မျက်မှောက်သမိုင်း သင်ခန်းစာ
အာဖဂန်နစ္စတန်မြေပေါ်တွင် နှစ်ပေါင်း ၂၀ ကြာ တပ်စွဲခဲ့ပြီးနောက် အမေရိကန်တပ်ဖွဲ့များ ပြန်လည်ရုပ်သိမ်းထွက်ခွာသွားချိန်၌ အာဖဂန် လူ့အဖွဲ့အစည်းမှာ ယိမ်းခါလှုပ်ရှားကျန်ရစ်ခဲ့သည်။ စစ်ရေးအင်အား အပါအဝင် ငွေကြေးအားဖြင့်လည်း ဒေါ်လာဘီလီယံများစွာ သုံးစွဲ၍ ကျားကန်လာခဲ့သည့်တိုင်အောင် အနောက်နိုင်ငံများက ဖြစ်စေလိုခဲ့ သည့် ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံအဖြစ်သို့ ခိုင်ခိုင်မာမာ ရောက်မလာ ခဲ့သော အာဖဂနစ္စတန်မှာ ရုပ်သိမ်းသွားသူတို့၏ လေယာဉ်များ မြေမှမကြွမီမှာပင် ဘာသာရေးအခြေခံ ရှေးရိုးစွဲဝါဒီတို့က ပြန်လည် လွှမ်းမိုးသွားခဲ့ပြီဖြစ်သည်။



