မြန်မာ့အလင်းအယ်ဒီတာအာဘော်

ကိုဗစ်-၁၉ တတိယလှိုင်းနှင့် အကြမ်းဖက်အဖျက်လုပ်ရပ်များ

ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှုလုပ်ငန်းသည် နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု ကာကွယ်ထိန်းချုပ်ရေးတွင် အရေးကြီးဆုံးလုပ်ငန်းဖြစ်သည့်အလျောက်    နိုင်ငံတစ်ဝန်းလုံးတွင် အလေးအနက် ဆောင်ရွက်လျက်ရှိသည်။ ကာကွယ်ဆေးများ အဆက်မပြတ် ရောက်ရှိလာစေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိ ပြီး ရောက်ရှိပြီးဖြစ်သည့် ကာကွယ်ဆေးများကို သတ်မှတ်ချက်များ နှင့်အညီ ထိုးနှံပေးရမည်ဖြစ်ကြောင်း၊ ဆေးမထိုးခင်နှင့် ဆေးထိုးပြီး လုပ်ဆောင်ရန် လိုအပ်သည်များ၊   လိုက်နာရန် လိုအပ်သည်များနှင့် ဒုတိယအကြိမ်ထပ်မံထိုးနှံရမည့်ကာလတို့ကို တိကျစွာ သိရှိနိုင်ရေး ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်းလည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက      

လူမှုကွန်ရက်မှ အဖျက်အမှောင့် ပြည်သူလူထုကို ခြိမ်းခြောက်နေ

ကူးစက်မှုမြန်ဆန်ပြီး ပြင်းထန်လှသည့် ကိုဗစ်-၁၉ တတိယလှိုင်းမှာ အမြင့်ဆုံးအခြေအနေဆီသို့ ရောက်ရှိခဲ့ပြီးပြီဟု ယုံကြည်ရသည်။ အမြင့်ဆုံးသို့ရောက်ပြီးလျှင် ပြန်လည်ကျဆင်းရတော့မည်။ ကျဆင်း လာနေသည့် လက္ခဏာများကိုလည်း တွေ့မြင်နေရသည်။ သို့သော် ရောဂါကူးစက်မှုကွင်းဆက်ကို ဖြတ်တောက်နိုင်သည့်အခြေအနေကို ဆက်လက်ထိန်းသိမ်းထားနိုင်မှသာ သိသိသာသာ ပြန်လည်ကျဆင်း သွားမည်ဖြစ်ပြီး ကပ်ရောဂါကို ပေါ့ပေါ့ဆဆ လျှော့တွက်မိမည်ဆိုပါက အချိန်မရွေး ပြန်လည်ထိုးတက်သွားနိုင်မည်ဖြစ်သည်ကို သတိချပ် ကြဖို့လိုသည်။

နိုင်ငံရေးအမြတ်မထုတ်သင့်သည့် ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ

ကုလသမဂ္ဂလုံခြုံရေးကောင်စီ  အမြဲတမ်းအဖွဲ့ဝင်နိုင်ငံ   တစ်နိုင်ငံ ဖြစ်သည့် ဗြိတိန်နိုင်ငံ၏ ကမကထပြုမှုဖြင့်  မြန်မာနိုင်ငံဆိုင်ရာ အလွတ်သဘောဆွေးနွေးပွဲတစ်ရပ်ကို ပြီးခဲ့သည့် ဇူလိုင် ၂၉ ရက်နေ့ က နယူးယောက်မြို့တွင် ပြုလုပ်ခဲ့သည်။ ၎င်းဆွေးနွေးပွဲ ကျင်းပရ ခြင်းမှာ မြန်မာနိုင်ငံတွင် လတ်တလောရင်ဆိုင်နေရသည့်  စိန်ခေါ်မှု များဖြစ်သည့် မြန်မာနိုင်ငံအတွင်း တရားဥပဒေစိုးမိုးမှုအခြေအနေ၊ မြန်မာ့အရေးနှင့်  ပတ်သက်၍  အာဆီယံ၏  အချက်(၅) ချက်ပါ သဘောတူညီချက်ဆောင်ရွက်နေမှု တိုးတက်မှုအခြေအနေ၊ လူသား ချင်း   စာနာမှုအကူအညီပေးရေးဆိုင်ရာ ကိစ္စများနှင့်   ကိုဗစ်- ၁၉ ကူးစက်ဖြစ်ပွားမှုအခြေအနေတို့နှင့် ပတ်သက်၍ ပြည်တွင်းဒီမိုကရေ

အကြမ်းဖက် အဖျက်လုပ်ရပ်များ ပြည်သူများက ဆန့်ကျင်တိုက်ဖျက်

အရှိန်အဟုန်မြင့်တက်နေသော မျိုးဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးထိန်းချုပ်ရေးသည် ပစ္စုပ္ပန်အချိန်ကာလအတွင်း မြန်မာနိုင်ငံအတွင်း နေထိုင်သူ နိုင်ငံသူ နိုင်ငံသားအားလုံး၏ အဓိက အာရုံစူးစိုက်နေရသော အရေးကိစ္စဖြစ်သည်။ ဆန့်ကျင်ဘက်တွင်မူ အကြမ်းဖက်အဖွဲ့အစည်းများက   လေလှိုင်းမှတစ်ဆင့်   စေခိုင်းမှု များကို ဆင်ခြင်ဉာဏ်ကင်းမဲ့စွာ လိုက်ပါလုပ်ဆောင်နေသူများက မြို့ရွာများအတွင်း၊ ပြည်သူလူထုအတွင်း မတည်မငြိမ်ဖြစ်စေရေး၊ ကြောက်ရွံ့ထိတ်လန့်နေစေရေးတို့ကို အခွင့်အခါ စောင့်ဆိုင်းကာ လစ်လျှင်လစ်သလို ပြုလုပ်နေကြဆဲ။ သို့ရာတွင် မြို့ပြများအတွင်း ပြန်လည်ဝင်ရောက်ခိုအောင်းကာ အကြမ်းဖက်အဖျက်လုပ်ရပ်များ ပြုလုပ်ရန် ပုန်းကွယ်

ကပ်ရောဂါ တားဆီးကာကွယ်ထိန်းချုပ်ရေးနှင့် လူမှုကူညီရေးအဖွဲ့အစည်းများ၏ကဏ္ဍ

မိမိအတွက် အကျိုးအမြတ်တစ်စုံတစ်ရာ  ရယူခြင်းမရှိဘဲ   အများ အကျိုးဆောင်ရွက်သည့်လုပ်ငန်းများကို  ပရဟိတလုပ်ငန်းများအဖြစ်   သိရှိကြသည်။   အများအကျိုးဆောင်အလုပ်ကို   တစ်ပိုင်တစ်နိုင်၊ အတိုင်းအတာကာလတစ်ရပ် လုပ်ကိုင်ကြသူများ၊  အဖွဲ့အစည်းတစ်ခု အဖြစ်  စနစ်တကျဖွဲ့စည်းပြီး အများအကျိုးဆောင်လုပ်ငန်းတစ်ခုခုကို နှစ်ရှည်လများ   တည်ထောင်လုပ်ကိုင်ကြသူများ   မြန်မာနိုင်ငံ   မြို့ရွာဒေသအနှံ့အပြားတွင် ရှိကြသည်။  ပရဟိတလုပ်ငန်း   လုပ်ကိုင် သူတို့၏ ရည်ရွယ်ချက်များမှာ  လူမှုဒုက္ခကျရောက်နေသူများအတွက် လိုအပ်သော  ကူညီမှုများကို  လုပ်ကိုင်ပေးကာ     ဒုက္ခနှင့်   သောက တို့ကို ပြေပျောက်စေရေးဖြစ်သည့်အတွက်  ပရဟိတလုပ်ငန်းဟူသည်

ပရိတ်အရံအတားနှင့် ကပ်ရောဂါ

မြတ်စွာဘုရားရှင်လက်ထက် ဝေသာလီပြည်တွင် အနာရောဂါ ဘေး၊ ဘီလူးသရဲတို့၏ ဘေး၊       ငတ်မွတ်   ခေါင်းပါးခြင်းဘေး  ဟူသော ဘေးအန္တရာယ်ကြီးသုံးမျိုး ကျရောက်ခဲ့သည်။ ယင်းဘေးအန္တရာယ်ကြီး များမှ လွတ်မြောက်ပါစေခြင်းအကျိုးငှာ ဝေသာလီပြည် လိစ္ဆဝီမင်း တို့က  ဂင်္ဂါမြစ်တစ်ဖက်ကမ်းတွင်ရှိပြီး  ရှစ်ယူဇနာကွာဝေးသော ရာဇဂြိုဟ်ပြည်တွင်  သီတင်းသုံးနေသည့် မြတ်စွာဘုရားကို ရာဇဂြိုဟ် ပြည့်ရှင် ဗိမ္ဗိသာရမင်းကြီးမှတစ်ဆင့် ပင့်ဖိတ်လျှောက်ထားသောအခါ ဘုရားရှင်သည်  ညီတော်အာနန္ဒာနှင့်အတူ ရဟန္တာငါးရာ  ခြံရံ၍ ဝေသာလီပြည်သို့ ကြွချီတော်မူသည်။

 

ရေကြီးရေလျှံသဘာဝအန္တရာယ် ကြိုတင်ပြင်ဆင်ခြင်းဖြင့် ကာကွယ်

ဆိုးရွားပြင်းထန်သည့်   ရာသီဥတုဖြစ်စဉ်များကြောင့်   ကမ္ဘာ့နိုင်ငံ အချို့တွင် သဘာဝဘေးအန္တရာယ်များ  ကျရောက်နေသည်ကို  နိုင်ငံ တကာသတင်းများတွင် တွေ့မြင်ရသည်။  တရုတ်နှင့်  အိန္ဒိယအပါ အဝင် မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများသာမက ဖြစ်တောင့်ဖြစ်ခဲ့  ဥရောပနိုင်ငံအချို့တွင်ပါ ရေကြီးမြေပြိုမှု သဘာဝဘေးများ ကျရောက် ခဲ့ပြီး   ပုံမှန်မဟုတ်သော   ရာသီဥတုဖောက်ပြန်မှုသတင်းများကို တွေ့မြင်ကြားသိရခြင်းဖြစ်သည်။

 

အချိန်နှင့်တစ်ပြေးညီ ပြန်ကြား ပြည်သူ့စိုးရိမ်မှုများ လျှော့ချ

ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမှာ တစ်နေ့ပြီးတစ်နေ့ စံချိန်ချိုး နေသည့်နှယ်  မြင့်တက်လျက်ရှိသည်။  ကူးစက်ရောဂါ၏ သဘော သဘာဝအရ မျိုးဗီဇပြောင်းလဲသည့် ရောဂါပိုးများ ပေါ်ပေါက်လာ ခြင်းနှင့် ပြည်သူများအတွင်း ရောဂါနှင့်အတူ ယှဉ်တွဲနေထိုင်ရသည့် အချိန်ကြာမြင့်လာသည်နှင့်အမျှ သတိလက်လွတ်၊ ပေါ့လျော့စွာ နေထိုင်ခဲ့ခြင်းတို့ကြောင့် ယနေ့ရင်ဆိုင်နေရသော အခြေအနေများ ပေါ်ပေါက်လာရခြင်းဖြစ်သည်။ မည်သို့ပင်ဆိုစေ အများပြည်သူ အလုပ်ပိတ်ရက်ရှည်များ သတ်မှတ်ကြေညာပေးခဲ့ခြင်း၊ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ ထုတ်ပြန်ကြေညာခြင်း၊ ပြည်သူလူထုအတွင်း ရပ်ကွက်ကျေးရွာများ အရောက် အသိပညာပေးခြင်း အစီအစဉ်မျာ

တရားဦး ဓမ္မစကြာ သံသရာမှ လွတ်မြောက်ရာလမ်း

 

ဂေါတမမြတ်စွာဘုရားရှင်သည် ဘုရားအဖြစ်သို့ ရောက်တော်မူပြီး နောက်  ဓမ္မစကြာဒေသနာတော်ကို  ပဉ္စဝဂ္ဂီငါးဦးတို့အား  ဝါဆို လပြည့်နေ့တွင် မိဂဒါဝုန်တော၌ ဟောကြားတော်မူခဲ့သည်။ မြန်မာ တို့က မိဂဒါဝုန်ဟု   ခေါ်ကြသည့်  မိဂဒါယသည်  သားသမင်တို့အား ဘေးမဲ့ပေးရာ  အရပ်ဖြစ်ပြီး  ဣသိပတနဟု၍လည်း   ခေါ်ကြသည့် နေရာဖြစ်သည်။

Subscribe to မြန်မာ့အလင်းအယ်ဒီတာအာဘော်