍  ဖြစ်သည်။ သို့ဖြစ်ခြင်း ကြောင့် မြန်မာ့သမိုင်းကို ခေတ်အမြင်ဖြင့် လေ့လာမည်ဆိုပါက ပုဂံခေတ်    အနော်ရထာမင်းမတိုင်မီ     မြန်မာ့သမိုင်းသည် ငြင်းချက်များ၊ ကွက်လပ်များ၊ အနုမာန မှန်းဆဖြည့်စွက်ချက် များဖြင့် ပြည့်နှက်နေသည်။

ဝါအခြေခံစက်မှုလုပ်ငန်းများဖြင့် တစ်ခေတ်ပြောင်းနိုင်ရန်ကြိုးပမ်း

 

မြန်မာတို့ ဝါစိုက်ပျိုးခဲ့သည်မှာ နှစ်ပေါင်းထောင်ချီကြာမြင့်ခဲ့ပြီ ဖြစ်ရာ မြန်မာ့ရိုးရာယဉ်ကျေးမှုတွင် ဝါဂွမ်းစိုက်ပျိုးထုတ်လုပ်မှု နှင့် ချည်ထည်ရက်လုပ်မှုတို့က တစ်ခန်းတစ်ကဏ္ဍပါဝင်လျက်ရှိ သည်။ ဝါကို ပြည်တွင်း၌ သုံးစွဲရုံမျှမက  ပြည်ပသို့  တင်ပို့ရောင်းချ နိုင်ခဲ့ရာ ကုန်းဘောင်ခေတ်နှောင်း မင်းတုန်းမင်းလက်ထက်တွင် ဝါသည် တော်ဝင်သီးနှံဖြစ်ခဲ့ပြီး ပြည်ပတင်ပို့မှုကို တစ်ဦးတည်း ချုပ်ကိုင်သည့်စနစ် ကျင့်သုံးခဲ့သည်။

တရားသောစစ်ဆင်နွှဲရာတွင် အမျိုးသားရေးစိတ်ဓာတ်ဖြင့် ပူးပေါင်းပါဝင်

 

အကြမ်းဖက်သောင်းကျန်းသူ MNDAA အဖွဲ့က ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့အတွင်းတိုက်ပွဲများ  ဖော်ဆောင်ပြီး စစ်ရေးနှင့်သက်ဆိုင်ခြင်းမရှိသည့်       တပ်မတော်ဆေးရုံကို ရှော့တိုက်ဒုံးများ၊ လက်နက်ကြီးများ၊ ဒရုန်းများဖြင့် ပစ်ခတ်တိုက် ခိုက်မှုကြောင့်  ဆေးရုံတက်လူနာ  ဒေသခံအရပ်သားများ၊  ဌာန ဆိုင်ရာ  ဝန်ထမ်းများနှင့်   လုံခြုံရေးတပ်ဖွဲ့ဝင်များ၏    မိသားစု ဝင်များ ထိခိုက်သေဆုံးခဲ့ရပြီး အချို့ကို အဓမ္မဖမ်းဆီးခေါ်ဆောင် သွားခဲ့သည်ဟု သိရသည်။

စားသောက်မှုပုံစံမှန်ကန်မှ အာဟာရပြည့်ဝ ကျန်းမာမည်

 

အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများကို     ပြည်သူလူထုပိုမိုသိရှိပြီး ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ကြစေရန် ရည်ရွယ်၍ အာဟာရ ဖွံ့ဖြိုးရေး ရက်သတ္တပတ်များကို ကျင်းပလျက်ရှိရာ နှစ်စဉ်ဩဂုတ် လ ပထမရက်သတ္တပတ်ကို  မိခင်နို့စနစ်တကျတိုက်ကျွေးရေး ရက်သတ္တပတ်၊   ဒုတိယရက်သတ္တပတ်ကို    ငါးနှစ်အောက်နှင့် ကျောင်းနေအရွယ်ကလေးများ  အာဟာရဖွံ့ဖြိုးရေး  ရက်သတ္တပတ်၊   တတိယ ရက်သတ္တပတ်ကို ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်၊ စတုတ္ထရက်သတ္တပတ်ကို အိုင်အိုဒင်းချို့တဲ့မှုပပျောက်ရေး      ရက်သတ္တပတ်များအဖြစ် သတ်မှတ်ဆောင်ရွက်လျက်ရှိသည်။

Subscribe to မြန်မာ့အလင်းအယ်ဒီတာအာဘော်