ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနနှင့် အိန္ဒိယနိုင်ငံအစိုးရတို့အကြား စာဆိုဗိမာန်တည်ဆောက်ခြင်းစီမံကိန်း သဘောတူညီချက် (Project Agreement) ပါ JPMC (Joint Project Monitoring Committee) အဖွဲ့၏ ပဉ္စမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ၁၁-၁၂-၂၀၂၅ (ကြာသပတေးနေ့) မွန်းလွဲ ၁ : ၀၀ နာရီတွင် ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန ရုံးချုပ်၌ ကျင်းပခဲ့ပါသည်။
ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်၏ ၂ဝ၂၄ ခုနှစ် အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ဆုနှင်း သဘင်ပွဲ အခမ်းအနားပွဲကို ၂ဝ၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂ဝ ရက် (ကြာသပတေးနေ့) တွင် နေပြည်တော် အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန - ၁ ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

Copyright © 2025. All rights reserved