မြန်မာ့အလင်းအယ်ဒီတာအာဘော်

ငွေကုန်ကြေးကျလည်းသက်သာ ကျန်းမာရေးနှင့်လည်းကိုက်ညီ

မြန်မာနိုင်ငံတွင် သေဆုံးသူ ၁၀၀ လျှင် ၅၉ ဦးသည် မကူးစက် နိုင်သောရောဂါများကြောင့်     သေဆုံးရခြင်းဖြစ်သည်ဟု ဆိုသည်။   မကူးစက်နိုင်သောရောဂါများ   ဖြစ်ပေါ်ရခြင်းမှာ   ကျန်းမာရေးနှင့်မညီညွတ်သော  အစားအစာများ စားသောက် ခြင်းနှင့် ကျန်းမာရေးနှင့်   မညီညွတ်သော လူမှုဘဝနေထိုင်မှု ပုံစံများတွင် နှစ်ရှည်လများ နေထိုင်ခြင်းတို့ကို အကြောင်း ရင်းခံသည်။ မကူးစက်နိုင်သော ရောဂါများအနက်  သွေးတိုး၊ နှလုံးသွေးကြောကျဉ်း၊ ကင်ဆာ၊ လေဖြတ် စသောရောဂါများ ပါဝင်ပြီး ၎င်းတို့မှာ မြန်မာနိုင်ငံတွင် အဖြစ်များသော ရောဂါ များလည်းဖြစ်သည်။

အထက်တန်းသို့ တက်လှမ်းနိုင်မည့်ဩဝါဒ

သက္ကရာဇ် ၁၀၃ ခုနှစ် တပို့တွဲလပြည်နေ့။ ထို‌နေ့သည် ဗုဒ္ဓဘုရားရှင်    ပွင့်တော်မူပြီးနောက်   ကိုးလတင်းတင်း ပြည့်သည့်နေ့ဖြစ်ပြီး ထိုနေ့တွင် မဇ္စျိမဒေသ၊ မဂဓတိုင်း ရာဇဂြိုဟ်မြို့ ဝေဠုဝန်ကျောင်းတော်ကြီး၌  ဗုဒ္ဓဘာသာ သမိုင်းတွင် ပထမဆုံးအကြိမ် သံဃသန္နိပါတ  သံဃာ့အစည်း အဝေးကြီးကို  ကျင်းပခဲ့သည်။ အဆိုပါ  အစည်းအဝေးကြီး သည် ဆီးနှင်း မြူတိမ် အသူရိန် မီးခိုး  အညစ်အကြေး ငါးမျိုးကင်းစင်ကာ သန့်ရှင်းကြည်လင်သည့် လပြည့်နေ့ ဖြစ်ခြင်း၊ ကိလေသာအညစ်အကြေးကင်းစင်သည့် ရဟန္တာ ကြီး ၁၂၅၀ တို့ မဖိတ်မကြားဘဲ စုဝေးမိခြင်း၊ အားလုံးသော ရဟန္တာကြီးများမှာ ဧဟိဘိက္ခုချည်းသာ ဖြစ်တော်မူခြင်း၊ အားလုံးသော ရဟန္တာကြီးများမှာ  အဘိဉာဏ် ခြောက

သန့်ရှင်းသည့် သောက်သုံးရေ ရရှိရေး

သန့်ရှင်းသည့်   သောက်သုံးရေဟူသည်   အနည်အမှုန် ကင်းစင်သော၊  ရောဂါပိုးမွှားကင်းစင်သော၊  အရောင် အဆင်းအနံ့အရသာ  ကင်းစင်သော၊   ဓာတ်သတ္တုများ ပါဝင်သင့်သည့်   ပမာဏထက်မပိုသော   ရေဖြစ်သည်။ ရောဂါပိုးပါသည့်ရေကို    သောက်သုံးမိပါက   ဝမ်းပျက် ဝမ်းလျှော၊ အူရောင်ငန်းဖျား၊ ကာလဝမ်း၊ အသည်းရောင် အသားဝါ၊   ပိုလီယိုကဲ့သို့သော   ဝမ်းနှင့်ပတ်သက်သည့် ရောဂါများ ဖြစ်ပွားနိုင်သည်။ သန့်ရှင်းသော သောက်သုံး ရေ မသုံးစွဲရသည့်အတွက် ကမ္ဘာပေါ်တွင် ၂၁ စက္ကန့်တိုင်း၌ ကလေးတစ်ဦးသေဆုံးနေပြီး     မြန်မာနိုင်ငံတွင်လည်း နှစ်စဉ်ကလေးငယ် ၄၀၀၀၀ ခန့်     အသက်ဆုံးရှုံးနေရာ သန့်ရှင်းသော‌   သောက်သုံးရေရရှိရေးမှာ   လွန်စွာ အရေးကြီးသည်။ 

မေတ္တာနှလုံး ကိုယ်စီသုံး

ရဟန်းတို့ စိတ်၏ကိလေသာမှ ထွက်ကြောင်းဖြစ်သော မေတ္တာကို မှီဝဲအပ်သည်ရှိသော်၊ ပွားစေအပ်သည်ရှိသော်၊ အကြိမ်များစွာ ပြုအပ်သည်ရှိသော်၊ စီးသောယာဉ်ကဲ့သို့ ပြုအပ်သည်ရှိသော်၊ တည်ရာကဲ့သို့ ပြုအပ်သည်ရှိသော်၊ မေတ္တာမှ မကွာစေအပ်သည် ရှိသော်၊ လေ့ကျက်အပ် သည် ရှိသော်၊ ကောင်းစွာ အားထုတ်အပ်သည်ရှိသော်၊ တစ်ဆယ့်တစ်ပါးကုန်သော အကျိုးဆက်တို့ကို အလိုရှိ အပ်ကုန်၏ဟူ၍ ဗုဒ္ဓမြတ်စွာဘုရားက ဟောကြားခဲ့ ကြောင်း အင်္ဂုတ္တရနိကာယ် ဧကာဒသနိပါတ်တွင် ဖော်ပြ ထားသည်။ မေတ္တာတရားကို ပွားများရခြင်း၏ အကျိုး ၁၁ ပါး တို့မှာ ချမ်းသာစွာအိပ်စက်ရခြင်း၊ ချမ်းသာစွာနိုးထရ ခြင်း၊ မကောင်းသောအိပ်မက်ကို မမြင်မက်ရခြင်း၊ လူတို့၏ ချစ်ခြင်းကိုခံယူရ

ချင့်ချိန်စဉ်းစား

“ ခလုတ်တစ်ချက်မနှိပ်ခင် စဉ်းစားပါ။ မမျှဝေခင် စဉ်းစားပါ။ COVID-19 နဲ့ပတ်သက်တဲ့သတင်းအချက်အလက်အမှားတွေ၊ မယုံကြည်မှုတွေ၊ ထိတ်လန့်မှုတွေစတဲ့ အကြောင်းအရာအများ ကြီးပျံ့နှံ့နေပါတယ်။” ဖော်ပြပါစာသားများမှာ COVID-19 ဆိုင်ရာ သတင်းအချက် အလက်များနှင့်စပ်လျဉ်း၍ အများပြည်သူကို ပညာပေးဆော်ဩ ထားသည့် ပိုစတာတစ်ခုမှဖြစ်သည်။ ထို့အပြင် “မှန်ကန်တဲ့ သတင်းအချက်အလက်တွေက လူတွေရဲ့အသက်ကို ကယ်ဆယ် နိုင်ပါတယ်။” “ကျွမ်းကျင်သူပညာရှင်အတုများကို သတိပြုပါ။ သတင်းအချက်အလက်တွေကို ကြိုးကိုင်ခြယ်လှယ်ဖို့ ကျွမ်းကျင် သူပညာရှင်အတုတွေကို မကြာခဏအသုံးချလေ့ရှိပါတယ်။” “လုပ်ကြံသတင်းလား သို့မဟုတ် သတင်းအမှားလား ခြားနားမှု ကို သိပါ” စသည့် ပိုစ

နိုင်ငံသားနှင့် နိုင်ငံရေး

လောက၏ကောင်းကျိုးကို ဆောင်ရွက်ခြင်း၊ မိမိအမျိုးအနွယ် လူမျိုး၏ အကျိုးကို ဆောင်ရွက်ခြင်း၊ မိမိကိုယ်ကို ပျိုးထောင် မြှင့်တင်ခြင်းတို့က လူဖြစ်ရခြင်း၏ အနက်အဓိပ္ပာယ်အနှစ်သာရ ဖြစ်သည်။ လောကတ္ထစရိယ၊ ဉာတတ္ထစရိယနှင့် ဗုဒ္ဓတ္ထစရိယဟူ၍ လည်း သိကြသည့် အထက်ပါ စရိယသုံးပါးတို့ကို ဗုဒ္ဓသည် လည်းကောင်း၊ တပည့်သား သံဃာတော်များသည်လည်းကောင်း ကိုယ်တိုင်ဖြည့်ကျင့်ခဲ့ကြသကဲ့သို့ လောကလူသားတို့ကိုလည်း လမ်းညွှန်ပြသတော်မူခဲ့ကြသည်။ လူသည် လူအဖြစ်ကို ရရှိလာကတည်းက မိမိကိုယ်တိုင် အတွက်သာမက မိမိဝန်းကျင်၊ မိမိနိုင်ငံ၊ မိမိလူမျိုးတို့အတွက်ပါ တာဝန်ရှိသည်။ သည့်ထက်ပို၍ဆိုရလျှင် လူ့လောကကြီး တစ်ခုလုံးအတွက်ပါ တာဝန်

ခေတ်အဆက်ဆက် မြန်မာ့နိုင်ငံခြားရေးမူဝါဒ

မြန်မာနိုင်ငံသည် လွတ်လပ်ရေးရပြီးနောက် ကမ္ဘာ့အသိုင်း အဝိုင်းအတွင်းသို့ စတင်ဝင်ရောက်ချိန်မှစ၍ ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒကို ချမှတ်ကျင့်သုံးခဲ့သည်။ နိုင်ငံများအနေဖြင့် မိမိတို့၏ အကျိုးစီးပွားကိုရှေးရှု၍ နိုင်ငံခြားရေးမူဝါဒများကို ချမှတ်ကြရာတွင် မိမိတစ်နိုင်ငံတည်း သီးခြားရပ်တည်မည်လော၊  နိုင်ငံအုပ်စုတစ်ခုခုတွင် ဝင်ရောက်ပူးပေါင်းမည်လော၊ ဘက် မလိုက်သည့်အုပ်စုတွင်း ဝင်မည်လော စသည်ဖြင့် မိမိနိုင်ငံ အခြေ အနေနှင့် ကိုက်ညီမည့် မူဝါဒတစ်ရပ်ရပ်ကို ရွေးချယ်ကြရသည်။

ဝန်ထမ်းနှင့် စည်းကမ်း

 

နိုင်ငံတော်ယန္တရားရပ်ဆိုင်းသွားခဲ့လျှင်  ဘာတွေဖြစ်လာနိုင် သနည်း။ အကျဉ်းဆုံးဖြေရလျှင် တိုင်းပြည်ပျက်စီးသွားလိမ့်မည် ဖြစ်သည်။ တရားဥပဒေစိုးမိုးမှု ပျက်ပြားခြင်း၊ နိုင်ငံသူနိုင်ငံသား တို့၏ အသက်အိုးအိမ်စည်းစိမ်များ လုံခြုံမှုပျက်ပြားခြင်း၊ စီးပွား ရေး၊ လူမှုရေး၊ ပညာရေး စသည့်ကဏ္ဍအသီးသီးတို့ပြိုကွဲပျက်စီး ခြင်းတို့အပါအဝင် ဖြစ်ပေါ်လာမည့် အနိဋ္ဌာရုံများစွာတို့မှာ ရေးပြ၍ မကုန်နိုင်ဖွယ်ရှိလိမ့်မည်။

ဝန်ထမ်းနှင့် ကျင့်ဝတ်

 

ဝန်ထမ်းကောင်းမှ   နိုင်ငံကောင်းမည်။   နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး အတွက်   အဓိကအကောင်အထည်ဖော်ကြရသူများမှာ   နိုင်ငံ့ ဝန်ထမ်းများဖြစ်ကြသည့်အလျောက် အရည်အသွေးမြင့်မားသော ဝန်ထမ်းများ     ဖြစ်ကြစေဖို့လိုသည်။    လုပ်ငန်းကျွမ်းကျင်၍ တာဝန်ကျေပွန်သူ၊ ဥပဒေ စည်းမျဉ်းစည်းကမ်းများကို လိုက်နာသူ၊ ကျင့်ဝတ်များကို  စောင့်ထိန်း၍  ကိုယ်ကျင့်တရား ကောင်းမွန် သူများဖြစ်လာအောင်   ဝန်ထမ်းအဖွဲ့အစည်းများအတွင်း   ပြုစု ပျိုးထောင်လေ့ကျင့်မှုတို့ မဖြစ်မနေ လိုအပ်သည်။

စည်းကမ်းနှင့် လူ့ဘောင်

 

စိတ်ကောင်းရှိဖို့က ပထမ၊ ဝိနည်းလေးစားဖို့က ဒုတိယ၊ ကျန်းမာဖို့က တတိယ၊ သန့်ရှင်းဖို့က စတုတ္ထ၊ အဝတ်အစားဝတ်တတ်ဖို့က ပဉ္စမ၊ အနေအထိုင်တတ်ဖို့က ဆဋ္ဌမ၊ အပြောအဆို တတ်ဖို့က သတ္တမ၊ အသွားအလာတတ်ဖို့က အဋ္ဌမ၊   စည်းကမ်းလိုက်နာဖို့က နဝမ၊ စာတတ်ဖို့က ဒသမဟူသော  ဩဝါဒလမ်းစဉ် (၁၀) ချက်ကို အမရပူရ မြို့ မဟာဂန္ဓာရုံကျောင်းတိုက်ရှိ တပည့်သား သံဃာများ လိုက်နာကြ ရန် ကျေးဇူးတော်ရှင် ဆရာတော်ကြီး အရှင်ဇနကာဘိဝံသက  ချမှတ် ခဲ့ရာ ယနေ့တိုင် တပည့်သားသံဃာအဆက်ဆက်တို့က လိုက်နာ ကျင့်သုံးခဲ့သည့်အတွက် မဟာဂန္ဓာရုံကျောင်းသည် ပြည်တွင်းမှာ သာမက ပြည်ပသို့တိုင်အောင် ထင်ရှားကျော်ကြားသည်။

Subscribe to မြန်မာ့အလင်းအယ်ဒီတာအာဘော်