စာဆိုဗိမာန် အကောင်အထည်ဖော်ဆောင်ရေးအတွက် ပညာရှင်များ၏ အကြံဉာဏ်ရယူခြင်း ညှိနှိုင်း အစည်းအဝေးကျင်းပ

စာဆိုဗိမာန် အကောင်အထည်ဖော်ဆောင်ရေးအတွက် ပညာရှင်များ၏ အကြံဉာဏ်ရယူခြင်း၊ ညှိနှိုင်း အစည်းအဝေးကို ကျောက်တံတားမြို့နယ်၊ ဗိုလ်အောင်ကျော်လမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ (၂၀-၁၂-၂၀၂၁) ရက် နံနက် ၁၀: ၃၀ နာရီက ကျင်းပသည်။

အစည်းအဝေးသို့ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးကိုကိုနိုင်၊ စာပေဗိမာန်စာတည်းမှူးချုပ်ဦးတိုးကျော်နှင့် ဖိတ်ကြားထားသည့် စာပေပညာရှင်များ၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနမှ တာဝန်ရှိသူများတက်ရောက်ကြသည်။

အစည်းအဝေးတွင် ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးကိုကိုနိုင်က စာဆိုဗိမာန်အကောင်အထည်ဖော်ဆောင်ရွက်မည့် အခြေအနေများနှင့် စပ်လျဉ်း၍ ဦးစွာရှင်းလင်း တင်ပြသည်။ ထို့နောက် စာပေပညာရှင်များဖြစ်ကြသည့် ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး)၊ ဦးစိန်လှိုင် (ဆရာကြီးသူရဇော်)၊ ဦးမောင်မောင်ဦး (ဆရာဟိန်းလတ်)၊ ပါမောက္ခကိုကိုအောင် (သိပ္ပံစာရေးဆရာကိုကိုအောင်)၊ ဒေါက်တာသန်းထွဋ် (လင်း-ဆေး ၁)၊ ဦးကြည်ဝင်း (လောကအမွန်)၊ ဦးမောင်လှိုင် (စာတည်းမှူးချုပ်-ငြိမ်း)၊ ဒေါ်မြမြသန်း (မနှင်းဖွေး) တို့က စာဆိုဗိမာန် အကောင်အထည်ဖော် ‌ဆောင်ရွက်ရာတွင် ပါဝင်သည့် အချက်များ၊ ခင်းကျင်းပြသရေးဆိုင်ရာများနှင့်  စပ်လျဉ်း၍ အကြံပြုဆွေးနွေးကြသည်။

ထို့နောက် စာပေဗိမာန် စာတည်းမှူးချုပ် ဦးတိုးကျော်က စာဆိုဗိမာန် စတင်အကောင်အထည်ဖော်ရန် ရည်မှန်းခဲ့သည့် အခြေအနေများ၊ စာဆိုဗိမာန်တွင် ဖွဲ့စည်းတည်ဆောက်သွားမည့် အခင်းအကျင်း များ၊ အကြောင်းအချက်များနှင့် ပတ်သက်၍ အသေးစိတ်ရှင်းလင်းတင်ပြသည်။ 

အစည်းအဝေးအပြီးတွင် တက်ရောက်လာကြသည့် စာပေပညာရှင် ဆရာကြီး၊ ဆရာမကြီးများက စာဆိုဗိမာန်အကောင်အထည်ဖော်ဆောင်ရွက်ရန် လျာထားသည့် အခန်းဖွဲ့စည်းမှုများကို ပတ်သက်၍ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သတင်းရရှိသည်။

01
02-2

1-90

2-74

3-42

4-15

5-7

6-7

8-2

9-1

10-0

11

12

13

အကြံပြုစာ/တိုင်ကြားစာ