ပြည်ပပို့ကုန်အလားအလာကောင်းသည့် ဝဥစိုက်ပျိုးထုတ်လုပ်ရေး
တောင်သူများ ဝင်ငွေတိုးရေးအတွက် ဝဥစိုက်ပျိုးရန် နှိုးဆော် တိုက်တွန်းလျက်ရှိသည်။ ဆန်အစားထိုး စားသုံးနိုင်သည့် သီးနှံ ဖြစ်သော ဝဥကို မြန်မာနိုင်ငံတွင် စားသုံးမှုနည်းပါးလျက်ရှိသေးသော်လည်း ဝဥသည် စားသောက်ကုန်၊ အလှကုန်နှင့် ဆေးဝါး ကုန်ကြမ်း၊ စက်မှုကုန်ကြမ်းအဖြစ် အသုံးဝင်သောကြောင့် ပြည်ပ ဝယ်လိုအားရှိသော စိုက်ပျိုးရေးထွက်ကုန်ဖြစ်သည်။