၄- ၁၂- ၂၀၂၁ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၃)၊ အမှတ် (၄၉) ထွက်ရှိ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်နှင့် အောက် ကလေးငယ်များ ဖတ်ရှုနိုင်ရန်ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၁ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ(၅၃)၊ အမှတ်(၄၉)၌ သူတစ်ပါး၏ လုပ်အားကို အခမဲ့ရယူလိုသော သူဌေးကြီးဦးဘောဂကို ပညာပေးခဲ့သော စားဖိုမှူးမောင်ဉာဏ်အကြောင်းကို ရေးဖွဲ့ထားသည့် “အိုဘယ့်စားတော်ကဲ” မျက်နှာဖုံးဇာတ်လမ်း၊ ကလေးငယ်များ အိမ်တွင် တစ်ယောက်တည်း ကျန်ခဲ့ပါက လူစိမ်းများကို သတိထားဆက်ဆံတတ်စေရန် ရည်ရွယ်၍ ရွှေဖဲ၏ အလွဲများလုပ်တတ်ပုံနှင့် ဟာသနှောကာ တင်ဆက်ထားသည့် “ရွှေဖဲနှင့် ပုံမှားရိုက်ဓားပြ” နှစ်မျက်နှာကာတွန်း၊ သူငယ်ချင်းအချင်းချင်း ပေါင်းသင်း ဆက်ဆံရာ၌ အပေါ်ယံအလှအပကို မကြည့်ဘဲ စိတ်ထားကောင်းသူကိုသာ ပေါင်းသင်းသင့်ကြောင်း ရေးဖွဲ့ထားသည့် “မကျည်းတန်” နှစ်မျက်နှာကာတွန်း၊ အရာရာကို ဆရာကြီးလုပ်ချင်သော ရန်ပိုင်စိုးနှင့် သူ၏ဦးလေးတို့အကြောင်းကို တင်ဆက်ထားသည့် “ရန်ပိုင်စိုး” နှစ်မျက်နှာကာတွန်း၊ အလုပ်တစ်ခုကို လုပ်ဆောင်ရာ၌ အလောတကြီး မလုပ်ဆောင်ဘဲ ဖြည်းဖြည်းမှန်မှန်ဖြင့် အန္တရာယ်ကင်းစွာ ဆောင်ရွက်သင့်ပုံကို ပညာပေးရေးဖွဲ့ထားသည့် “ဖိုးထူး” တစ်မျက်နှာကာတွန်းနှင့် စကားကို ကတ်တီးကတ်ဖဲ့ပြောတတ်သော ဖိုးတစ်တိုနှင့် သူ၏ သူငယ်ချင်းတို့အကြောင်းကို တင်ဆက်ထားသည့် “ဖိုးတစ်တို” မျက်နှာဝက်ကာတွန်းတို့ကို တင်ဆက်ထားပါသည်။

သုတကဏ္ဍတွင် မြန်မာတို့၏ ဒိုးပတ်အကြောင်းကို ဗဟုသုတရဖွယ်ရေးဖွဲ့ထားသည့် “ဒိုးပတ်အကြောင်း သိကောင်းစရာ” သုတဆောင်းပါးကို တင်ဆက်ထားပါသည်။ ထို့ပြင် ကလေးများပေးပို့သော ကာတွန်းများကို ဖော်ပြပေးထားသည့် “ရွှေသွေးတို့လက်ရာ” ကဏ္ဍနှင့် မိခင်ကို လုပ်ကျွေးနေသော အလောင်းတော်ဆင်မင်းအကြောင်းကို အတုယူဖွယ် တင်ဆက်ထားသည့် “မိဘလုပ်ကျွေး ဘေးရန်ဝေး” ပုံပြင်၊ သူငယ်ချင်းအချင်းချင်း သင့်သင့်မြတ်မြတ် နေထိုင်သင့်ကြောင်း တင်ဆက်ထားသည့် “ပြန်လည်သင့်မြတ်လာကြသော သူငယ်ချင်းနှစ်ဦး” ဝတ္ထုနှင့် ကလေးများကို ရွှေသွေးအထူးထုတ် (၂၀၂၂)တွင် ထည့်သွင်းဖော်ပြပေးမည့် ရွှေသွေးတို့လက်ရာ ပန်းချီနှင့် စာစီစာကုံးများ ယှဉ်ပြိုင်နိုင်ရန် ဖိတ်ခေါ်ထားသည့် ကြော်ငြာကဏ္ဍတို့ကိုလည်း ဖော်ပြထားပါသည်။

စာအုပ်စာပေများသည် လူတို့၏ မိတ်ဆွေကောင်းများကဲ့သို့ စာဖတ်သူတို့အား အသိဉာဏ်ဗဟုသုတ တိုးပွားစေနိုင်ကြောင်းကို ရေးဖွဲ့စပ်ဆိုထားသည့် “လူ့မိတ်ဆွေ စာအုပ်” ကဗျာနှင့် noun များ၏ ပိုင်ဆိုင်မှုများ အကြောင်းကို လေ့ကျင့်ခန်းများနှင့်တကွ တင်ဆက်ထားသည့် “ရွှေသွေးအင်္ဂလိပ်သဒ္ဒါ” ကဏ္ဍတို့ကို ထည့်သွင်း ဖော်ပြထားပါသည်။

ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၃၀၀ ကျပ်နှုန်းဖြင့် စာပေဗိမာန် အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း- ၀၁-၃၈၁၄၄၈၊  ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။
 

အကြံပြုစာ/တိုင်ကြားစာ