အဆိုပါ ဆန္ဒဖော်ထုတ်ပွဲကို အစီအစဉ် (၅) ရပ်ဖြင့် ကျင်းပခဲ့ပြီး စာပေဗိမာန် စာတည်းမှူးချုပ် ဦးတိုးကျော်က အဖွင့်အမှာစကားပြောကြားကာ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပါသည်။ ဆက်လက်၍ ဌာနစိတ်အသီးသီးက တင်ပြရန်ရှိသည်များကို တင်ပြခဲ့ကြပြီးနောက် စာပေဗိမာန်၏ ဆောင်ပုဒ်ဖြစ် သည့် “အမှောင်ခွင်း၍ အလင်းဆောင်အံ့” ဆောင်ပုဒ်ကို (၃) ကြိမ် ဟစ်ကြွေးပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။ အဆိုပါ ဆန္ဒဖော်ထုတ်ပွဲသို့ အရာထမ်း (၂၂) ဦး၊ အမှုထမ်း (၄၅) ဦး၊ စုစုပေါင်း ဝန်ထမ်း (၆၇) ဦး တက်ရောက်ခဲ့ကြပါသည်။