မြန်မာ့အလင်းအယ်ဒီတာအာဘော်

နိုင်ငံ့အနာဂတ်အတွက် လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေး

 

မြန်မာနိုင်ငံတွင် လူငယ်ဟူသော အဓိပ္ပာယ်ဖွင့်ဆိုချက်အတွက် အကျုံးဝင်သော အသက်အပိုင်းအခြားမှာ ၁၅ နှစ်မှ ၃၅ နှစ်အတွင်း ဖြစ်သည်။ ယင်းအသက်အပိုင်းအခြားအတွင်းရှိသော လူငယ်များ က  မြန်မာနိုင်ငံ လူဦးရေစုစုပေါင်း၏ သုံးပုံတစ်ပုံခန့်ရှိသည်။ မိမိတို့နိုင်ငံကို ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုအဖြစ် မျှော်မှန်း တည်ဆောက်လျက်ရှိရာတွင် ယနေ့လူငယ်များသည် နိုင်ငံ၏ အနာဂတ်ကို ဆက်လက်တာဝန်ယူသွားကြရမည့်သူများ ဖြစ်သည့် အလျောက် လူငယ်ပြုစုပျိုးထောင်ရေး၊ လူငယ်ဖွံ့ဖြိုးရေးတို့ကို စဉ်ဆက်မပြတ် ပြုလုပ်သွားရန်လိုအပ်သည်။

 

အင်အားတောင့်တင်းပြီးစွမ်းရည်ထက်မြက်သော ခေတ်မီမျိုးချစ်တပ်မတော် တည်ဆောက်ရေး

 

 

နိုင်ငံတော်ကို ကာကွယ်ရန်၊ နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် ပြည်သူကိုကာကွယ်ရန်မှာ တပ်မတော်၏တာဝန်ဖြစ်သည်။ ဤ တာဝန်များကို ထမ်းဆောင်နိုင်ရန်အတွက်  တပ်မတော်သည် စွမ်းရည်မြင့်မားသည့် တပ်မတော်ဖြစ်ရန်လိုသည်။ မိမိတို့နိုင်ငံ၏ ပထဝီနိုင်ငံရေးအနေအထားနှင့် မျက်မှောက်ကာလ ကမ္ဘာ့နိုင်ငံ ရေး အခြေအနေအရပ်ရပ်တို့ကလည်း နိုင်ငံတော်၏ ကာကွယ်ရေး စွမ်းပကားဖြစ်သည့် တပ်မတော်ကို အင်အားတောင့်တင်းခိုင်မာ စေရန်နှင့်    စွမ်းဆောင်ရည်မြင့်မားစေရန်    မြှင့်တင်ရေးကို တောင်းဆိုလျက်ရှိပြီဖြစ်သည်။

 

နိုင်ငံ့စီးပွားမြင့်မားတိုးတက်ရေးနှင့် ပြည်သူလူထု စားဝတ်နေမှုဖူလုံရေး

 

၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်သစ်ကို  လာမည့် ဧပြီလမှစတင်၍  နောက်နှစ်မတ်လအထိ အကောင်အထည်ဖော်ဆောင်ရွက်တော့ မည်ဖြစ်သည်။ ဘဏ္ဍာရေးနှစ် တစ်နှစ်တာအတွက် ရေးဆွဲထား သည့် အမျိုးသားစီမံကိန်းလျာထားချက်များကို အကောင်အထည် ဖော်ရာတွင်  ပြည်ထောင်စုဝန်ကြီးဌာနများက    ကဏ္ဍအလိုက် တာဝန်ယူကြရမည်ဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများ က ဒေသအလိုက် တာဝန်ယူကြရမည်ဖြစ်သည်။ စီမံကိန်းလျာထား ချက်များအတိုင်း     အောင်မြင်စွာအကောင်အထည်ဖော်နိုင်ရန် အတွက်  တာဝန်ယူမှု  တာဝန်ခံမှုအပြည့်ဖြင့် အားသွန်ခွန်စိုက် ကြိုးပမ်းသွားကြရမှာလည်းဖြစ်သည်။

 

အမျိုးသားမြေဥပဒေပေါ်ပေါက်ရေးနှင့် မြေစီမံခန့်ခွဲမှုဥပဒေများ သဟဇာတဖြစ်ရေး

မြန်မာနိုင်ငံအတွင်း မြေအသုံးချမှု စီမံခန့်ခွဲရာတွင် စိန်ခေါ်မှုများစွာ ရှိနေကြောင်း အမျိုးသားမြေအသုံးချမှုကောင်စီ ဒုတိယအကြိမ် အစည်းအဝေးတွင် အမျိုးသားမြေအသုံးချမှုကောင်စီဥက္ကဋ္ဌက ပြောကြားခဲ့သည်။ ယင်းစိန်ခေါ်မှုများတွင် တည်ဆဲဥပဒေ၊ လုပ်ထုံး လုပ်နည်းများကို ခေတ်စနစ်နှင့်အညီ ပြုပြင်ပြဋ္ဌာန်းရန် လိုအပ် ချက်များ၊ ကဏ္ဍအလိုက် ပြဋ္ဌာန်းထားသည့်ဥပဒေများ ချိတ်ဆက် မှု၊ သဟဇာတမဖြစ်မှုနှင့် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများအား လိုက်နာဆောင်ရွက်မှု အားနည်းခြင်းများ၊ ဥပဒေအပေါ် လိုသလို အလွဲသုံးဆောင်ရွက်မှုများ၊ မြေသယံဇာတအချက်အလက်များနှင့် မြေပြင်၊ မြေပုံများ တိကျမှန်ကန်ရန် လိုအပ်မှုရှိနေခြင်းများ၊ မြေပြင်၌ လက်တွေ့စီ

အမျိုးသားရေးလုပ်ငန်းစဉ်နှစ်ခုနှင့် နိုင်ငံရေးလုပ်ငန်းစဉ်နှစ်ခု

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက “တိုင်းပြည်သာယာဝပြော ရေး” နှင့် “စားရေရိက္ခာဖူလုံရေး” ဟူသော အမျိုးသားရေး လုပ်ငန်းစဉ်နှစ်ခုနှင့် “စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံ ဒီမိုကရေစီစနစ် ခိုင်မာစေရေး” နှင့် “ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး” ဟူသော နိုင်ငံရေးလုပ်ငန်းစဉ်နှစ်ခုတို့ကို ဦးတည်ဆောင်ရွက်လျက်ရှိ သည်။ အမျိုးသားရေးလုပ်ငန်းစဉ်နှစ်ခုနှင့် နိုင်ငံရေးလုပ်ငန်းစဉ် နှစ်ခုဟူ၍ ဆိုခဲ့သည့်တိုင် အဆိုပါလုပ်ငန်းစဉ်များမှာ တစ်ခုနှင့် တစ်ခုတို့ ဆက်နွှယ်လျက်ရှိပြီး လုပ်ငန်းစဉ်တစ်ခုကို အောင်မြင် စွာ အကောင်အထည်ဖော်နိုင်ပြီဆိုပါက ကျန်လုပ်ငန်းစဉ်မှာလည်း အောင်မြင်

အခက်အခဲများကိုသိရှိနားလည် တက်ကြွစွာ ကူညီပူးပေါင်းဖြေရှင်း

 

၂၀၃၀ ပြည့်နှစ်တွင်   တစ်နိုင်ငံလုံး   လျှပ်စစ်ဓာတ်အားရရှိရေး အတွက် နိုင်ငံတော်က ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ နိုင်ငံ အတွင်း လတ်တလောဖြစ်ပေါ်နေသော ဓာတ်အားပြတ်တောက်မှု များကြောင့် အဆင်မပြေမှုများ ကြုံတွေ့နေရသည့် ပြည်သူများ အနေဖြင့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ ကြိုးပမ်းဆောင်ရွက် နေမှုများ၊ ရင်ဆိုင်ဖြေရှင်းနေရသည့် အခက်အခဲများအပေါ် သိရှိ နားလည်စွာဖြင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ကြသည်နှင့်အမျှ လာမည့် ရှစ်နှစ်တာကာလတွင် တစ်နိုင်ငံလုံးရှိ အိမ်ထောင်စု များအားလုံး  ဓာတ်အားသုံးစွဲခွင့်ရရှိရေးသည် မစားရဝခမန်း အပြောသက်သက်မျှသာမဟုတ်ဘဲ လက်တွေ့အကောင်အထည် ပေါ်လာမည်ဖြစ်သည်။

 

ချက်ပြုတ်စားသုံးမှုပုံစံ ပြောင်းလဲရေး

 

ဆီသည် လူတို့အတွက် အင်အားဖြစ်စေသော အစာအုပ်စုထဲတွင် ပါဝင်သည်။ သို့ရာတွင် လိုသည်ထက်ပို၍စားသုံးလျှင်မူ အင်အား ဖြစ်သည်ထက် ရောဂါထူပြောလာနိုင်သည်။ ထို့အပြင် စားသုံးရန် မသင့်သည့် ဆီအမျိုးမျိုးတို့ကို နည်းမျိုးစုံဖြင့် ပြုပြင်ဖန်တီး၍ စီးပွားရေးလောဘသမား မသမာသူတို့က ဈေးကွက်တွင် ရောင်းချ နေသော ဆီအတုများကို စားသုံးမိပြန်လျှင်လည်း ပို၍ပင် အကျိုး နည်းကြလိမ့်ဦးမည်  ဖြစ်သည်။   ဆီအတုများက  ဆီအစစ်များ ထက်ပင် ပို၍အရောင်လှ၊ ပို၍ အနံ့မွှေးပြီး ရောင်းချရာတွင် ပို၍ မျက်နှာပန်းလှသည်ဟု ဆိုကြရာ စိုးရိမ်ထိတ်လန့်ဖွယ်ရာဟုပင် ဆိုရမည်။

 

Subscribe to မြန်မာ့အလင်းအယ်ဒီတာအာဘော်