ဂရုတစိုက် ဆက်လက်လိုက်နာ
ဦးစားပေးအစီအစဉ်အလိုက် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှုများ စတင်ဆောင်ရွက်နေပြီဖြစ်သည်။ တစ်ဖက်တွင်လည်း ကိုဗစ်- ၁၉ ကူးစက်ရောဂါ ကူးစက်ပျံ့နှံ့မှုအရှိန်အဟုန် လျော့နည်းလာသည့် လက္ခဏာများကို တွေ့ရသည်။ မီဒီယာများတွင် တွေ့ရသည့် ကိန်းဂဏန်းများအရ ယင်းသို့ ခန့်မှန်းခြင်းဖြစ်သော်လည်း အမှန် နှင့် မည်မျှနီးစပ်မည်ကို မသိနိုင်။ လက်ရှိအခြေအနေတွင်မူ အတည်ပြု နိုင်သည့် ပိုးတွေ့သူ တစ်သိန်းလေးသောင်းကျော်ရှိပြီး ရောဂါကြောင့် သေဆုံးသူ သုံးထောင်ကျော်ရှိနေကာ နေ့စဉ် ဆယ်ဂဏန်းအရေ အတွက်နှင့် တိုးတက်နေလျက်ရှိသည်။



